Wednesday, April 29, 2026

အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလုပ်သမားဝန်ကြီးဌာန ဝန်ထမ်းများ...

လာမည့် မေလ ၁ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလုပ်သမားဝန်ကြီးဌာနမှ ဝန်ထမ်းများသည် လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်မည့် စုပေါင်းသွေးလှူဒါန်းပွဲကို...

အနောက်တိုင်းဆေးပါဝင်သည့် တိုင်းရင်းဆေး ၆ မျိုးကို...

ကျန်းမာရေးဝန်ကြီးဌာနက ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော တိုင်းရင်းဆေးဝါးအချို့တွင် အနောက်တိုင်းဆေးများ ရောနှောပါဝင်နေပြီး စံမညီတိုင်းရင်းဆေးဝါး ၆ မျိုးကို မသုံးစွဲရန် ကျန်းမာရေးဝန်ကြီးဌာနက အသိပေးနှိုးဆော်ချက် ထုတ်ပြန်ခဲ့သည်။ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်...

မုံရွာမြို့တွင် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတို-က်ကျွေးရေး ရက်သတ္တပတ် (၂၀၂၆)...

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ မြို့တော်ခန်းမတွင် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်(၂၀၂၆) အထိမ်းအမှတ် အခမ်းအနားကို ဧပြီလ (၂၈) ရက်က ကျင်းပခဲ့သည်။ "ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးတဲ့လုပ်ငန်းဟာ နှစ်စဉ်အသက်ပေါင်းများစွာကို...

ဒဂုံတောင်ပိုင်းတွင် နေအိမ်မီးလေ-ာင်ရာမှ နေအိမ်များပျ-က်စီးမှုဖြစ်ပေါ်ခဲ့

ယခုရက်ပိုင်းအတွင်း မီးလေ-ာင်မှုဖြစ်စဥ်များ နေ့စဥ်နီးပါးဖြစ်ပွားလျက်ရှိရာ ယနေ့ ဧပြီ ၂၉ ရက်နံနက်အစောပိုင်း ၁၂ နာရီ ၃၂ မိနစ်ခန့်ကလည်း ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်...
HomeNewsLocal News“ဝိဇ္ဇာအောင်” လေးဖက်နာဆေးသည် မှတ်ပုံတင်မရှိသော...

“ဝိဇ္ဇာအောင်” လေးဖက်နာဆေးသည် မှတ်ပုံတင်မရှိသော ဆေးဝါးဖြစ်ကြောင်း ထုတ်ပြန်

ကျန်းမာရေးဝန်ကြီးဌာနက ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော “ဝိဇ္ဇာအောင်” အမှတ်တံဆိပ် လေးဖက်နာနှင့် အကိုက်အခဲပျောက်ဆေး (ဆေးမှုန့်/ဆေးထုပ်) သည် တိုင်းရင်းဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးဖြစ်ကြောင်း အသိပေးနှိုးဆော်ချက် ထုတ်ပြန်ခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အရည်အသွေး စစ်မှန်ကောင်းမွန်ပြီး ဘေးဥပါဒ်အန္တရာယ်ကင်းရှင်းကာ အကျိုးအာနိသင်ရှိသည့် တိုင်းရင်းဆေးဝါးများကို အများပြည်သူတို့ စိတ်ချယုံကြည်စွာ သုံးစွဲနိုင်ရန် စဉ်ဆက်မပြတ် စနစ်တကျ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းသို့ စစ်ဆေးရာတွင် “ဝိဇ္ဇာအောင်” အမှတ်တံဆိပ် လေးဖက်နာနှင့် အကိုက်အခဲပျောက်ဆေးသည် အခြားဆေးဝါး၏ တိုင်းရင်းဆေးဝါးမှတ်ပုံတင်အမှတ် TMR-011461 (0615) ကို ထည့်သွင်းအသုံးပြုထားကြောင်း စိစစ်တွေ့ရှိခဲ့သည်ဟု ဆိုသည်။ ထို့ပြင် အဆိုပါဆေးဝါးသည် တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် ထုတ်လုပ်ခွင့်လိုင်စင် ရရှိထားခြင်းမရှိသည့် ဆေးဝါးဖြစ်သဖြင့် ဆေးဝါး၏ စစ်မှန်မှုနှင့် အာနိသင်ကို အာမခံချက်မပေးနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထားသည်။

အဆိုပါ ဆေးဝါးကို ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်၊ ၄၁ တိုးချဲ့ရပ်ကွက်ရှိ မဟာမြိုင်အိမ်ရာမှ ထုတ်လုပ်/ဖြန့်ချိနေကြောင်းလည်း ဖော်ပြထားသည်။

ကျန်းမာရေးဝန်ကြီးဌာနက အများပြည်သူများအနေဖြင့် တိုင်းရင်းဆေးပညာဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်းမရှိသော တိုင်းရင်းဆေးဝါးများကို ဝယ်ယူသုံးစွဲခြင်း မပြုကြရန်နှင့် မှတ်ပုံတင်ထားသော ဆေးဝါးများကိုသာ စိစစ်ဝယ်ယူသုံးစွဲကြရန် တိုက်တွန်းထားသည်။

