စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ရှိ ဧရာဝတီမြစ်အတွင်းသို့ ညစ်ညမ်းပစ္စည်းများစွန့်ပစ်မှုမရှိစေရေးအတွက် ခရိုင်/မြို့နယ်တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ယနေ့ ဇူလိုင် ၁၃ ရက်နံနက်ပိုင်းတွင် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်၌ မော်တော်ဘုတ်များဖြင့် လိုက်လံစစ်ဆေးခဲ့ကြသည်။
သန့်စင်ခန်းများဆောက်လုပ်၍ ဧရာဝတီမြစ်အတွင်း အညစ်အကြေးများ၊ အမှိုက်သရိုက်များနှင့် ညစ်ညမ်းစေသည့်ပစ္စည်းများစွန့်ပစ်မှုမရှိစေရေးအတွက်ကြည့်ရှုစစ်ဆေးခဲ့ကြခြင်းဖြစ်သည်။
ထို့ပြင် ဧရာဝတီမြစ်အတွင်း မြစ်ရေမြင့်တက်လာပါက ရေဝင်ရောက်နိုင်သည့် ရပ်ကွက်များ၊ စစ်ကိုင်းမင်းကွန်းလမ်းတွင် မြေထိန်းနံရံတည်ဆောက်နေမှုတို့ကိုလည်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
