Wednesday, April 29, 2026

အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလုပ်သမားဝန်ကြီးဌာန ဝန်ထမ်းများ...

လာမည့် မေလ ၁ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလုပ်သမားဝန်ကြီးဌာနမှ ဝန်ထမ်းများသည် လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်မည့် စုပေါင်းသွေးလှူဒါန်းပွဲကို...

“ဝိဇ္ဇာအောင်” လေးဖက်နာဆေးသည် မှတ်ပုံတင်မရှိသော ဆေးဝါးဖြစ်ကြောင်း...

ကျန်းမာရေးဝန်ကြီးဌာနက ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော “ဝိဇ္ဇာအောင်” အမှတ်တံဆိပ် လေးဖက်နာနှင့် အကိုက်အခဲပျောက်ဆေး (ဆေးမှုန့်/ဆေးထုပ်) သည် တိုင်းရင်းဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးဖြစ်ကြောင်း အသိပေးနှိုးဆော်ချက် ထုတ်ပြန်ခဲ့သည်။ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်...

အနောက်တိုင်းဆေးပါဝင်သည့် တိုင်းရင်းဆေး ၆ မျိုးကို...

ကျန်းမာရေးဝန်ကြီးဌာနက ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော တိုင်းရင်းဆေးဝါးအချို့တွင် အနောက်တိုင်းဆေးများ ရောနှောပါဝင်နေပြီး စံမညီတိုင်းရင်းဆေးဝါး ၆ မျိုးကို မသုံးစွဲရန် ကျန်းမာရေးဝန်ကြီးဌာနက အသိပေးနှိုးဆော်ချက် ထုတ်ပြန်ခဲ့သည်။ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်...

မုံရွာမြို့တွင် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတို-က်ကျွေးရေး ရက်သတ္တပတ် (၂၀၂၆)...

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ မြို့တော်ခန်းမတွင် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်(၂၀၂၆) အထိမ်းအမှတ် အခမ်းအနားကို ဧပြီလ (၂၈) ရက်က ကျင်းပခဲ့သည်။ "ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးတဲ့လုပ်ငန်းဟာ နှစ်စဉ်အသက်ပေါင်းများစွာကို...
HomeMoviesရက် (၁၀၀) အတွင်း...

ရက် (၁၀၀) အတွင်း “လမင်းစီမံချက်” ဖြင့် နိုင်ငံသားကတ်နှင့် Unique ID ကို အရှိန်အဟုန်မြှင့် ထုတ်ပေးမည်နိုင်ငံသားတစ်ဦးချင်းစီအတွက် မရှိမဖြစ်လိုအပ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် Unique ID (UID) နံပါတ်များကို ရက်ပေါင်း (၁၀၀) အတွင်း အပြီးအစီး ထုတ်ပေးနိုင်ရန် “လမင်းစီမံချက်” ကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အထူးအလေးပေး အကောင်အထည်ဖော် ဆောင်ရွက်တော့မည် ဖြစ်သည်။ ဤစီမံချက်သည် အကြောင်းအမျိုးမျိုးကြောင့် မှတ်ပုံတင်မရှိသေးသူများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် လက်ငင်းအကျိုးကျေးဇူးများ ရရှိစေမည် ဖြစ်ပါသည်။

ယမန်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ၎င်းစီမံချက်နှင့် ပတ်သက်၍ ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။ အသက် (၁၈) နှစ်ပြည့်ပြီးသော်လည်း မှတ်ပုံတင်မရရှိသေးသူများနှင့် အသက် (၁၀) နှစ်ပြည့် ကျောင်းသား၊ ကျောင်းသူများကို ဥပဒေနှင့်အညီ နိုင်ငံသားကတ် ထုတ်ပေးခြင်းအပြင် e-ID စနစ်အတွက် Unique ID ကောက်ယူခြင်းကိုပါ တစ်ပါတည်း ဆောင်ရွက်သွားမည် ဖြစ်သည်။

အထူးသဖြင့် သဘာဝဘေးအန္တရာယ်နှင့် အခြေအနေအမျိုးမျိုးကြောင့် အိမ်ထောင်စုစာရင်း သို့မဟုတ် မှတ်ပုံတင် ပျောက်ဆုံး၊ ပျက်စီးသွားသူများအတွက် ဝန်ကြီးဌာနဝန်ထမ်းများက မြို့နယ်ရုံးအချင်းချင်း ချိတ်ဆက်ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။ အထောက်အထား မပြည့်စုံသူများကိုလည်း မြို့နယ်အဆင့် ငါးဦးကော်မတီဖြင့် စိစစ်အတည်ပြုကာ အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားကတ်များကို အဆင်ပြေချောမွေ့စွာ ပြန်လည်ထုတ်ပေးနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများကို နိုင်ငံ​တော်အစိုးရ၏ ရက် (၁၀၀) ကာလအတွင်း အပြီးသတ်ရန် ကြိုးပမ်းသွားမည်ဖြစ်သော်လည်း သတ်မှတ်ကာလအတွင်း မပြီးစီးပါကလည်း ရည်မှန်းချက်ပြည့်မီသည်အထိ ကာလတိုးမြှင့်ကာ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဟု ဆိုပါသည်။

