Wednesday, July 15, 2026

ဖလမ်းမြို့ နေရပ်စွန့်ခွာ၍ ပြန်လည်ဝင်ရောက်လာသည့် ပြည်သူများအား...

ဖလမ်း၊ ဇူလိုင်-၁၅ ချင်းပြည်နယ်၊ ဖလမ်းမြို့ နေရပ်စွန့်ခွာ၍ ပြန်လည်ဝင်ရောက်လာသည့် ပြည်သူ များအား ထောက်ပံ့ပစ္စည်းများ ပေးအပ်သည့် အခမ်းအနားကို ဖလမ်းမြို့၊ မြို့တော်ခန်းမ၌ ၂၀၂၆...

ဝါစိုက်တောင်သူများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ တစ်ဧကလျင်(၃)သိန်းကျပ်ထုတ်ချေးပေးမည်

ဝါစိုက်တောင်သူများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ တစ်ဧကလျင်(၃)သိန်းကျပ်ထုတ်ချေးပေးမည်ဖြစ်ကြောင်း သိရသည်။ ဝါစိုက်ပျိုးဧကတိုးမြှင့်ရေး၊ မျိုးကောင်းမျိုးသန့်ရွေး ချယ်စိုက်ပျိုးနိုင်ရေး၊ ဝါအထွက်နှုန်းပန်းတိုင်ရရှိရေးနှင့် ပြည်ပတင်ပို့မှုပမာဏမြင့်မားလာစေရေးရည်ရွယ်၍ "ချည်မျှင်ရှည်ဝါ စိုက်ပျိုးထုတ်လုပ်သော တောင်သူများအတွက်" စိုက်ပျိုးစရိတ်ချေးငွေ...

​တာဝန်ဆိုင်းငံ့ထားတာကို ပယ်ဖျက်ပေးဖို့ ICC ရှေ့နေချုပ်...

​လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားလုပ်မှုနဲ့ စွပ်စွဲခံထားရတဲ့ နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ရဲ့ရှေ့နေချုပ် ကာရင်မ် ခန်း(Karim Khan) ဟာ သူ့ကို ယာယီတာဝန်ဆိုင်းငံ့ထားတာကို ပြန်ရုပ်သိမ်းပေးဖို့...

အီရန်တော်လှန်ရေးအစောင့်တပ်(IRGC) ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ဗြိတိန်သတ်မှတ်

​ဗြိတိန်အစိုးရဟယ နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်တယ်လို့ ယူဆရတဲ့ နိုင်ငံခြားအစိုးရ အဖွဲ့အစည်းတွေကို စာရင်းသွင်းအရေးယူနိုင်မယ့် ဥပဒေအသစ်အရ အီရန်တော်လှန်ရေးအစောင့်တပ်(IRGC) ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်လိုက်ပါတယ်။ ဒါကြောင့်...
HomeMoviesနေပြည်တော်စည်ပင်ဝန်ထမ်းသားသမီး ၅၇ ဦးကို...

နေပြည်တော်စည်ပင်ဝန်ထမ်းသားသမီး ၅၇ ဦးကို တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်ဆုများ ချီးမြှင့်

နေပြည်တော်၊ဇူလိုင်-၁၅

၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဝန်ထမ်းများ၏ သားသမီး ၅၇ ဦးအား ပညာရည်ချွန်ဆုများ ပေးအပ်ချီးမြှင့်သည့်အခမ်းအနားကို ယနေ့ ဇူလိုင် ၁၅ ရက် နံနက်ပိုင်းက နေပြည်တော်မြို့တော်ခန်းမရှိ မင်္ဂလာခန်းမ၌ ကျင်းပခဲ့ကြကြောင်း သိရသည်။

အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် မြို့တော်ဝန် ဦးကံမြင့်သန်း၊ ဒုတိယမြို့တော်ဝန်၊ ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ဆုရကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့တော်ဝန် ဦးကံမြင့်သန်းက အမှာစ ကားပြောကြားရာတွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်မှုသည် ကျောင်းသား၊ ကျောင်းသူများ၏ အနာဂတ်ဘဝအတွက် အရေးပါသည့်ခြေလှမ်းဖြစ် ကြောင်း၊ ပညာရေးအခွင့်အလမ်းများကို အပြည့်အဝအသုံးချကာ စဉ်ဆက်မပြတ်လေ့လာသင်ယူပြီး နိုင်ငံအတွက် အားထားရသည့် ပညာတတ်လူငယ်များ ဖြစ်လာစေရေး ဆက်လက်ကြိုးစားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ယခုနှစ်တွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဝန်ထမ်းများ၏ သား သမီးများအနက် ခြောက်ဘာသာဂုဏ်ထူးရှင် ၁ ဦး၊ ငါးဘာသာဂုဏ်ထူးရှင် ၄ ဦး၊ လေးဘာသာဂုဏ်ထူးရှင် ၄ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၁ ဦး၊ နှစ်ဘာသာဂုဏ် ထူးရှင် ၅ ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၈ ဦးနှင့် ရိုးရိုးအောင်မြင်သူ ၃၄ ဦး စုစု ပေါင်း ၅၇ ဦးရှိခဲ့ကြောင်း သိရသည်။

