အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို အခြေချလုပ်ကိုင်ခဲ့ကြသည့် ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ တရားမဝင်အဆောက်အအုံများအား အပြီးတိုင်ဖြိုချဖျ-က်ဆီးခြင်းများနှင့် လုပ်ငန်းလုပ်ဆောင်ရာတွင် အသုံးပြုခဲ့သည့်ပစ္စည်းများအား စနစ်တကျ ဖျ-က်ဆီးခြင်းများကို ဆောင်ရွက်နေကြောင်း သိရသည်။
ဇွန် ၁၁ ရက်က ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင် ၃ ထပ်လူနေ အဆောက်အအုံ ၄ လုံးကို ထပ်မံ၍ စနစ်တကျ ဖြိုချဖျ-က်ဆီးခဲ့ကြောင်း သိရသည်။
ရွှေကုက္ကိုလ်နယ်မြေအတွင်း၌ အွန်လိုင်းလိမ်လည် လောင်းကစားလုပ်ငန်းများ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အဆောက်အအုံ ၇၇ လုံးအနက် ယာဉ်ယန္တရားများဖြင့် ဖြိုချဖျ-က်ဆီးမည့် အဆောက်အအုံ ၅၇ လုံးနှင့် ဖေ-ာက်ခွဲ၍ ဖျ-က်ဆီးမည့် အဆောက်အအုံ ၂၀ လုံးဟူ၍ အဆောက်အအုံ အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ပြီး စနစ်တကျ ဖြိုချဖျ-က်ဆီးလျက် ရှိကြောင်း သိရသည်။
ဇွန် ၁၁ ရက်တွင် ယာဉ်ယန္တရားဖြင့်ဖြိုချဖျ-က်ဆီးရန် သတ်မှတ်ထားသည့် အဆောက်အအုံ ၅၇ လုံးအနက် ၃ ထပ် လူနေအဆောက်အအုံ ၄ လုံးကို ယာဉ်၊ ယန္တရားများအသုံးပြု၍ စနစ်တကျ ထပ်မံဖြိုချဖျက်ဆီးခဲ့ရာ ယနေ့အထိ စုစုပေါင်း အဆောက်အအုံ ၅၆ လုံးအား စနစ်တကျ ဖြိုချဖျ-က်ဆီးပြီးဖြစ်ကြောင်းနှင့် ဖျ-က်ဆီးရန်ကျန်ရှိသည့် တရားမဝင် အဆောက်အအုံ ၂၁ လုံးကိုလည်း ဆက်လက်၍ စနစ်တကျဖျ-က်ဆီးသွားမည် ဖြစ်ကြောင်း သိရသည်။