Saturday, September 19, 2026

၂၀၂၆ တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများ စက်တင်ဘာ...

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအနေဖြင့် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားခြင်းကို လာမည့် စက်တင်ဘာ ၂၈...

စိန့်မေရီ ရေခဲပြင်ကြီး လုံးဝ အရည်ပျော်သွားပြီ

အမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ်မှာရှိတဲ့ စိန့်မေရီရေခဲပြင်ကြီးဟာ ကမ္ဘာ့သမိုင်းမှတ်တမ်း၊မှာ ပထမဆုံးအကြိမ်အဖြစ် လုံးဝကို အရည်ပျော်သွားခဲ့ပါပြီ။ ​ပညာရှင်တွေကတော့ ဒါဟာ အရှိန်အဟုန်နဲ့ ပူနွေးလာနေတဲ့ ကမ္ဘာကြီးရဲ့ သမိုင်းဝင် မှတ်တိုင်တစ်ခုပဲလို့...

နိုင်ငံတော်အတွက် ကောင်းမွန်သည့်အထောက်အပံ့ဖြစ်စေရန် စက်ပစ္စည်းကဏ္ဍလုပ်ငန်းများ ပိုမိုထိရောက်စွာဆောင်ရွက်ရန်လို

နေပြည်တော်၊ စက်တင်ဘာ ၁၉ နိုင်ငံတော်၏ စက်ပစ္စည်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းမွန်သည့်အထောက်အပံ့ဖြစ်စေရန် စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ မူဝါဒနှင့် လုပ်ငန်းတာဝန်များအညီ လုပ်ငန်းများကို ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်ရန်လိုအပ်ကြောင်း စက်ပစ္စည်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊...

လွှတ်တော်ကိုယ်စားလှယ်များ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ကျန်းမာရေးဝန်ကြီးဌာန စီစဉ်ဆောင်ရွက်

နေပြည်တော်၊ စက်တင်ဘာ ၁၉ နေပြည်တော်၌ တတိယအကြိမ် ပြည်ထောင်စုအဆင့်လွှတ်တော်များ၏ တတိယပုံမှန်အစည်းအဝေးများ ကျင်းပချိန်တွင် အစည်းအဝေးတက်ရောက်ရန် ရောက်ရှိလာမည့် လွှတ်တော်ကိုယ်စားလှယ်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနက...
HomeNewsLocal Newsရန်ကုန်မြို့၌ ယနေ့ နံနက်...

ရန်ကုန်မြို့၌ ယနေ့ နံနက် မြူများ ထူထပ်စွာ ကျင်းဆင်းလျက်ရှိကြောင်းနှင့် မြို့တွင်း ရုံးသွားလာသူများလည်း သတိထားသွာလာနေရဟု မြို့ခံတို့ဆို

ယနေ့ ဖေဖော်ဝါရီ (၁၄)ရက် နံနက် (၆)နာရီခန့်မှ စတင်၍ ရန်ကုန်မြို့၌ မြူများ ထူထပ်စွာ ကျင်းဆင်းလျက်ရှိကြောင်းနှင့် မြို့တွင်း ရုံးသွားလာသူများလည်း သတိထားသွာလာကြရကြောင်း ရန်ကုန် မြို့ခံများထံမှ သိရသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ(ဒုတိယ)ဆယ်ရက်ပတ်အတွင်း ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် (၇) ရက်မှ (၉) ရက်ခန့် မြုထူများဆိုင်းနိုင်ကြောင်း ထုတ်ပြန်ထားပြီး ယနေ့တွင် ရန်ကုန်မြို့တွင်း မြူများထူထပ်စွာ ကျဆင်းလျက်ရှိကြောင်း သိရသည်။

ထို့အတူ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် (၃) ရက်မှ (၆) ရက်ခန့်နှင့် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)နှင့် မကွေးတိုင်းဒေသကြီးတို့တွင် (၁) ရက်မှ (၂) ရက်ခန့် နံနက်ပိုင်းတို့တွင် မြုထူများဆိုင်းနိုင်ကြောင်း မိုး/ဇလမှ ထုတ်ပြန်ထားသည်။

“ဒီမနက် ၆ နာရီလောက် အိပ်ယာနိုးတော့ တော်တော်လေး အံ့သြသွားတယ်။ မြူတွေကျနေတာမှ အများကြီး အိမ်အောက်ကို လှမ်းကြည့်တာ မြူတွေထူထပ်နေတော့ မမြင်ရဘူး။ ပြီးခဲ့တဲ့ ရက်တွေက မြူကျတယ်ဆိုပေမယ့် ခုလောက်ထိ မဟုတ်ဘူး။ သာမန်ပဲပေါ့နော်။ ဒီနေ့တော့ အေးလည်း အေးတယ်။ ရုံးသွားဖို့ ကားကိုလည်း သတိထားမောင်းရမှာပေါ့။ လေကြောင်းလိုင်းတွေလည်း မြူတွေကြောင့် ခရီးစဉ်စောင့်ဆိုင်းရတာရှိတယ်လို့လည်း ပြောနေကြတာ ကြားတယ်။”ဟု ရန်ကုန်မြို့ခံ တစ်ဦးက ပြောသည်။

