Home Movies ရန်ကုန်-မော်လမြိုင် DEMU ရထားပြေးဆွဲရေးအတွက် ရထားလမ်းကူးနေရာ ၁၀၀ ကျော်ကို ခြံစည်းရိုးခတ်နေ

ရန်ကုန်-မော်လမြိုင် DEMU ရထားပြေးဆွဲရေးအတွက် ရထားလမ်းကူးနေရာ ၁၀၀ ကျော်ကို ခြံစည်းရိုးခတ်နေ

0
96

ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်းတွင် ပြေးဆွဲမည့် မြန်နှုန်းမြင့် DEMU ရထား၏ လုံခြုံရေးနှင့် အန္တရာယ်ကင်းရှင်းရေးအတွက် ရထားလမ်းကူးနေရာ ၁၀၀ ကျော်ကို ခြံစည်းရိုးခတ်ကာ ပိတ်သိမ်းမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာ့မီးရထားဝန်ထမ်းများနှင့် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့များသည် ဇွန် ၈ ရက်မှစတင်၍ တရားမဝင် ရထားလမ်းကူးနေရာများကို ခြံစည်းရိုးများခတ်ကာ လိုက်လံပိတ်သိမ်းလျက်ရှိကြောင်း သိရသည်။

ယင်းသို့ ဆောင်ရွက်ရခြင်းမှာ ဇူလိုင်လအတွင်း ပြေးဆွဲမည့် မော်လမြိုင်-ရန်ကုန် DEMU ရထား၏ လုံခြုံစိတ်ချရသော ပြေးဆွဲမှုကို အထောက်အကူပြုနိုင်ရန်နှင့် ရထားတိုက်မှုအန္တရာယ်များ လျော့နည်းစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။

“တရားမဝင် ရထားလမ်းကူးတဲ့နေရာတွေကို လိုက်ပိတ်နေတာပါ။ တရားဝင်ခွင့်ပြုထားတဲ့ လမ်းကူးနေရာတွေကိုတော့ ဖွင့်ပေးထားပါတယ်” ဟု ဒေသဆိုင်ရာ အာဏာပိုင်တစ်ဦးက ပြောကြားသည်။

အဆိုပါ ရထားလမ်းပိုင်းတစ်လျှောက်တွင် ရထားလမ်းကူးနေရာ စုစုပေါင်း ၁၅၇ နေရာရှိသည့်အနက် ၁၆ နေရာသာ တရားဝင်ခွင့်ပြုထားသော ရထားလမ်းကူးနေရာများ ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အများပြည်သူများ မဖြစ်မနေ အသုံးပြုရန် လိုအပ်သည့် တရားမဝင် ရထားလမ်းကူးနေရာအချို့ကို လုံခြုံရေးဂိတ်များ ထားရှိကာ စနစ်တကျ အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here