Home Movies မိုးရွာသွန်းမှုကြောင့် ရန်ကုန်တိုင်းရှိ မြို့နယ်(၃)ခု၌ သစ်ပင်များလဲကျ

မိုးရွာသွန်းမှုကြောင့် ရန်ကုန်တိုင်းရှိ မြို့နယ်(၃)ခု၌ သစ်ပင်များလဲကျ

0
76

ရန်ကုန်တိုင်းရှိ မရမ်းကုန်းမြို့နယ်၊ သင်္ဃန်းကျွန်းမြို့ နယ်နှင့် မှော်ဘီမြို့နယ်တို့၌ ယနေ့ ဇူလိုင် ၁၅ ရက်က မိုးရွာသွန်းမှုကြောင့် သစ်ပင်လဲကျမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

မရမ်းကုန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ဘုရင့်နောင်လမ်းတွင် နေ့လည် ၃ နာရီ ၁၅ မိနစ်ကျော်ခန့်က သစ် ပင်လဲကျခြင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ(၂၉)ရပ်ကွက်၊ ပေါ်ဆန်းမွှေးလမ်းနှင့် ကမ်းနားလမ်းထောင့်တွင် မွန်းလွဲ ၂ နာရီကျော်ခန့်က သစ်ပင်လဲကျခြင်း၊ မှော်ဘီမြို့နယ်၊ တပ်ကြီးကုန်းကျေးရွာ၊ ရန်ကုန်-ပြည်လမ်းဘေးတွင် နေ့လည် ၁ နာရီကျော်ခန့်က သစ်ပင်လဲကျခြင်းများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ဖယ်ရှားရှင်းလင်းမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here