အဆိုပါ အခြေအနေများကြောင့် လေကြောင်းပျံသန်းသွားလာသည့် ခရီးစဉ်များအပြင်၊ သင်္ဘောများနှင့် အမြန်လမ်းပေါ် သွားလာသည့် ခရီးသွားယာဉ်များလည်း နံနက်စောစောအချိန်များတွင် သတိထားရမည့် ရာသီဥတုအခြေအနေများ ဖြစ်နေကြောင်းလည်း ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် အသိပေး/ သတိပေး ရေးသားထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

၂၀၂၆ တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများ စက်တင်ဘာ ၂၈ ရက်မှ စတင်လက်ခံမည်

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအနေဖြင့် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားခြင်းကို လာမည့် စက်တင်ဘာ ၂၈ ရက်မှ စတင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနက ထုတ်ပြန်ထားသည်။ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရန်အတွက် စာမေးပွဲဖြေဆိုခဲ့သည့် စာစစ်ဌာနများမှ ကြီးကြပ်ရေးမှူးများဖြစ်သည့် အခြေခံပညာအထက်တန်းကျောင်းအုပ်ကြီးများထံတွင် အမှတ်စာရင်း၊ အရည်အချင်းမှတ်တမ်းချုပ်၊ ရမှတ်အဆင့်၊ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်နှင့် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရမည့် ပုံစံစာအိတ်တို့ကို စက်တင်ဘာ ၂၈ ရက်မှစတင်၍ ကိုယ်တိုင်ထုတ်ယူရမည်ဖြစ်သည်။ ထို့နောက် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာစာအိတ်များကို စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ...

စိန့်မေရီ ရေခဲပြင်ကြီး လုံးဝ အရည်ပျော်သွားပြီ

အမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ်မှာရှိတဲ့ စိန့်မေရီရေခဲပြင်ကြီးဟာ ကမ္ဘာ့သမိုင်းမှတ်တမ်း၊မှာ ပထမဆုံးအကြိမ်အဖြစ် လုံးဝကို အရည်ပျော်သွားခဲ့ပါပြီ။ ​ပညာရှင်တွေကတော့ ဒါဟာ အရှိန်အဟုန်နဲ့ ပူနွေးလာနေတဲ့ ကမ္ဘာကြီးရဲ့ သမိုင်းဝင် မှတ်တိုင်တစ်ခုပဲလို့ ဆိုနေကြပါတယ်။ ​ဒင်ဗာ(Denver) မြို့အနားမှာရှိတဲ့ စိန့်မေရီ ရေခဲပြင်လို့ လူသိများတဲ့ ဒီအမြဲတမ်းရေခဲပြင်ကြီးဟာ နွေရာသီရဲ့ အပူပြင်းဆုံးအချိန်မှာတောင် နှင်းတွေတွေ့နိုင်တဲ့ တစ်နှစ်ပတ်လုံးအတွက် ဆယ်စုနှစ်ပေါင်းများစွာကတည်းက အိုအေစစ်တစ်ခုလို ဖြစ်ခဲ့တာပါ။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ ဆောင်းရာသီမှာ နှင်းကျတာ အားနည်းလာသလို နွေရာသီမှာလည်း စံချိန်တင်ပူပြင်းခဲ့လာတာကြောင့် ပေ ၁၁၀၀၀ အမြင့်ရှိတဲ့ ဒီအထင်ကရနေရာကြီးဟာ ခုဆိုရင် လုံးဝပျောက်ကွယ်သွားခဲ့ပါပြီ။ ​၂၀၂၆...

နိုင်ငံတော်အတွက် ကောင်းမွန်သည့်အထောက်အပံ့ဖြစ်စေရန် စက်ပစ္စည်းကဏ္ဍလုပ်ငန်းများ ပိုမိုထိရောက်စွာဆောင်ရွက်ရန်လို

နေပြည်တော်၊ စက်တင်ဘာ ၁၉ နိုင်ငံတော်၏ စက်ပစ္စည်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းမွန်သည့်အထောက်အပံ့ဖြစ်စေရန် စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ မူဝါဒနှင့် လုပ်ငန်းတာဝန်များအညီ လုပ်ငန်းများကို ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်ရန်လိုအပ်ကြောင်း စက်ပစ္စည်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောကြားသည်။ စက်တင်ဘာ ၁၈ ရက်က ကျင်းပသည့် စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ (၂/၂၀၂၆-၂၀၂၇) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ စက်ပစ္စည်းကြီးကြပ်မှုကော်မတီသည် နိုင်ငံတော်၏ စက်ပစ္စည်းကဏ္ဍနှင့်ပတ်သက်၍ အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေရသည့်အတွက် နိုင်ငံတော်အတွက် ကောင်းမွန်သည့်အထောက်အပံ့ဖြစ်စေရန် ကော်မတီ၏ မူဝါဒနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071