Wednesday, May 27, 2026

မန္တလေးငလျင်အပြီး FDA မှ E-Submission...

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ငလျင်မလှုပ်ခတ်မီနှင့် ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း E-Submission မှတဆင့် ပြည်တွင်းအစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက်...

မြန်မာအမျိုးသမီးနည်းပြဟောင်း တက်ဆူရို ယူကီ Women...

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) သည် မြန်မာ့လက်ရွေး စင် အမျိုးသမီးဘောလုံးအသင်း၏ နည်းပြချုပ်ဟောင်းဖြ စ်သူ ဂျပန်လူမျိုး မစ္စတာ တက်ဆူရို ယူကီ (Tetsuro Uki)...

တောင်သူဦးကြီးများအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ပူးပေါင်းကာ ကမ္ဘောဇဘဏ်မှ...

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် ဖွံ့ဖြိုးဆဲနိုင်ငံ ဖြစ်သည်။ လူဦး‌ရေအများစုသည် စိုက်ပျိုးရေးကဏ္ဍတွင် လုပ်ကိုင်လျက်ရှိပြီး GDPအရ နိုင်ငံတော်ထုတ်ကုန်၏ အဓိကအပိုင်းတွင် စိုက်ပျိုးရေးကဏ္ဍလည်းပါဝင်လျက်ရှိသည်။ မြန်မာ့စီးပွားရေးတိုးတတ်‌စေရန်...

၂၀၂၆ ခုနှစ်ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဆုရစာရင်းတွင်...

အမျိုးသားအဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆုနှင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော လုပ်ငန်းဆုတို့ ပါဝင် နှစ်စဥ် ဇွန်လ(၅) ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် အစီအစဉ်တစ်ရပ်အနေဖြင့်ထည့်သွင်း၍...
HomeNewsLocal Newsမေ ၂၆ ရက်တစ်ညတည်းတွင်...

မေ ၂၆ ရက်တစ်ညတည်းတွင် မြန်မာနိုင်ငံ၌ ငလျင်(၃) ကြိမ်လှုပ်ခတ်ခဲ့

ယမန်နေ့ မေ ၂၆ ရက်ညပိုင်းက မြန်မာနိုင်ငံရှိ မြို့(၃) မြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်စီရှိသော ငလျင်လှုပ်ခတ်မှု(၃)ကြိမ်ဖြစ်ပွားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

ည ၁၁ နာရီ ၅၄ စက္ကန့်က ကလေးဝမြို့၏ အရှေ့ဘက် (၁၀)မိုင်ခန့်အကွာ၊ အနက်(၇၈)ကီလိုမီတာကိုဗဟိုပြု၍ မဂ္ဂနီကျူ့(၃ ဒသမ ၈)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ည ၈ နာရီ ၃၇ မိနစ် ၄၇ စက္ကန့်ကလည်း မော်လိုက်မြို့၏ အရှေ့မြောက်ဘက်(၂၃)မိုင်ခန့်အကွာ၊ အ နက်(၇၀)ကီလိုမီတာကိုဗဟိုပြု၍ မဂ္ဂနီကျူ့(၄ ဒသမ ၀) အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

ထို့အတူ ည ၇ နာရီ ၄၈ မိနစ် ၃၃ စက္ကန့်ကလည်း ကွမ်ခြံကုန်းမြို့၏ တောင်-အရှေ့တောင်ဘက်(၃၆)မိုင်ခန့်အ ကွာ၊ အနက်(၁၁)ကီလိုမီတာကိုဗဟိုပြု၍ မဂ္ဂနီကျူ့(၃ ဒသမ ၃)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ငလျင်လှုပ်ခတ်မှုများကို တမူးမြေငလျင်စခန်းနှင့် ကမ္ဘာအေးမြေငလျင်စခန်းတို့မှ တိုင်းထွာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန္တလေးငလျင်အပြီး FDA မှ E-Submission System တွင် Risk-Based Sampling System စတင်အသုံးပြုမည်