ထို့အပြင် တိုင်းရင်းဆေးဝါး ထုတ်လုပ်၊ ဖြန့်ဖြူးသည့် လုပ်ငန်းများနှင့် ဆေးဆိုင်များအနေဖြင့် မှတ်ပုံတင်မရှိသော ဆေးဝါးများ၊ ဆေးဝါးအတုများ၊ စံမညီဆေးဝါးများနှင့် အများပြည်သူသုံးစွဲရန် မသင့်ကြောင်း ကြေညာထားသော ဆေးဝါးများကို တင်သွင်း၊ ဖြန့်ဖြူး၊ ရောင်းချခြင်း မပြုလုပ်ကြရန် သတိပေးထားသည်။

လိုက်နာဆောင်ရွက်ခြင်းမရှိပါက တိုင်းရင်းဆေးဝါးဥပဒေပုဒ်မ (၃၁) နှင့် (၃၂) တို့အရ တရားစွဲဆိုအရေးယူသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလုပ်သမားဝန်ကြီးဌာန ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်း

လာမည့် မေလ ၁ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလုပ်သမားဝန်ကြီးဌာနမှ ဝန်ထမ်းများသည် လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်မည့် စုပေါင်းသွေးလှူဒါန်းပွဲကို နေပြည်တော်၌ ခမ်းနားစွာ ကျင်းပခဲ့ကြသည်။ ဧပြီလ ၂၈ ရက် နံနက်ပိုင်းက နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) တွင် ပြုလုပ်သည့် ဤလှုပ်ရှားမှုတွင် ဝန်ထမ်းပေါင်း ၇၂ ဦးက စေတနာအပြည့်ဖြင့် ပါဝင်လှူဒါန်းခဲ့ကြခြင်း ဖြစ်သည်။ အဆိုပါ စုပေါင်းသွေးလှူဒါန်းပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြပြီး သွေးလှူရှင်ဝန်ထမ်းများကို...

အနောက်တိုင်းဆေးပါဝင်သည့် တိုင်းရင်းဆေး ၆ မျိုးကို မသုံးစွဲရန် ကျန်းမာရေးဝန်ကြီးဌာန နှိုးဆော်

ကျန်းမာရေးဝန်ကြီးဌာနက ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော တိုင်းရင်းဆေးဝါးအချို့တွင် အနောက်တိုင်းဆေးများ ရောနှောပါဝင်နေပြီး စံမညီတိုင်းရင်းဆေးဝါး ၆ မျိုးကို မသုံးစွဲရန် ကျန်းမာရေးဝန်ကြီးဌာနက အသိပေးနှိုးဆော်ချက် ထုတ်ပြန်ခဲ့သည်။ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးဥပါဒ်အန္တရာယ်ကင်းရှင်းကာ အကျိုးအာနိသင်ရှိသော တိုင်းရင်းဆေးဝါးများကို အများပြည်သူတို့ စိတ်ချယုံကြည်စွာ သုံးစွဲနိုင်ရန် စဉ်ဆက်မပြတ် စနစ်တကျ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ယင်းသို့ စစ်ဆေးရာတွင် “ကာယသုခဆရာကြီးဖိုးဘစံ” အမှတ်တံဆိပ် အဆစ်အမျက်နာကျင်ကိုက်ခဲ၊ ဒူးနာ၊ ခါးနာရောဂါပျောက်ဆေး၊ “ငွေနတ်သား” အမှတ်တံဆိပ် လေးဖက်နာနှင့် ထိပ်ကပ်နာကုဆေး၊ “သစ္စာရှင်” အမှတ်တံဆိပ် အဆစ်အမျက်နာနှင့် အကိုက်အခဲပျောက်ဆေး၊ “မေတ္တာရှင်”...

မုံရွာမြို့တွင် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတို-က်ကျွေးရေး ရက်သတ္တပတ် (၂၀၂၆) အထိမ်းအမှတ် ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ မြို့တော်ခန်းမတွင် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်(၂၀၂၆) အထိမ်းအမှတ် အခမ်းအနားကို ဧပြီလ (၂၈) ရက်က ကျင်းပခဲ့သည်။ "ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးတဲ့လုပ်ငန်းဟာ နှစ်စဉ်အသက်ပေါင်းများစွာကို ကယ်တင်ပေးလျက်ရှိပြီး တစ်ကမ္ဘာလုံးမှာ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ပတ်သက်တဲ့ ဖွံ့ဖြိုးတိုးတက်လာမှုတွေရဲ့ အောင်မြင်မှု ပြယုဂ်တစ်ခုဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးတဲ့ လုပ်ငန်းတွေအရှိန် အဟုန်မြှင့် ဆောင်ရွက်တဲ့နေရာမှာ ကျန်းမာရေးဝန်ထမ်းတွေရဲ့အရည်အသွေးပြည့်ဝမှုရှိစေဖို့ စွမ်းဆောင်ရည်မြှင့်တင်သင်တန်း‌တွေကိုအရေးပါတဲ့ အခန်းကဏ္ဍ တစ်ခုဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအနေနဲ့ ဒေသနဲ့ လိုက်လျောညီထွေရှိတဲ့ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးတဲ့ လုပ်ငန်းတွေကို စနစ်တကျ အကောင်းအထည်ဖော်ဆောင်ရွက်ပြီး အရည်အသွေးပြည့်မီတဲ့ ကာကွယ်ဆေးတွေကို သက်ဆိုင်ရာ ဦးတည်အုပ်စု‌တွေကို အချိန်မီထိုးနှံတိုက်ကျွေးပေးသွားကြဖို့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071