ထို့ပြင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အစီရင်ခံစာ ထုတ်ပြန်ခြင်းကိုလည်း ပြည်သူ့အကျိုးအတွက် ယခုကာလအတွင်း အလေးထား ဆောင်ရွက်သွားမည် ဖြစ်​ကြောင်းသိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလုပ်သမားဝန်ကြီးဌာန ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်း

လာမည့် မေလ ၁ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလုပ်သမားဝန်ကြီးဌာနမှ ဝန်ထမ်းများသည် လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်မည့် စုပေါင်းသွေးလှူဒါန်းပွဲကို နေပြည်တော်၌ ခမ်းနားစွာ ကျင်းပခဲ့ကြသည်။ ဧပြီလ ၂၈ ရက် နံနက်ပိုင်းက နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) တွင် ပြုလုပ်သည့် ဤလှုပ်ရှားမှုတွင် ဝန်ထမ်းပေါင်း ၇၂ ဦးက စေတနာအပြည့်ဖြင့် ပါဝင်လှူဒါန်းခဲ့ကြခြင်း ဖြစ်သည်။ အဆိုပါ စုပေါင်းသွေးလှူဒါန်းပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြပြီး သွေးလှူရှင်ဝန်ထမ်းများကို...

“ဝိဇ္ဇာအောင်” လေးဖက်နာဆေးသည် မှတ်ပုံတင်မရှိသော ဆေးဝါးဖြစ်ကြောင်း ထုတ်ပြန်

ကျန်းမာရေးဝန်ကြီးဌာနက ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော “ဝိဇ္ဇာအောင်” အမှတ်တံဆိပ် လေးဖက်နာနှင့် အကိုက်အခဲပျောက်ဆေး (ဆေးမှုန့်/ဆေးထုပ်) သည် တိုင်းရင်းဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးဖြစ်ကြောင်း အသိပေးနှိုးဆော်ချက် ထုတ်ပြန်ခဲ့သည်။ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အရည်အသွေး စစ်မှန်ကောင်းမွန်ပြီး ဘေးဥပါဒ်အန္တရာယ်ကင်းရှင်းကာ အကျိုးအာနိသင်ရှိသည့် တိုင်းရင်းဆေးဝါးများကို အများပြည်သူတို့ စိတ်ချယုံကြည်စွာ သုံးစွဲနိုင်ရန် စဉ်ဆက်မပြတ် စနစ်တကျ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ယင်းသို့ စစ်ဆေးရာတွင် “ဝိဇ္ဇာအောင်” အမှတ်တံဆိပ် လေးဖက်နာနှင့် အကိုက်အခဲပျောက်ဆေးသည် အခြားဆေးဝါး၏ တိုင်းရင်းဆေးဝါးမှတ်ပုံတင်အမှတ် TMR-011461 (0615) ကို ထည့်သွင်းအသုံးပြုထားကြောင်း စိစစ်တွေ့ရှိခဲ့သည်ဟု ဆိုသည်။ ထို့ပြင်...

အနောက်တိုင်းဆေးပါဝင်သည့် တိုင်းရင်းဆေး ၆ မျိုးကို မသုံးစွဲရန် ကျန်းမာရေးဝန်ကြီးဌာန နှိုးဆော်

ကျန်းမာရေးဝန်ကြီးဌာနက ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော တိုင်းရင်းဆေးဝါးအချို့တွင် အနောက်တိုင်းဆေးများ ရောနှောပါဝင်နေပြီး စံမညီတိုင်းရင်းဆေးဝါး ၆ မျိုးကို မသုံးစွဲရန် ကျန်းမာရေးဝန်ကြီးဌာနက အသိပေးနှိုးဆော်ချက် ထုတ်ပြန်ခဲ့သည်။ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးဥပါဒ်အန္တရာယ်ကင်းရှင်းကာ အကျိုးအာနိသင်ရှိသော တိုင်းရင်းဆေးဝါးများကို အများပြည်သူတို့ စိတ်ချယုံကြည်စွာ သုံးစွဲနိုင်ရန် စဉ်ဆက်မပြတ် စနစ်တကျ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ယင်းသို့ စစ်ဆေးရာတွင် “ကာယသုခဆရာကြီးဖိုးဘစံ” အမှတ်တံဆိပ် အဆစ်အမျက်နာကျင်ကိုက်ခဲ၊ ဒူးနာ၊ ခါးနာရောဂါပျောက်ဆေး၊ “ငွေနတ်သား” အမှတ်တံဆိပ် လေးဖက်နာနှင့် ထိပ်ကပ်နာကုဆေး၊ “သစ္စာရှင်” အမှတ်တံဆိပ် အဆစ်အမျက်နာနှင့် အကိုက်အခဲပျောက်ဆေး၊ “မေတ္တာရှင်”...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071