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ငလျင်မလှုပ်ခတ်မီနှင့် ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း E-Submission မှတဆင့် ပြည်တွင်းအစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက် (လုပ်ငန်းသစ်/လုပ်ငန်းတိုး) လျှောက်ထားလာသော လုပ်ငန်းများအား ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ် (GMP) နှင့် ကိုက်ညီမှုရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က အသိပေးထုတ်ပြန်ထားသည်။ ထို့ပြင် GMP စံနှုန်းနှင့် ကိုက်ညီသော လုပ်ငန်းများအား ပြည်တွင်းအစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက်များ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။ ထောက်ခံချက်ထုတ်ပေးပြီးနောက်ပိုင်းတွင်လည်း နမူနာကောက်ယူစစ်ဆေးခြင်းလုပ်ငန်းများကို “Risk-Based Sampling...

မြန်မာအမျိုးသမီးနည်းပြဟောင်း တက်ဆူရို ယူကီ Women Football Technical Director အဖြစ် တာဝန်ယူမည်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) သည် မြန်မာ့လက်ရွေး စင် အမျိုးသမီးဘောလုံးအသင်း၏ နည်းပြချုပ်ဟောင်းဖြ စ်သူ ဂျပန်လူမျိုး မစ္စတာ တက်ဆူရို ယူကီ (Tetsuro Uki) အား အမျိုးသမီး ဘောလုံးနည်းစနစ်ဒါရိုက်တာအဖြစ် ခန့်အပ်လိုက်ကြောင်း သိရသည်။ တက်ဆူရို ယူကီသည် အမျိုးသမီး ဘောလုံး နည်းစနစ်ဒါရို က်တာအဖြစ် တာဝန်ယူစဉ်အတွင်း မြန်မာအမျိုးသမီးဘော လုံး အဆင့်အတန်း မြင့်မားလာစေရန် ရေရှည်စီမံကိန်းများ ချမှတ်ခြင်း၊ မြန်မာ ယူ ၁၅/၁၇/၁၉ သက်တမ်းအလိုက် အမျိုးသမီးအသင်းများ နည်းစနစ်ပိုင်း တိုးတက်ရန် ဆောင်ရွက်ခြင်း၊ မြန်မာ...

တောင်သူဦးကြီးများအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ပူးပေါင်းကာ ကမ္ဘောဇဘဏ်မှ စိုက်ပျိုးရေးချေးငွများပံ့ပိုး

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် ဖွံ့ဖြိုးဆဲနိုင်ငံ ဖြစ်သည်။ လူဦး‌ရေအများစုသည် စိုက်ပျိုးရေးကဏ္ဍတွင် လုပ်ကိုင်လျက်ရှိပြီး GDPအရ နိုင်ငံတော်ထုတ်ကုန်၏ အဓိကအပိုင်းတွင် စိုက်ပျိုးရေးကဏ္ဍလည်းပါဝင်လျက်ရှိသည်။ မြန်မာ့စီးပွားရေးတိုးတတ်‌စေရန် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်လျက်ရှိသော တောင်သူဦးကြီးများနှင့် လယ်ယာများဟာ ပြည်သူများ၏ အားကိုးအားထားရာဖြစ်သည်။ ပြီးခဲ့သည့် ဧပြီလ ၁၀ ရက်တွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်မှ "ပြည်သူများဆင်းရဲနွမ်းပါးမှုလျော့ချရေးနှင့် တောင်သူလယ်သမားများ၏ဘဝ မြှင့်တင်ရေးသည် အဓိကကျတဲ့ ဦးစားပေးလုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း၊ ကျေးလက်နေပြည်သူအများစုဟာ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေအပေါ် အဓိကမှီခိုနေသူများဖြစ်၍ တောင်သူလယ်သမားဘဝမြှင့်တင်ဖို့နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်ဖို့အတွက် စီမံဆောင်ရွက်သွားမှာဖြစ်ကြောင်း လမ်းညွှန်မိန့်ကြားခဲ့သည်။ အဆိုပါ နိုင်ငံတော်မူဝါဒ လမ်းညွှန်ချက်များနှင့်အညီ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071