ကမ္ဘာ့ အမွေအနှစ် ပုဂံဒေသရှိ နံရံဆေးရေး ပန်းချီများကို မသမာသူများက ခိုးယူခြင်း၊ သဘာဝဘေးကျရောက်ခြင်းနှင့် လူတို့၏ ဖျ-က်ဆီးခြင်းကြောင့် ပျ-က်ဆီးမှုများ နေ့စဉ်နှင့်အမျှ ဖြစ်ပေါ်နေကြောင်း သိရသည်။
ထိုကြောင့် စနစ်တကျ မှတ်တမ်းပြုစုခြင်းနှင့် နံရေးဆေးရေးပန်းချီရှိသည့် ရှေးဟောင်းအဆောက်အုံများကို အဆင့်သတ်မှတ်ခြင်း ဆောင်ရွက်ထားပြီး နှစ်စဉ် ဦးစားပေးအလိုက် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။
ပုဂံဒေသရှိ ရှားပါးအနုလက်ရာများဖြစ်သည့် နံရံဆေးရေးပန်းချီများနှင့် အင်္ဂတေပန်းလက်ရာများကို အသေးစိတ်မှတ်တမ်းပြုစုခြင်းနှင့် သုတေသနလုပ်ငန်းများကို ဆောင်ရွက်နေခြင်း ဖြစ်သည်။
ယခုနှစ်အတွင်း ရှားပါးနံရံဆေးရေးပန်းချီလက်ရာရှိသည့် ရှေးဟောင်း အဆောက်အအုံ ၅ ဆူကို ရွေးချယ်ဆောင်ရွက်မည်ဖြစ်ပြီး ငဖုန်းသင်ယောင်ဂူဘုရား (ဘုရားငယ်တစ်ဆူ) တွင် ဆောင်ရွက်နေခြင်းဖြစ်သည်။
၁၃ရာစုလက်ရာဖြစ်ပြီး အဆိုပါ ဂူဘုရားအတွင်းတွင် မင်စာတစ်ခုအပေါ် အစွဲပြု၍ အမည်သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ဘုရားအတွင်းဘက်တွင် စက်ဝန်းပန်းချီးများအပါအဝင် အခြားပြန်းချီးများ ရေးဆွဲထားကြောင်း သိရသည်။
ကျမ်းဂန်လာ ဒေသနာတော်များကို ဖော်ညွှန်းရေးဆွဲထားပြီး စကြဝဠာတည်ရှိပုံနှင့် ဗုဒ္ဓ၏ စာပေများကို ရေးဆွဲထားခြင်းဖြစ်ပြီး ရေရှည်တည်တံစေရန် သုတေသနလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။
