Wednesday, July 15, 2026

နေပြည်တော်စည်ပင်ဝန်ထမ်းသားသမီး ၅၇ ဦးကို တက္ကသိုလ်ဝင်စာမေးပွဲ...

နေပြည်တော်၊ဇူလိုင်-၁၅ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဝန်ထမ်းများ၏ သားသမီး ၅၇ ဦးအား ပညာရည်ချွန်ဆုများ ပေးအပ်ချီးမြှင့်သည့်အခမ်းအနားကို ယနေ့...

ဝါစိုက်တောင်သူများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ တစ်ဧကလျင်(၃)သိန်းကျပ်ထုတ်ချေးပေးမည်

ဝါစိုက်တောင်သူများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ တစ်ဧကလျင်(၃)သိန်းကျပ်ထုတ်ချေးပေးမည်ဖြစ်ကြောင်း သိရသည်။ ဝါစိုက်ပျိုးဧကတိုးမြှင့်ရေး၊ မျိုးကောင်းမျိုးသန့်ရွေး ချယ်စိုက်ပျိုးနိုင်ရေး၊ ဝါအထွက်နှုန်းပန်းတိုင်ရရှိရေးနှင့် ပြည်ပတင်ပို့မှုပမာဏမြင့်မားလာစေရေးရည်ရွယ်၍ "ချည်မျှင်ရှည်ဝါ စိုက်ပျိုးထုတ်လုပ်သော တောင်သူများအတွက်" စိုက်ပျိုးစရိတ်ချေးငွေ...

​တာဝန်ဆိုင်းငံ့ထားတာကို ပယ်ဖျက်ပေးဖို့ ICC ရှေ့နေချုပ်...

​လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားလုပ်မှုနဲ့ စွပ်စွဲခံထားရတဲ့ နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ရဲ့ရှေ့နေချုပ် ကာရင်မ် ခန်း(Karim Khan) ဟာ သူ့ကို ယာယီတာဝန်ဆိုင်းငံ့ထားတာကို ပြန်ရုပ်သိမ်းပေးဖို့...

အီရန်တော်လှန်ရေးအစောင့်တပ်(IRGC) ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ဗြိတိန်သတ်မှတ်

​ဗြိတိန်အစိုးရဟယ နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်တယ်လို့ ယူဆရတဲ့ နိုင်ငံခြားအစိုးရ အဖွဲ့အစည်းတွေကို စာရင်းသွင်းအရေးယူနိုင်မယ့် ဥပဒေအသစ်အရ အီရန်တော်လှန်ရေးအစောင့်တပ်(IRGC) ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်လိုက်ပါတယ်။ ဒါကြောင့်...
HomeMoviesဖလမ်းမြို့ နေရပ်စွန့်ခွာ၍ ပြန်လည်ဝင်ရောက်လာသည့်...

ဖလမ်းမြို့ နေရပ်စွန့်ခွာ၍ ပြန်လည်ဝင်ရောက်လာသည့် ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်

ဖလမ်း၊ ဇူလိုင်-၁၅

ချင်းပြည်နယ်၊ ဖလမ်းမြို့ နေရပ်စွန့်ခွာ၍ ပြန်လည်ဝင်ရောက်လာသည့် ပြည်သူ များအား ထောက်ပံ့ပစ္စည်းများ ပေးအပ်သည့် အခမ်းအနားကို ဖလမ်းမြို့၊ မြို့တော်ခန်းမ၌ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်က ကျင်းပခဲ့ရာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် ဒုတိယဝန်ကြီးက ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေး နှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို အလျင်အမြန်အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း၊ ဌာနဆိုင်ရာရုံးများလည်း ပုံမှန်လည်ပတ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် နေ့စဉ်ပုံမှန်လူနေမှုဘဝကို အတိုင်းအတာတစ်ခုအဖြစ် ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံတော်မှ ကူညီပံ့ပိုးသော အခြေခံ လိုအပ်သည့် စားသောက်ကုန်များနှင့် စားရေရိက္ခာများအား နေရပ်စွန့်ခွာ၍ ပြန်လည်ဝင်ရောက် လာသည့် ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်းနှင့် ထပ်မံဝင်ရောက်လာမည့် ပြည်သူများကိုလည်းဆက်လက် ထောက်ပံ့ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ဒုတိယဝန်ကြီးနှင့် ကော်မတီဝင်များမှ နေရပ်စွန့်ခွာ၍ ပြန်လည်ဝင်ရောက်လာသည့်ပြည်သူ (၂၃၃) ဦးအတွက် ဆန် (၇၂) အိတ်နှင့် ဆီ (၂၇၃) ပိဿာ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဖလမ်းမြို့ရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့် ကလေးကျန်းမာရေးဌာနသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်အထိ ဖလမ်းမြို့တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကိုယ်ဝန်ဆောင်မိခင် (၃၄) ဦးနှင့် (၅) နှစ်အောက် ကလေး (၉၂)ဦးအား ကာကွယ်ဆေးထိုးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်သည်။

