ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်တွင် ပျေ-ာက်ဆုံးနေသည့် (၁၃) နှစ်အရွယ် ကလေးငယ်ကို ဒ-ဏ်ရာများနှင့် ေ-သဆုံးလျက် ပြန်တွေ့ခဲ့ကြောင်း သိရသည်။
“မြောက်ဒဂုံ ၃၈ ရပ်ကွက် ကန်ဘောင်မှာ အလေ-ာင်းပြန်တွေ့တာ” ဟု ဖြစ်စဉ်ကို သိသည့် ရပ်မိရပ်ဖတစ်ဦးက ပြောသည်။
ယင်းကလေးငယ်သည် ၁၃နှစ်အရွယ်သာရှိသေးပြီး ဇွန် ၈ ရက် ညနေကျောင်းဆင်းချိန်တွင် နေအိမ်သို့ ပြန်လာခဲ့ကာ ညနေ ၄ နာရီခွဲခန့်တွင် အပြင်သို့ ရုတ်တရက် ထွက်သွားရာမှ ပျေ-ာက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။
မိသားစုဝင်များက လိုက်လံရှာဖွေခဲ့သော်လည်း မတွေ့ရှိရဘဲ ပျေ-ာက်ဆုံးနေခြင်းဖြစ်သည်။
“၁၀ နေ့မှ ပြန်တွေ့တာ” ဟု အထက်ပါ ရပ်မိရပ်ဖကပင် ပြောသည်။
ထိုအကြောင်းအရာကို “ကျွန်တော့်တူလေး အနေအေးအေးလေးကိုမှ ဘယ်လိုလူမျိုးတွေက ရက်ရက်စက်စက် လုပ်ရက်လိုက်ကြတာလဲဗျာ။ ငါ့တူလေးရယ် မင်းအဖြစ်ကလည်း ဆိုးလိုက်တာကွာ။ဘဝဆက်တိုင်းမှာ ခုလိုဖြစ်ဆိုးမျိုးမကြုံရပါစေနဲ့ကွာ”” ဟုလည်း မိသားစုဝင်တစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။
ကလေးငယ်၏ ရုပ်အလေ-ာင်းကို ဇွန် ၁၀ ရက်(ယနေ့) တွင် သဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။