Saturday, June 13, 2026

ပုဂံဒေသက ရှားပါးနံရံဆေးရေးပန်းချီလက်ရာရှိ အဆောက်အုံများကို အသေးစိတ်မှတ်တမ်းပြုစုခြင်းဆောင်ရွက်နေ

ကမ္ဘာ့ အမွေအနှစ်  ပုဂံဒေသရှိ နံရံဆေးရေး ပန်းချီများကို မသမာသူများက ခိုးယူခြင်း၊ သဘာဝ‌ဘေးကျရောက်ခြင်းနှင့် လူတို့၏ ဖျ-က်ဆီးခြင်းကြောင့် ပျ-က်ဆီးမှုများ နေ့စဉ်နှင့်အမျှ ဖြစ်ပေါ်နေကြောင်း ...

စားအုန်းဆီသိုလှောင်ကန်များ လုံခြုံရေးနှင့် အရေးပေါ်တုံ့ပြန်နိုင်ရေး ကွင်းဆင်းစစ်ဆေး

စားအုန်းဆီသိုလှောင်ကန်များ၏ လုံခြုံရေးနှင့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာပါက အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများကို သက်ဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာဌာနများနှင့်...

​နေပြည်တော်၊ ပဲခူးနှင့် ရန်ကုန်ရှိ ကျောင်းများအတွက်...

မြန်မာ့ဘောလုံးလောက၏ အနာဂတ်မျိုး ဆက်သစ် ကျောင်းသား၊ ကျောင်းသူများကို မြေတောင်မြှောက်ပေးမည့် FIFA Football for Schools အစီအစဉ် မိတ်ဆက်ခြင်းနှင့် ဘောလုံးလွှဲပြောင်းပေးအပ်ပွဲ...

နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းရန် အမြဲတောင်းဆိုခဲ့ပြီး ဖြစ်နိုင်သည့်ကိစ္စများကို...

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) တို့ ယမန်နေ့ က နေပြည်တော်တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။ NSPNC ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က “...
HomeNewsLocal Newsရွှေစက်တော် ဘုရားပွဲလာပြည်သူများ ဘေးကင်းစေရေး...

ရွှေစက်တော် ဘုရားပွဲလာပြည်သူများ ဘေးကင်းစေရေး ဆောင်ရွက်ထား

ရှေ့လတွင် စတင်ကျင်းပမည့် မကွေးတိုင်းဒေသကြီး မင်းဘူး (စကု) မြို့နယ်ရှိ ရွှေစက်တော်ဘုရားပွဲအတွက် ခရီးသွားဘုရားဖူးပြည်သူများ ဘေးကင်းစေရန် စီမံဆောင်ရွက်ထားပြီး လုံခြုံရေးများလည်းတိုးမြှင့်ချထားမည်ဖြစ်ကြောင်း မန်းရွှေစက်တော်ရာဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။

“အသေးစိတ်တော့ ပြောလို့အဆင်မပြေဘူးနော်၊ မနှစ်ကထက် လုံခြုံရေးအင်အားပိုများပြီး ဘုရားပွဲ အဆင်ပြေအောင်မြင်စွာ ပြီးမြောက်နိုင်ဖို့ စီစဉ်ထားကြပါတယ်” ဟု မန်းရွှေစက်တော်ရာဘုရား ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် ရွှေစက်တော် ဘုရားအနီး၌ အေးအေးချမ်းချမ်းရှိသည့်အပြင် ယခုကတည်းကပင် နယ်ဝေးဘုရားဖူးသူများလည်း လာရောက်မှုရှိနေကြောင်း ၎င်းက ဆိုသည်။

ရွှေစက်တော်ဘုရားပွဲကို ဖေဖော်ဝါရီ (၂)ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်ပြီး ဧပြီလ (၁၇) ရက်အထိ (၇၅) ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်သည်။

အနယ်နယ်အရပ်ရပ်မှ လာရောက်ကြမည့် ဘုရားဖူးပြည်သူများအတွက် အခန်း (၆၀၀) ကျော်ပါသည့် တည်းခိုခန်း (၅၄) လုံး ၊ ဈေးဆိုင်ခန်း (၈၀၀) ကျော် ဆောက်လုပ်ထားပေးမည်ဖြစ်ကြောင်းလည်း သိရသည်။