ဆုချီးမြှင့်ရာတွင် ဂုဏ်ထူးတစ်ဘာသာလျှင် ငွေကျပ် ၁သိန်းနှုန်းနှင့် ရိုးရိုးအောင် မြင်သူတစ်ဦးလျှင် ငွေကျပ် ၅ သောင်းနှုန်းဖြင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဖလမ်းမြို့ နေရပ်စွန့်ခွာ၍ ပြန်လည်ဝင်ရောက်လာသည့် ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်

ဖလမ်း၊ ဇူလိုင်-၁၅ ချင်းပြည်နယ်၊ ဖလမ်းမြို့ နေရပ်စွန့်ခွာ၍ ပြန်လည်ဝင်ရောက်လာသည့် ပြည်သူ များအား ထောက်ပံ့ပစ္စည်းများ ပေးအပ်သည့် အခမ်းအနားကို ဖလမ်းမြို့၊ မြို့တော်ခန်းမ၌ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်က ကျင်းပခဲ့ရာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ အဆိုပါအခမ်းအနားတွင် ဒုတိယဝန်ကြီးက ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေး နှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို အလျင်အမြန်အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း၊ ဌာနဆိုင်ရာရုံးများလည်း ပုံမှန်လည်ပတ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် နေ့စဉ်ပုံမှန်လူနေမှုဘဝကို အတိုင်းအတာတစ်ခုအဖြစ် ဖြည့်ဆည်းပေးနိုင်ရန်...

ဝါစိုက်တောင်သူများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ တစ်ဧကလျင်(၃)သိန်းကျပ်ထုတ်ချေးပေးမည်

ဝါစိုက်တောင်သူများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ တစ်ဧကလျင်(၃)သိန်းကျပ်ထုတ်ချေးပေးမည်ဖြစ်ကြောင်း သိရသည်။ ဝါစိုက်ပျိုးဧကတိုးမြှင့်ရေး၊ မျိုးကောင်းမျိုးသန့်ရွေး ချယ်စိုက်ပျိုးနိုင်ရေး၊ ဝါအထွက်နှုန်းပန်းတိုင်ရရှိရေးနှင့် ပြည်ပတင်ပို့မှုပမာဏမြင့်မားလာစေရေးရည်ရွယ်၍ "ချည်မျှင်ရှည်ဝါ စိုက်ပျိုးထုတ်လုပ်သော တောင်သူများအတွက်" စိုက်ပျိုးစရိတ်ချေးငွေ ဝါစိုက်ဧကတစ်ဧကလျှင်(၃)သိန်းကျပ်နှုန်းဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ထုတ်ပေးရန်စီစဉ်လျက်ရှိကြောင်း သိရသည်။ ချေးငွေကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံ‌ငွေ(တိုင်းအစိုး ရ)မှတစ်ဆင့်ထုတ်ချေးပေးမည်ဖြစ်၍ ထုတ်ချေးမည့် အစီအစဉ်အသေးစိတ်အချက်အလက်များကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ တိုင်းအစိုးရအဖွဲ့များမှ ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်း အစီအစဥ်သည် ဇူလိုင် ၁၁ ရက်က မကွေးမြို့၌ ကျင်းပခဲ့သည့် "ဝါစိုက်ပျိုးမှုမှသည် အထည်အလိပ် စက်မှုလုပ်ငန်းဆီသို့"ခေါင်းစဉ်ဖြင့်ဆွေးနွေးပွဲရလဒ်အရစီစဥ်ခြင်းဖြစ်ကြောင်း သိရသည်။

​တာဝန်ဆိုင်းငံ့ထားတာကို ပယ်ဖျက်ပေးဖို့ ICC ရှေ့နေချုပ် အယူခံဝင်ရာမှာ ရှုံးနိမ့်

​လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားလုပ်မှုနဲ့ စွပ်စွဲခံထားရတဲ့ နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ရဲ့ရှေ့နေချုပ် ကာရင်မ် ခန်း(Karim Khan) ဟာ သူ့ကို ယာယီတာဝန်ဆိုင်းငံ့ထားတာကို ပြန်ရုပ်သိမ်းပေးဖို့ အယူခံဝင်ခဲ့ပေမယ့် ရှုံးနိမ့်သွားတယ်လို့ ဗြိတိန်ရှေ့နေတွေကို ကြီးကြပ်ကွပ်ကဲတဲ့ Bar Standards Board(BSB) က အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။ ​အသက် ၅၆ နှစ်အရွယ် ရှေ့နေ မစ္စတာခန်းကတော့ သူ့အပေါ် စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။ ​သူ့ကို ဇွန်လ ၈ ရက်နေ့ကတည်းက ICC ရဲ့ အုပ်ချုပ်ရေးအဖွဲ့ကနေ ရာထူးကနေ ဆိုင်းငံ့ထားခဲ့ပြီးဖြစ်ပါတယ်။ ICC...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071