ယနေ့ စက်တင်ဘာ ၂၅ ရက်တွင် နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ချမ်းမြေ့ဆရာတော်ဘုရားကြီး၏အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇော်ပွဲအား နိုင်ငံတော်အဆင့်အခမ်းအနားအဖြစ်ကျင်းပရန် သင်္ဃန်းကျွန်းမြို့နယ်၊ သံသုမာလမ်းရှိ သုဝဏ္ဏဘူမိ EVENT PARK ၌ ကြိုတင်ပြင်ဆင်နေသည့် မြင်ကွင်းပုံရိပ်များဖြစ်သည်။
ဆရာတော်ဘုရားကြီး၏ကြွင်းကျန်ရစ်သည့် ဥတုဇရုပ်ကလာပ်တော်အား မရမ်းကုန်းမြို့နယ်ရှိ ချမ်းမြေ့ရိပ်သာကျောင်းတိုက်မှပင့်ဆောင်လာမည်ဖြစ်သည်။
ချမ်းမြေ့ဆရာတော်ဘုရားကြီးသည် သက်တော် ၉၉ နှစ်၊ သိက္ခာဝါတော် ၇၉ ဝါရှိကာ စက်တင်ဘာ ၁၉ ရက် နံနက် ၁၁ နာရီ ၃ မိနစ်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ခြင်းဖြစ်သည်။