နှစ်စဉ် အစဉ်အလာမပြတ် ကျင်းပမြဲဖြစ်သည့် မန်းရွှေစက်တော်ရာ ဘုရားပွဲကို ၂၀၂၄ ခုနှစ်ကလည်း ၆၄ ရက်ကြာ ကျင်းပခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပုဂံဒေသက ရှားပါးနံရံဆေးရေးပန်းချီလက်ရာရှိ အဆောက်အုံများကို အသေးစိတ်မှတ်တမ်းပြုစုခြင်းဆောင်ရွက်နေ

ကမ္ဘာ့ အမွေအနှစ်  ပုဂံဒေသရှိ နံရံဆေးရေး ပန်းချီများကို မသမာသူများက ခိုးယူခြင်း၊ သဘာဝ‌ဘေးကျရောက်ခြင်းနှင့် လူတို့၏ ဖျ-က်ဆီးခြင်းကြောင့် ပျ-က်ဆီးမှုများ နေ့စဉ်နှင့်အမျှ ဖြစ်ပေါ်နေကြောင်း  သိရသည်။ ထိုကြောင့် စနစ်တကျ မှတ်တမ်းပြုစုခြင်းနှင့် နံရေးဆေးရေးပန်းချီရှိသည့် ရှေးဟောင်းအဆောက်အုံများကို အဆင့်သတ်မှတ်ခြင်း ဆောင်ရွက်ထားပြီး နှစ်စဉ် ဦးစားပေးအလိုက် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်‌နေကြောင်း သိရသည်။ ပုဂံဒေသရှိ ရှားပါးအနုလက်ရာများဖြစ်သည့် နံရံဆေးရေးပန်းချီများနှင့် အင်္ဂတေပန်းလက်ရာများကို အသေးစိတ်မှတ်တမ်းပြုစုခြင်းနှင့် သုတေသနလုပ်ငန်းများကို ဆောင်ရွက်နေခြင်း ဖြစ်သည်။ ယခုနှစ်အတွင်း ရှားပါးနံရံဆေးရေးပန်းချီလက်ရာရှိသည့် ရှေးဟောင်း အဆောက်အအုံ ၅ ဆူကို ရွေးချယ်ဆောင်ရွက်မည်ဖြစ်ပြီး...

စားအုန်းဆီသိုလှောင်ကန်များ လုံခြုံရေးနှင့် အရေးပေါ်တုံ့ပြန်နိုင်ရေး ကွင်းဆင်းစစ်ဆေး

စားအုန်းဆီသိုလှောင်ကန်များ၏ လုံခြုံရေးနှင့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာပါက အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများကို သက်ဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာဌာနများနှင့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများသည် ကြည့်မြင်တိုင်မြို့နယ်နှင့် သန်လျင်မြို့နယ်ရှိ စားအုန်းဆီသိုလှောင်ကန်များသို့ သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။ ထိုသို့ စစ်ဆေးရာတွင် စားအုန်းဆီသိုလှောင်ကန်များ၏ လုံခြုံရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အစီအမံများ၊ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက အရေးပေါ်တုံ့ပြန်နိုင်ရေး ပြင်ဆင်ထားရှိမှုများနှင့် သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်နေမှု အခြေအနေများအား အသေးစိတ် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ထို့ပြင် တာဝန်ရှိသူများက လုပ်ငန်းခွင်အတွင်း...

​နေပြည်တော်၊ ပဲခူးနှင့် ရန်ကုန်ရှိ ကျောင်းများအတွက် FIFA က လှူဒါန်းသည့် ဘောလုံး ၁၁,၀၀၀ ကျော် လွှဲပြောင်းပေးအပ်​​

မြန်မာ့ဘောလုံးလောက၏ အနာဂတ်မျိုး ဆက်သစ် ကျောင်းသား၊ ကျောင်းသူများကို မြေတောင်မြှောက်ပေးမည့် FIFA Football for Schools အစီအစဉ် မိတ်ဆက်ခြင်းနှင့် ဘောလုံးလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားများကို နေပြည်တော်၊ ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။ ​အဆိုပါ အစီအစဉ်အရ နေပြည်တော် ပြည်ထောင်စုနယ်မြေ အပါအဝင် တိုင်းဒေသကြီး ၂ ခုရှိ အခြေခံပညာကျောင်းများအတွက် FIFA က လှူဒါန်းသည့် Adidas Size-4 ဘောလုံးအလုံးရေ ၁၁,၀ ၀၀ ကျော်ကို သက်ဆိုင်ရာ ပညာရေးမှူးရုံးများနှင့် ကျောင်းတာဝန်ရှိသူများထံ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071