Monday, July 13, 2026

စစ်ကိုင်းမြို့ရှိ ဧရာဝတီမြစ်အတွင်း ညစ်ညမ်းပစ္စည်းများစွန့်ပစ်မှုမရှိစေရေးစစ်ဆေး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ရှိ ဧရာဝတီမြစ်အတွင်းသို့ ညစ်ညမ်းပစ္စည်းများစွန့်ပစ်မှုမရှိစေရေးအတွက် ခရိုင်/မြို့နယ်တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ယနေ့ ဇူလိုင် ၁၃ ရက်နံနက်ပိုင်းတွင် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်၌ မော်တော်ဘုတ်များဖြင့်...

ငဝန်မြစ်ရေမြင့်တက်လာချိန် ပုသိမ်မြို့တော်ခန်းမရှေ့ရေကျော်မှုမရှိစေရန် သဲအိတ်များဖြင့်ကာရံ

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဧရာဝတီတိုင်းရှိ ငဝန်မြစ်ရေမြင့်တက်လာချိန်တွင် ပုသိမ်မြို့၊ မြို့တော်ခန်းမရှေ့ရေကျော်မှုမရှိစေရန် ယနေ့ ဇူလိုင် ၁၃ ရက်နံနက် ၁၁ နာရီခန့်က သဲအိတ်များဖြင့်ကာရံခဲ့ကြကြောင်း သိရသည်။ ပုသိမ်မြို့၊...

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် မိုဘိုင်းစခန်းအသစ် ၂၇...

ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ပြည်သူများ ဆက်သွယ်ရေး ပိုမိုကောင်းမွန်လာစေရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် (၈)ခုတွင်  မိုဘိုင်းစခန်းအသစ် ၂၇ ခု တိုးချဲ့ဖွင့်လှစ်ခြင်းနှင့်...

ဘားအံ၊ ဘီးလင်းနှင့် မဒေါက်မြို့တို့တွင် မြစ်ရေစိုးရိမ်မှတ်ထက်...

ဘားအံမြို့နယ်၊ ဘီးလင်းမြို့နယ်နှင့် မဒေါက်မြို့တို့တွင် မြစ်ရေများ စိုးရိမ်မှတ်သို့ ရောက်ရှိခြင်းနှင့် စိုးရိမ်မှတ်ထက် ကျော်လွန်ခြင်းများ ဖြစ်ပေါ်နေသဖြင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းတွင် နေထိုင်ကြသူများ အထူးသတိပြု...
HomeNewsLocal Newsရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်မှုများတွင် အသုံးပြုခဲ့သည့်...

ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်မှုများတွင် အသုံးပြုခဲ့သည့် တရားမဝင်လူနေအဆောက်အအုံ ၇၂ လုံး ဖြိုချဖျက်ဆီးပြီးဖြစ်ကာဖျက်ဆီးရန် (၅)လုံးသာကျန်ရှိ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို အခြေချလုပ်ကိုင်ခဲ့သည့် တရားမဝင် အဆောက်အအုံများအား အပြီးတိုင်ဖြိုချဖျက်ဆီးခြင်းနှင့် စနစ်တကျဖျက်ဆီးခြင်းလုပ်ငန်းများကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ က  ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင် ကိုးထပ်အဆောက်အအုံတစ်လုံးအား ထပ်မံ၍ စနစ်တကျ မိုင်းခွဲဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အဆောက်အအုံ ၇၇ လုံးအနက် ယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၅၇ လုံးနှင့် ဖောက်ခွဲ၍ ဖျက်ဆီးမည့် အဆောက်အအုံ ၂၀ ဟု အဆောက်အအုံအမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ကာ စနစ်တကျ ဖြိုချဖျက်ဆီးလျက်ရှိသည်။

