ရန်ကုန်တိုင်းဒေသကြီး ၊ လှိုင်သာယာမြို့နယ်၌ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကို ပျက်ပြားစေရန် ရည်ရွယ်ပြီး လှုံ့ဆော်စာများ ရေးသားထားသည့် စတေကာကပ်၍ လှုံ့ဆော်သူ အမျိုးသား(၂)ဦးကို ဖမ်းဆီးအရေးယူထားကြောင်း မြန် မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ(၁၇)ရက် နံနက်ပိုင်းတွင်း ရွေးကောက်ပွဲကို ပျက်ပြားစေရန် ရည်ရွယ်သည့် လှုံ့ဆော်စာရေးသား ထားသည့် စတေကာများကို လှိုင်သာယာ အရှေ့ပိုင်းမြို့နယ် ရွှေလင်ဗန်းကျေးရွာ ၊ ကျန်စစ်သားလမ်းနှင့် ဦးဖိုးလှိုင်လမ်းထောင့်ရှိ လမ်းညွှန်ဆိုင်းဘုတ်၌ ကပ်ထားကြောင်း တွေ့ရှိရ သဖြင့် ဖယ်ရှားပြီး ကျုးလွန်သူများကို ဖမ်းဆီးနိုင်ရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြစ်မှုကျုးလွန်သူများသည့် လှိုင်သာယာအရှေ့ပိုင်းမြို့နယ် အမှတ်(၆)ရပ်ကွက်တွင် နေထိုင်သည့် အောင်ရဲထွဋ်(ခ)ရဲထွဋ် နှင့် ရန်နိုင်ကြည်ဝင်း(ခ)အကြီးကောင်တို့ကို စက်တင်ဘာ (၁၈)ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးမှုများအရ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲပျက်ပြားစေရန် ရည်ရွယ်သည့် စတေကာများကို စက် တင်ဘာ(၁၃)ရက်တွင် လှိုင်သာယာမြို့နယ်အရှေ့ပိုင်း နှင့် အ နောက်ပိုင်းမြို့နယ်အတွင်းရှိ နေရာ(၁၀)နေရာ၌ ကပ်၍ အသိပေးလှုံ့ဆော်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်းကို သိရှိရသည့်အတွက် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများအား နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ရေး ဥပဒေ ၂၃(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
