ရန်ကုန်တိုင်းရှိ စက်မှုလုပ်ငန်းများကိုကောက်ခံနေသည့် လျှပ်စစ်ဓာတ်အားခ တစ်ယူနစ်ကျပ်(၉၀၀)မှ (၆၀၀) ကျပ်သို့လျော့ချပေးခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ယနေ့ သြဂုတ် ၁၆ ရက်တွင် အသိပေးခဲ့သည်။
လျှပ်စစ်ဓာတ်အားသုံးစွဲမှု ပမာဏများပြားသည့် ရန် ကုန်တိုင်းရှိ စက်မှုလုပ်ငန်းများအား လျှပ်စစ်နှင့်စွမ်း အင်ဝန်ကြီးဌာနမှ သတ်မှတ်ထားသည့်အ ချက်များနှင့် ပြည့်စုံပါက နေ့စဉ်ည ၁၁ နာရီမှ နောက်နေ့ နံနက် ၅ နာ ရီအထိ အချိန်ကာလအတွင်း တစ်ယူနစ်လျှင် မူလကောက်ခံသော ကျပ်(၉၀၀)မှ (၆၀၀) ကျပ်သို့လျှော့ချ ၍ ဓာတ်အားရယူသုံးစွဲခွင့်ပေးခြင်းကို ပထမအဆင့်အနေဖြင့်ဆောင်ရွက်သွားမည်ဟု အသိပေးခဲ့သည်။
ထိုသို့ ဆောင်ရွက်နိုင်ခြင်းဖြင့် မိုးရာသီ၌အချိန်နှင့်အမျှ ဆုံးရှုံးနေသည့် ရေများမှ နိုင်ငံတော်အတွက် ဝင်ငွေရရှိလာခြင်း၊ ဓာတ်အားစနစ်တည်ငြိမ်မှုရှိလာခြင်း၊ သတ် မှတ်ချက်နှင့်ကိုက်ညီပြီး ဆန္ဒရှိသည့် စက်မှုလုပ်ငန်းကြီးများသည် ညဘက်သို့ပြောင်းရွှေ့လုပ်ငန်းဆောင် ရွက်ခြင်းကြောင့် နေ့ပိုင်းတွင် လျှပ်စစ်မီးသုံးစွဲသူများသို့ ပိုမိုဖြန့်ဖြူးပေးနိုင်ခြင်း၊ စက်မှုလုပ်ငန်းရှင်များအ နေဖြင့် ထုတ်လုပ်မှုကုန်ကျစရိတ်လျှော့ချနိုင်ခြင်းအ ကျိုးကျေးဇူးများရရှိစေမည်ဟုလည်း အသိပေးခဲ့သည်။
အဆိုပါ အစီအစဥ်ကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက လက်ရှိအခြေအနေပေါ်မူတည်၍ ပထမအဆင့်အ နေဖြင့် စတင်စမ်းသပ်ဆောင်ရွက်ခြင်းဖြစ်ရာ မိဘပြည်သူများအနေဖြင့် နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားစနစ်ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အပြုသဘောဖြင့် အကြံဉာဏ်များပေးခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့်ကူညီကြရန်လည်း မေတ္တာရပ်ခံအပ်ခဲ့သည်။
သိရှိလိုသည်များကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးချုပ် ဖုန်း ၀၉-၄၅၀၅၄၁၂၀၀ နှင့် ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဖုန်း ၀၉-၄၂၈၃၀၄၂၀၃ နှင့် Hot Line ၁၇၁၇ တို့သို့ ဆက်သွယ်မေးမြန်းနိုင်သည်ဟု အသိပေးခဲ့သည်။