တီးတိန်၊ တွန်းဇံနှင့် ဖလမ်းမြို့တို့တွင် ကိုယ်ဝန်ဆောင်မိခင် (၁၅၈၀၂) ဦးနှင့် (၅) နှစ်အောက်ကလေး (၇၇၈၀) ဦးအား ကာကွယ်ဆေးထိုးပေးခြင်းများနှင့် အသိပညာပေးခြင်းများကို ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်မှ ကိုယ်ဝန်ဆောင်မိခင်များနှင့် (၅) နှစ်အောက် ကလေးများအတွက် လိုအပ်သည့်ကာကွယ်ဆေးနှင့် ဆေးပစ္စည်းများကို အချိန်နှင့်တစ်ပြေးညီ ထောက်ပံ့ ပေးလျက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နေပြည်တော်စည်ပင်ဝန်ထမ်းသားသမီး ၅၇ ဦးကို တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်ဆုများ ချီးမြှင့်

နေပြည်တော်၊ဇူလိုင်-၁၅ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဝန်ထမ်းများ၏ သားသမီး ၅၇ ဦးအား ပညာရည်ချွန်ဆုများ ပေးအပ်ချီးမြှင့်သည့်အခမ်းအနားကို ယနေ့ ဇူလိုင် ၁၅ ရက် နံနက်ပိုင်းက နေပြည်တော်မြို့တော်ခန်းမရှိ မင်္ဂလာခန်းမ၌ ကျင်းပခဲ့ကြကြောင်း သိရသည်။ အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် မြို့တော်ဝန် ဦးကံမြင့်သန်း၊ ဒုတိယမြို့တော်ဝန်၊ ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ဆုရကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ မြို့တော်ဝန် ဦးကံမြင့်သန်းက အမှာစ ကားပြောကြားရာတွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်မှုသည် ကျောင်းသား၊ ကျောင်းသူများ၏ အနာဂတ်ဘဝအတွက်...

ဝါစိုက်တောင်သူများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ တစ်ဧကလျင်(၃)သိန်းကျပ်ထုတ်ချေးပေးမည်

ဝါစိုက်တောင်သူများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ တစ်ဧကလျင်(၃)သိန်းကျပ်ထုတ်ချေးပေးမည်ဖြစ်ကြောင်း သိရသည်။ ဝါစိုက်ပျိုးဧကတိုးမြှင့်ရေး၊ မျိုးကောင်းမျိုးသန့်ရွေး ချယ်စိုက်ပျိုးနိုင်ရေး၊ ဝါအထွက်နှုန်းပန်းတိုင်ရရှိရေးနှင့် ပြည်ပတင်ပို့မှုပမာဏမြင့်မားလာစေရေးရည်ရွယ်၍ "ချည်မျှင်ရှည်ဝါ စိုက်ပျိုးထုတ်လုပ်သော တောင်သူများအတွက်" စိုက်ပျိုးစရိတ်ချေးငွေ ဝါစိုက်ဧကတစ်ဧကလျှင်(၃)သိန်းကျပ်နှုန်းဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ထုတ်ပေးရန်စီစဉ်လျက်ရှိကြောင်း သိရသည်။ ချေးငွေကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံ‌ငွေ(တိုင်းအစိုး ရ)မှတစ်ဆင့်ထုတ်ချေးပေးမည်ဖြစ်၍ ထုတ်ချေးမည့် အစီအစဉ်အသေးစိတ်အချက်အလက်များကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ တိုင်းအစိုးရအဖွဲ့များမှ ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်း အစီအစဥ်သည် ဇူလိုင် ၁၁ ရက်က မကွေးမြို့၌ ကျင်းပခဲ့သည့် "ဝါစိုက်ပျိုးမှုမှသည် အထည်အလိပ် စက်မှုလုပ်ငန်းဆီသို့"ခေါင်းစဉ်ဖြင့်ဆွေးနွေးပွဲရလဒ်အရစီစဥ်ခြင်းဖြစ်ကြောင်း သိရသည်။

​တာဝန်ဆိုင်းငံ့ထားတာကို ပယ်ဖျက်ပေးဖို့ ICC ရှေ့နေချုပ် အယူခံဝင်ရာမှာ ရှုံးနိမ့်

​လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားလုပ်မှုနဲ့ စွပ်စွဲခံထားရတဲ့ နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ရဲ့ရှေ့နေချုပ် ကာရင်မ် ခန်း(Karim Khan) ဟာ သူ့ကို ယာယီတာဝန်ဆိုင်းငံ့ထားတာကို ပြန်ရုပ်သိမ်းပေးဖို့ အယူခံဝင်ခဲ့ပေမယ့် ရှုံးနိမ့်သွားတယ်လို့ ဗြိတိန်ရှေ့နေတွေကို ကြီးကြပ်ကွပ်ကဲတဲ့ Bar Standards Board(BSB) က အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။ ​အသက် ၅၆ နှစ်အရွယ် ရှေ့နေ မစ္စတာခန်းကတော့ သူ့အပေါ် စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။ ​သူ့ကို ဇွန်လ ၈ ရက်နေ့ကတည်းက ICC ရဲ့ အုပ်ချုပ်ရေးအဖွဲ့ကနေ ရာထူးကနေ ဆိုင်းငံ့ထားခဲ့ပြီးဖြစ်ပါတယ်။ ICC...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071