Wednesday, April 29, 2026

ကမ္ဘာတလွှားမှ သံဃာတော်များ ကြွရောက်မည့် (၇၀)...

မြန်မာနိုင်ငံ၏ သာသနာဝင်သမိုင်းတွင် အလွန်ထူးခြားထင်ရှားသည့် ဆဋ္ဌသံဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့်မြောက်ခြင်း အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားကို ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၌ ဧပြီလ...

ရုရှားနိုင်ငံသို့ မြန်မာအလုပ်သမားများ ထပ်မံစေလွှတ်၊ မိသားစုထံ...

မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား အလုပ်သမားကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ ရုရှားနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် သွားရောက်လုပ်ကိုင်မည့် မြန်မာအလုပ်သမား (၂၂) ဦးကို ထပ်မံစေလွှတ်ခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ...

ဖျာပုံမြို့နယ်၊ ချောင်းဝကျေးရွာတွင် ယနေ့နံနက်ပိုင်းက လူနေအိမ်မီးလေ-ာင်မှုဖြစ်ပွား၊...

ဖျာပုံမြို့နယ်၊ အမာမြို့ ဒေးဒလူကျေးရွာအုပ်စု၊ ချောင်းဝကျေးရွာမှာ ဧပြီလ ၂၉ ရက်က မနက် ၃ နာရီ ခန့်တွင် လူနေအိမ်များ မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း...

(၇၀) ပြည့် ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ အခမ်းအနားနှင့်...

မြန်မာ့သာသနာရေးသမိုင်းတွင် အထူးထင်ရှားသည့် (၇၀) ပြည့် အထိမ်းအမှတ် ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ မဟာမင်္ဂလာအခမ်းအနားကို ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူတော်ကြီး၌ ကဆုန်လပြည့်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်...
HomeInternationalမြေမြှုပ်မိုင်းနှင့်အွန်လိုင်းငွေလိ-မ်ဂိုဏ်းကိစ္စများပူးတွဲဖြေရှင်းမည်

မြေမြှုပ်မိုင်းနှင့်အွန်လိုင်းငွေလိ-မ်ဂိုဏ်းကိစ္စများပူးတွဲဖြေရှင်းမည်

ထိုင်းနှင့် ကမ္ဘောဒီးယားတို့သည် မြေမြှုပ်မိုင်း ရှင်းလင်းရေး၊ အွန်လိုင်းငွေလိ-မ်လုပ်ငန်းများကို ပူးတွဲတို-က်ဖျ-က်ရေးတို့ကို ပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် မကြာမီက ကျင်းပခဲ့သော ဒေသတွင်း နယ်စပ်ရေးရာကော်မတီ အစည်းအဝေးတွင် နယ်စပ်ပြဿနာများကို ဖြေရှင်းရန် ညှိနှိုင်းရေးအဖွဲ့ငယ်များ ဖွဲ့ရန် သဘောတူခဲ့ကြသည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူရ်မြို့၌ ပြုလုပ်သည့် အထွေထွေနယ်ခြားကော်မတီ အစည်းအဝေးတွင် ချမှတ်ခဲ့သော အပ-စ်အခ-တ်ရပ်စဲရေးသဘောတူညီချက်ကို နှစ်ဖက်စလုံးက ထောက်ခံခဲ့ကြောင်းနှင့် အစည်းအဝေးတွင် ထိုင်းနိုင်ငံက ထပ်မံတင်သွင်းခဲ့သော အဆိုပြုချက်လေးခုအနက် သုံးခုအပေါ် သဘောတူခဲ့ကြသည်ဟု ထိုင်းအမှတ် ၁ စစ်တိုင်းဒေသတိုင်းမှူး ဒုတိယဗိုလ်ချုပ်ကြီး အမ်မရစ်က ပြောကြားခဲ့သည်။

အဆိုပြုချက်သုံးခုတွင် မြေမြှုပ်မိုင်းရှင်းလင်းရေး ပူးပေါင်းဆောင်ရွက်ရန်၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ အထူးသဖြင့် အွန်လိုင်းငွေလိ-မ်ဂိုဏ်းများကို ပူးပေါင်းအရေးယူဆောင်ရွက်ရန်နှင့် နယ်စပ်တင်းမာမှုများပေါ်ပေါက်လာပါက ပိုမိုမြန်ဆန်စွာ တုန့်ပြန်ဖြေရှင်းနိုင်ရန် ညှိနှိုင်းရေးအဖွဲ့ငယ်များ သို့မဟုတ် ဒေသဆိုင်ရာ နယ်ခြားကော်မတီများ ထူထောင်သွားရန်တို့ ပါဝင်သ်ဟု ၎င်းက ပြောဆိုသည်။

သို့သော်လည်း၂၀၀၀ ပြည့်နှစ် နားလည်မှု စာချွန်လွှာချိုးဖောက်မှုများကို ကိုင်တွယ်ဖြေရှင်းရေးဟူသော ထိုင်း၏ အဆိုပြုချက်တစ်ရပ်သည် နယ်စပ် ကော်မီတီ၏ စီရင်ပိုင်ခွင့်အောက်တွင် မရှိသောကိစ္စရပ်ဟုဆိုကာ ကမ္ဘောဒီးယားက ပယ်ချခဲ့သည်ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ယင်းပြဿနာကို အခြားယန္တရားတစ်ရပ်ဖြင့် ဆွေးနွေးသင့်ကြောင်း ကမ္ဘောဒီးယားက အကြံပြုခဲ့ပြီး ထိုင်းဘက်မူ ယင်းပြဿနာ၏ အရေးကြီးမှုကို အလေးပေးကာ အငြင်းပွားမှုကို ဖြေရှင်းရေး ထိုင်းနိုင်ငံ၏ ပြတ်သားသောရည်ရွယ်ချက်ကို ပြသရန် တွန်းအားပေးခဲ့ကြောင်း ၎င်းက ဆိုခဲ့သည်။

