Thursday, June 18, 2026

တသက်တာ အမျိုးသားစာပေဆုရှင် ဆရာကြီး ဦးတင်မောင်မြင့်...

အမျိုးသားစာပေဆု ၅ ကြိမ်တိုင်တိုင်ရရှိခဲ့ပြီး၊ ၂၀၁၈ တွင် တသက်တာ အမျိုးသားစာပေဆု ရရှိခဲ့သည့် စာရေးဆရာကြီး ဦးတင်မောင်မြင့်သည် ယနေ့ ဇွန်လ ၁၈...

တရုတ်၏ ကမ္ဘာ့စီးပွားရေးချိတ်ဆက်မှု မဟာဗျူဟာကို ဖော်ဆောင်နေသည့်...

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ရှန်ဟိုင်းမြို့ရှိ လင်းကန်အထူးဒေသ (Shanghai Lingang Special...

နျူကလီးယားလက်နက် လျှော့ချရေးအတွက် ရုရှား၊ တရုတ်တို့နဲ့...

နျူကလီးယားလက်နက်တွေ လျှော့ချရေးအတွက် ရုရှား၊ တရုတ်တို့နဲ့ သဘောတူစာချုပ်တစ်ခု လက်မှတ်ရေးထိုးချင်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောလိုက်ပါတယ်။ လောလောဆယ်မှာ အမေရိကန်ဟာ နျူကလီးယားလက်နက် အများဆုံး ပိုင်ဆိုင်ထားပြီး...

မြန်မာ့အာကာသကဏ္ဍ ဖွံ့ဖြိုးရေးအတွက် တရုတ်နှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရန်...

မြန်မာနိုင်ငံ၏ အာကာသသိပ္ပံနှင့် အာကာသစက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံနှင့် နည်းပညာ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးနှင့် ကျွမ်းကျင်ပညာရှင် လေ့ကျင့်မွေးထုတ်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွားရန် ကြိုဆိုကြောင်း နိုင်ငံတော်သမ္မတ...
HomeMoviesဝါရှင်တန်ရင်ပြင်မြက်ခင်းပြင်ပေါ်တွင်ထရမ့်ပ်ကို ဆန့်ကျင်သည့် အမှတ်အသားကြီးများ...

ဝါရှင်တန်ရင်ပြင်မြက်ခင်းပြင်ပေါ်တွင်ထရမ့်ပ်ကို ဆန့်ကျင်သည့် အမှတ်အသားကြီးများ ရေးဆွဲထား

ဇွန်လ ၁၂ ရက်

ဝါရှင်တန်ဒီစီ မြို့လယ်ရှိ အမျိုးသားရင်ပြင် ၏ မြက်ခင်းပြင်ပေါ်တွင် သမ္မတ ဒေါ်နယ်ထရမ့်ကို ဆန့်ကျင်ကန့်ကွက်မှုများနှင့် ဆက်စပ်နေသည့် “8647” ဂဏန်းအမှတ်အသားကြီးများ ရေးဆွဲထားမှုကို အမေရိကန် ပန်းခြံထိန်းရဲတပ်ဖွဲ့က ကြာသပတေးနေ့တွင် စုံစမ်းစစ်ဆေးမှုတစ်ရပ် စတင်ပြုလုပ်လျက်ရှိကြောင်း သိရသည်။

အမျိုးသားရင်ပြင်ကို စီမံခန့်ခွဲရသည့် ပြည်ထဲရေးဝန်ကြီးဌာန ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယခုဖြစ်စဉ်သည် “စိတ်ဖောက်ပြန်ကာဖျက်ဆီးမှု”ဖြစ်ကြောင်း ဖော်ပြခဲ့ပြီး “သည်းခံခွင့်လွှတ်သွားမည်မဟုတ်” ဟု ပြောကြားခဲ့သည်။

ပြောရေးဆိုခွင့်ရှိသူက သတင်းထုတ်ပြန်ချက်တစ်ခုတွင် “သမ္မတအပေါ် ခြိမ်းခြောက်မှုမှန်သမျှကို ဝန်ကြီးဌာနအနေနဲ့ အလွန်အလေးအနက် သဘောထားပါတယ်၊ ကျွန်တော်တို့ရဲ့ အမေရိကန် ပန်းခြံထိန်းရဲတပ်ဖွဲ့က ဒီဖြစ်စဉ်ကို စုံစမ်းစစ်ဆေးသွားမှာဖြစ်ပြီး တာဝန်ရှိသူတွေကို အရေးယူသွားမှာပါ” ဟု ဆိုသည်။

ထရမ့်ပ်အစိုးရ၏ တရားရေးဝန်ကြီးဌာနက “8647” ဆိုသည့် ဂဏန်းများသည် သမ္မတအပေါ် ခြိမ်းခြောက်မှုမြောက်သည်ဟု ယခင်ကတည်းက အခိုင်အမာဆိုထားသည်။ “86” ၏ အဓိပ္ပာယ်မှာ သတ်ဖြတ်ခြင်း (to kill) ဖြစ်ပြီး၊ “47” မှာ ၄၇ ဆက်မြောက် အမေရိကန်သမ္မတ ဖြစ်လာသည့် ထရမ့်ကို ရည်ညွှန်းခြင်း ဖြစ်သည်။