ဖောက်ခွဲဖျက်ဆီးရန် သတ်မှတ်ထားသည့် အဆောက်အအုံ ၂၀ အနက်မှ ကိုးထပ်အဆောက်အအုံတစ်လုံးကို စနစ်တကျထပ်မံ၍ မိုင်းခွဲဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များအနေဖြင့် ယနေ့အထိ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် တရားမဝင် အဆောက်အအုံ စုစုပေါင်း ၇၂ လုံးအား စနစ်တကျ ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်းနှင့် ပျက်ဆီးရန် ကျန်ရှိသည့် တရားမဝင် အဆောက်အအုံ ၅ လုံးကိုလည်း ထပ်မံဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စစ်ကိုင်းမြို့ရှိ ဧရာဝတီမြစ်အတွင်း ညစ်ညမ်းပစ္စည်းများစွန့်ပစ်မှုမရှိစေရေးစစ်ဆေး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ရှိ ဧရာဝတီမြစ်အတွင်းသို့ ညစ်ညမ်းပစ္စည်းများစွန့်ပစ်မှုမရှိစေရေးအတွက် ခရိုင်/မြို့နယ်တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ယနေ့ ဇူလိုင် ၁၃ ရက်နံနက်ပိုင်းတွင် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်၌ မော်တော်ဘုတ်များဖြင့် လိုက်လံစစ်ဆေးခဲ့ကြသည်။ သန့်စင်ခန်းများဆောက်လုပ်၍ ဧရာဝတီမြစ်အတွင်း အညစ်အကြေးများ၊ အမှိုက်သရိုက်များနှင့် ညစ်ညမ်းစေသည့်ပစ္စည်းများစွန့်ပစ်မှုမရှိစေရေးအတွက်ကြည့်ရှုစစ်ဆေးခဲ့ကြခြင်းဖြစ်သည်။ ထို့ပြင် ဧရာဝတီမြစ်အတွင်း မြစ်ရေမြင့်တက်လာပါက ရေဝင်ရောက်နိုင်သည့် ရပ်ကွက်များ၊ စစ်ကိုင်းမင်းကွန်းလမ်းတွင် မြေထိန်းနံရံတည်ဆောက်နေမှုတို့ကိုလည်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ငဝန်မြစ်ရေမြင့်တက်လာချိန် ပုသိမ်မြို့တော်ခန်းမရှေ့ရေကျော်မှုမရှိစေရန် သဲအိတ်များဖြင့်ကာရံ

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဧရာဝတီတိုင်းရှိ ငဝန်မြစ်ရေမြင့်တက်လာချိန်တွင် ပုသိမ်မြို့၊ မြို့တော်ခန်းမရှေ့ရေကျော်မှုမရှိစေရန် ယနေ့ ဇူလိုင် ၁၃ ရက်နံနက် ၁၁ နာရီခန့်က သဲအိတ်များဖြင့်ကာရံခဲ့ကြကြောင်း သိရသည်။ ပုသိမ်မြို့၊ အမှတ်(၄)ရပ်ကွက်၊ ကမ်းနားလမ်း၊ မြို့ တော်ခန်းမရှေ့တွင် ငဝန်မြစ်ရေမြင့်တက်လာချိန်၌ မြစ်ရေများ ကမ်းနားလမ်းမပေါ်သို့ဖြတ်ကျော်စိမ့်၀င်မှုမရှိစေရေးအတွက် ပုသိမ်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်အတူ သဲအိတ်များဖြင့်တားဆီးကာရံပေးခဲ့ကြကြောင်း သိရသည်။ ငဝန်မြစ်ရေသည် မိုးဇလ၏ ယနေ့ ဇူလိုင် ၁၃ ရက်နံ နက် ၈ နာရီအချိန်ထုတ်ပြန်ချက်အရ ငါးသိုင်းချောင်း မြို့၏ စိုးရိမ်ရေမှတ်အောက် ပေဝက်ခန့်တွင်ရောက်ရှိနေပြီး လာမည့် (၃၆)နာရီအတွင်း မြို့၏စိုးရိမ်ရေမှတ်သို့ရောက်ရှိနိုင်ကြောင်း...

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် မိုဘိုင်းစခန်းအသစ် ၂၇ ခု တိုးချဲ့ဖွင့်လှစ်ခြင်းနှင့် 4G LTE စနစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေ

ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ပြည်သူများ ဆက်သွယ်ရေး ပိုမိုကောင်းမွန်လာစေရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် (၈)ခုတွင်  မိုဘိုင်းစခန်းအသစ် ၂၇ ခု တိုးချဲ့ဖွင့်လှစ်ခြင်းနှင့် မိုဘိုင်းစခန်း ကိုးခုကို 4G LTE စနစ်သို့ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာ နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ဂွေးပင်ရိုးကျေးရွာ၌ မိုဘိုင်းစခန်းသစ် ဖွင့်လှစ်ခြင်းကို ယမန်နေ့က အဆိုပါမိုဘိုင်းစခန်းရှေ့၌ ကျင်းပခဲ့သည်။ သတ်မှတ်ကာလအတွင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ အောင်မြင်စွာတည်ဆောက်ပြီးစီးခဲ့သည့် ၎င်းမိုဘိုင်းစခန်းသစ် ဖွင့်ပွဲသို့ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်၊ နေပြည်တော်ကောင်စီဝင်များ၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071