Home Movies SpaceX ကဒေါ်လာ ၁.၇၇ ထရီလျံဖြင့် Nasdaqစျေးကွက်တွင်စတင်ရောင်းချမည်

SpaceX ကဒေါ်လာ ၁.၇၇ ထရီလျံဖြင့် Nasdaqစျေးကွက်တွင်စတင်ရောင်းချမည်

0
91

ဆန်ဖရန်စစ္စကို၊ ဇွန်လ ၁၁ ရက်

SpaceX ဟု လူသိများသည့် Space Exploration Technologies ကော်ပိုရေးရှင်း သည် ၎င်းတို့၏ ပုဂ္ဂလိကသို့ ကနဦးစတော့ရှယ်ယာ မိတ်ဆက်ရောင်းချမှု (IPO) တွင် ရှယ်ယာတစ်စုလျှင် အမေရိကန်ဒေါ်လာ ၁၃၅ နှုန်းဖြင့် စျေးနှုန်းသတ်မှတ်ခဲ့ပြီး ရှယ်ယာပေါင်း ၅၅၅.၅၆ သန်းခန့်ကို ရောင်းချခြင်းဖြင့် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၇၅ ဘီလျံအထိ ရှာဖွေစုဆောင်းနိုင်ခဲ့ကြောင်း အမေရိကန်မီဒီယာများက ကြာသပတေးနေ့တွင် ဖော်ပြခဲ့သည်။

အစီရင်ခံစာများအရ အဆိုပါ IPO စျေးနှုန်းသတ်မှတ်ချက်သည် ကုမ္ပဏီ၏ စုစုပေါင်းတန်ဖိုးကို အမေရိကန်ဒေါ်လာ ၁.၇၇ ထရီလျံ ခန့်အထိ ရှိလာစေသည်။ SpaceX ၏ စတော့ရှယ်ယာများကို သောကြာနေ့တွင် Nasdaq စတော့စျေးကွက်၌ စတင်အရောင်းအဝယ်ပြုလုပ်နိုင်လိမ့်မည်ဟု မျှော်လင့်ရပေသည်။

ရန်ပုံငွေရှာဖွေနိုင်မှု ပမာဏအရ ယခု IPO သည် ကမ္ဘာ့စတော့စျေးကွက်သမိုင်းတွင် အများဆုံးအဖြစ် စံချိန်သစ်တင်နိုင်မည် ဖြစ်သည်။ ယခုတန်ဖိုးသတ်မှတ်ချက်အပေါ် အခြေခံပါက SpaceX သည် အမေရိကန်စတော့စျေးကွက်တွင် တန်ဖိုးအရှိဆုံး ထိပ်သီးကုမ္ပဏီကြီး ၁၀ ခုစာရင်း၌ ပါဝင်လာမည် ဖြစ်သည်။

အမေရိကန် စီးပွားရေးလုပ်ငန်းရှင် အီလွန်မတ်စ် က ၂၀၀၂ ခုနှစ်တွင် တည်ထောင်ခဲ့သော SpaceX သည် အာကာသသို့ ဒုံးပျံလွှတ်တင်ရေး ဝန်ဆောင်မှုလုပ်ငန်း၊ ဂြိုဟ်တုအင်တာနက်လုပ်ငန်း (Starlink) နှင့် ဉာဏ်ရည်တု (AI) နည်းပညာကဏ္ဍများကို လုပ်ကိုင်ဆောင်ရွက်နေသည်။ ယခု IPO သည် စျေးကွက်အတွင်း အထူးစိတ်ဝင်စားမှုကို ခံနေရသကဲ့သို့ ကုမ္ပဏီ၏ မြင့်မားလှသော တန်ဖိုးသတ်မှတ်ချက်ကြောင့် ၎င်း၏ အကျိုးအမြတ်အလားအလာနှင့် ရှေ့ဆက်တိုးတက်နိုင်မည့် ရေရှည်တည်တံ့မှုအပေါ် စျေးကွက်စောင့်ကြည့်လေ့လာသူများအကြား ဆွေးနွေးငြင်းခုံမှုများလည်း ထွက်ပေါ်လျက်ရှိသည်။

SpaceX ၏ စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်မှု အစီအမံသည် ဝေါစထရိ စတော့စျေးကွက်၏ ရိုးရာလုပ်ထုံးလုပ်နည်းအချို့ကို ကျော်လွန်လုပ်ဆောင်ခဲ့ကြောင်း၊ ယင်းတို့အနက် IPO စျေးနှုန်းကို ကြိုတင်သတ်မှတ်ထားခြင်းနှင့် အသေးစားရင်းနှီးမြှုပ်နှံသူများ အတွက် ရှယ်ယာရာခိုင်နှုန်း ပိုမိုမြင့်မားစွာ ချန်လှပ်ပေးထားခြင်းတို့ ပါဝင်ကြောင်း အစီရင်ခံစာများတွင် ဖော်ပြထားသည်။

IPO ပြုလုပ်ပြီးနောက်တွင်လည်း အီလွန်မတ်စ်သည် ကုမ္ပဏီအပေါ် အင်အားကြီးမားသော မဲခွဲဆုံးဖြတ်ခွင့်အာဏာကို ဆက်လက်ဆုပ်ကိုင်ထားမည် ဖြစ်သည်။

အီလွန်မတ်စ်သည် SpaceX တွင် ရှယ်ယာအမြောက်အမြား ပိုင်ဆိုင်ထားသဖြင့် ယခုတန်ဖိုးသတ်မှတ်ချက်အရ ၎င်း၏ပိုင်ဆိုင်မှုတန်ဖိုးမှာ အဆမတန် မြင့်တက်သွားမည်ဖြစ်ပြီး ၎င်းကို ကမ္ဘာ့ပထမဆုံးသော “ထရီလီယံနာ” သူဌေးကြီး ဖြစ်လာစေနိုင်ကြောင်း ဖော်ပြထားသည်။

Ref: ဆင်ဟွာ

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here