ထရမ့်၏ နိုင်ငံရေးပြိုင်ဘက်တစ်ဦးဖြစ်ပြီး ပွင့်ပွင့်လင်းလင်း ဝေဖန်လေ့ရှိသူ FBI ညွှန်ကြားရေးမှူးဟောင်း ဂျိမ်းစ် ကိုမေ သည် ကမ်းခြေရှိ ခရုခွံများဖြင့် “8647” ဟု ပုံဖော်ထားသည့် Instagram ပို့စ်တစ်ခု တင်ခဲ့မှုကြောင့် ရီပတ်ဘလစ်ကန် သမ္မတအပေါ် ခြိမ်းခြောက်ခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် ပြီးခဲ့သည့် ဧပြီလက တရားစွဲဆိုခြင်း ခံခဲ့ရသည်။

ကိုမေသည် အဆိုပါ Instagram ပို့စ်အတွက် ထိုစဉ်ကတည်းက ပြန်လည်တောင်းပန်ခဲ့ပြီး သမ္မတကို ခြိမ်းခြောက်ခဲ့ခြင်းမရှိကြောင်း ငြင်းဆိုခဲ့ကာ “အချို့လူတွေက ဒီဂဏန်းတွေကို အကြမ်းဖက်မှုနဲ့ ဆက်စပ်တွေးတောကြလိမ့်မယ်လို့ ကျွန်တော် သတိမထားမိခဲ့ပါဘူး” ဟု ပြောကြားခဲ့သည်။

Ref: ဆော့သ်ချိုင်းနားမောနင်းပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တသက်တာ အမျိုးသားစာပေဆုရှင် ဆရာကြီး ဦးတင်မောင်မြင့် ကွယ်လွန်

အမျိုးသားစာပေဆု ၅ ကြိမ်တိုင်တိုင်ရရှိခဲ့ပြီး၊ ၂၀၁၈ တွင် တသက်တာ အမျိုးသားစာပေဆု ရရှိခဲ့သည့် စာရေးဆရာကြီး ဦးတင်မောင်မြင့်သည် ယနေ့ ဇွန်လ ၁၈ ရက် မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်တွင် ရန်ကုန်မြို့ ပင်လုံဆေးရုံ၌ ကွယ်လွန်သွားကြောင်းသိရသည်။ ဆရာကြီး ဦးတင်မောင်မြင့်ကို ဧရာဝတီတိုင်း၊ ဟင်္သတခရိုင်၊ စစ်ကျွန်းရွာတွင် အဖဦးမောင်ဒွေး၊ အမိဒေါ်ကျော့စိန်တို့က ၁၉၃၆ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့တွင် မွေးဖွားခဲ့သည်။ ရန်ကုန်မြို့၊ ရေကျော် ဦးမောင်မောင် အလွတ်ပညာသင်ကျောင်းတွင် အလယ်တန်းအောင်ပြီး...

တရုတ်၏ ကမ္ဘာ့စီးပွားရေးချိတ်ဆက်မှု မဟာဗျူဟာကို ဖော်ဆောင်နေသည့် လင်းကန်အထူးဒေသသို့ မြန်မာသမ္မတ သွားရောက်လေ့လာ

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ရှန်ဟိုင်းမြို့ရှိ လင်းကန်အထူးဒေသ (Shanghai Lingang Special Area) သို့ သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။ လင်းကန်အထူးဒေသသည် တရုတ်နိုင်ငံက ၎င်း၏ စီးပွားရေးကို ကမ္ဘာနှင့် ပိုမိုချိတ်ဆက်နိုင်ရန် ရည်ရွယ်ဖော်ဆောင်နေသည့် အရေးပါသော စီးပွားရေးနှင့် စက်မှုဖွံ့ဖြိုးရေးဇုန်တစ်ခုဖြစ်ပြီး ပိုမိုမြင့်မားသော တံခါးဖွင့်စီးပွားရေးစနစ်နှင့် နိုင်ငံတကာအဆင့်မီ စီးပွားရေးပတ်ဝန်းကျင်တစ်ရပ် ဖော်ဆောင်ရန် ရည်မှန်းထားကြောင်းသိရသည်။ ပိုမိုနက်ရှိုင်း ကျယ်ပြန့်သော ကဏ္ဍများတွင် ဘက်စုံနှင့် အဆင့်မြင့်မားသော တံခါးဖွင့်ဝါဒ (အပြင်သို့ ပွင့်လင်းစွာ...

နျူကလီးယားလက်နက် လျှော့ချရေးအတွက် ရုရှား၊ တရုတ်တို့နဲ့ သဘောတူညီချက် ရယူလိုကြောင်း ထရန့် ပြောကြား

နျူကလီးယားလက်နက်တွေ လျှော့ချရေးအတွက် ရုရှား၊ တရုတ်တို့နဲ့ သဘောတူစာချုပ်တစ်ခု လက်မှတ်ရေးထိုးချင်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောလိုက်ပါတယ်။ လောလောဆယ်မှာ အမေရိကန်ဟာ နျူကလီးယားလက်နက် အများဆုံး ပိုင်ဆိုင်ထားပြီး ရုရှားကတော့ ဒုတိယနေရာမှာ ရှိနေတယ်လို့ သူက ထောက်ပြပါတယ်။ တစ်ချိန်တည်းမှာပဲ တရုတ်နိုင်ငံကလည်း သူတို့ရဲ့ နျူကလီးယားလက်နက်တွေကို တက်တက်ကြွကြွ တိုးမြှင့်တည်ဆောက်နေပြီး နောက် ၅ နှစ်အတွင်းမှာ သူတို့ (အမေရိကန်နဲ့ ရုရှား) ကို ရင်ပေါင်တန်းနိုင်လာလိမ့်မယ်လို့ ဆိုပါတယ်။ ပြင်သစ်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ G7 ထိပ်သီးအစည်းအဝေး သတင်းစာရှင်းလင်းပွဲမှာ ထရန့်က အခုလို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071