ကမ္ဘောဒီးယားက ယင်းပြဿနာကို ထိုင်း-ကမ္ဘောဒီယား ပူးတွဲနယ်နိမိတ်ကော်မရှင် တွင် တင်ပြရန်လည်း အကြံပြုခဲ့ကြောင်း ၊သို့ရာတွင် ယင်းကိစ္စကို နယ်စပ် ယန္တရားအရသာ ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ကြောင်းကို သူက အခိုင်အမာပြောခဲ့ကြောင်းလည်း ဒုတိယဗိုလ်ချုပ်ကြီး အမ်မရစ်က ပြောကြားခဲ့သည်။ ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကမ္ဘာတလွှားမှ သံဃာတော်များ ကြွရောက်မည့် (၇၀) ပြည့် ဆဋ္ဌသံဂါယနာတင် အထိမ်းအမှတ်ပွဲကို ကမ္ဘာအေးကုန်းမြေတွင် ခမ်းနားစွာကျင်းပမည်

မြန်မာနိုင်ငံ၏ သာသနာဝင်သမိုင်းတွင် အလွန်ထူးခြားထင်ရှားသည့် ဆဋ္ဌသံဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့်မြောက်ခြင်း အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားကို ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၌ ဧပြီလ (၃၀) ရက်မှ မေလ (၂) ရက်အထိ သုံးရက်တိုင်တိုင် ခမ်းနားထည်ဝါစွာ ကျင်းပသွားမည် ဖြစ်သည်။ ယခုအခမ်းအနားသည် ပြည်တွင်းရှိ သံဃာတော်များသာမက မက္ကဆီကိုနှင့် ဗင်နီဇွဲလားကဲ့သို့သော အနောက်နိုင်ငံများအပါအဝင် နိုင်ငံပေါင်း (၁၆) နိုင်ငံမှ သံဃာတော်များနှင့် ဧည့်သည်တော်များ စုံညီစွာ ကြွရောက်ကြမည့် ကမ္ဘာလုံးဆိုင်ရာ သာသနာ့ပွဲတော်ကြီးလည်း ဖြစ်သည်။ ဧပြီလ (၂၈) ရက်မှစတင်ကာ...

ရုရှားနိုင်ငံသို့ မြန်မာအလုပ်သမားများ ထပ်မံစေလွှတ်၊ မိသားစုထံ လုပ်ခလစာများ စနစ်တကျ ပြန်လည်ပေးပို့နိုင်ရန် စီစဉ်ပေးထား

မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား အလုပ်သမားကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ ရုရှားနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် သွားရောက်လုပ်ကိုင်မည့် မြန်မာအလုပ်သမား (၂၂) ဦးကို ထပ်မံစေလွှတ်ခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။ အဆိုပါ အလုပ်သမားအဖွဲ့သည် ရုရှားနိုင်ငံ၊ တာတာစတန်ပြည်နယ် (Tatarstan) သို့ ဧပြီလ (၂၈) ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။ ဤစေလွှတ်မှုသည် အလုပ်သမားဝန်ကြီးဌာန၏ ကြီးကြပ်ပံ့ပိုးမှုဖြင့် Vista International ကုမ္ပဏီက တာဝန်ယူဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး အလုပ်သမားများအနေဖြင့် ပြည်ပတွင် အလုပ်အကိုင် အခွင့်အလမ်းသစ်များရရှိစေရန် ရည်ရွယ်ခြင်းဖြစ်သည်။ အထူးခြားဆုံး အချက်အနေဖြင့် ပြည်ပသို့ ရောက်ရှိနေစဉ်အတွင်း...

ဖျာပုံမြို့နယ်၊ ချောင်းဝကျေးရွာတွင် ယနေ့နံနက်ပိုင်းက လူနေအိမ်မီးလေ-ာင်မှုဖြစ်ပွား၊ အိမ်ခြေ ၇၀ ကျော် မီးလောင်ဆုံးရှုံးခဲ့

ဖျာပုံမြို့နယ်၊ အမာမြို့ ဒေးဒလူကျေးရွာအုပ်စု၊ ချောင်းဝကျေးရွာမှာ ဧပြီလ ၂၉ ရက်က မနက် ၃ နာရီ ခန့်တွင် လူနေအိမ်များ မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါသတင်းအရ ဖျာပုံခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ ကျုံကဒွန်းနယ်‌မြေ မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီး နှင့် ကျေးရွာသူကျေးရွာသားများ စုပေါင်းမီးငြှိမ်းသတ်ရာ မနက်ပိုင်းတွင်ပင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါမီးလေ-ာင်မှု ဖြစ်စဉ်မှာ တဲအိမ်နောက်ဖေးရှိ မီးဖို၊ မီးကျွင်း၊ မီးကျန်များမှတဆင့် အကာထရံသို့ မီးကူးစက်လေ-ာင်ကျွမ်းခဲ့ခြင်းဖြစ်ကာ ဝါးထရံတဲအိမ်နှင့် သွပ်မိုးပျဥ်ကာ စုစုပေါင်းလူနေအိမ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071