Wednesday, April 29, 2026

အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလုပ်သမားဝန်ကြီးဌာန ဝန်ထမ်းများ...

လာမည့် မေလ ၁ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလုပ်သမားဝန်ကြီးဌာနမှ ဝန်ထမ်းများသည် လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်မည့် စုပေါင်းသွေးလှူဒါန်းပွဲကို...

“ဝိဇ္ဇာအောင်” လေးဖက်နာဆေးသည် မှတ်ပုံတင်မရှိသော ဆေးဝါးဖြစ်ကြောင်း...

ကျန်းမာရေးဝန်ကြီးဌာနက ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော “ဝိဇ္ဇာအောင်” အမှတ်တံဆိပ် လေးဖက်နာနှင့် အကိုက်အခဲပျောက်ဆေး (ဆေးမှုန့်/ဆေးထုပ်) သည် တိုင်းရင်းဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးဖြစ်ကြောင်း အသိပေးနှိုးဆော်ချက် ထုတ်ပြန်ခဲ့သည်။ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်...

အနောက်တိုင်းဆေးပါဝင်သည့် တိုင်းရင်းဆေး ၆ မျိုးကို...

ကျန်းမာရေးဝန်ကြီးဌာနက ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော တိုင်းရင်းဆေးဝါးအချို့တွင် အနောက်တိုင်းဆေးများ ရောနှောပါဝင်နေပြီး စံမညီတိုင်းရင်းဆေးဝါး ၆ မျိုးကို မသုံးစွဲရန် ကျန်းမာရေးဝန်ကြီးဌာနက အသိပေးနှိုးဆော်ချက် ထုတ်ပြန်ခဲ့သည်။ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်...

မုံရွာမြို့တွင် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတို-က်ကျွေးရေး ရက်သတ္တပတ် (၂၀၂၆)...

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ မြို့တော်ခန်းမတွင် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်(၂၀၂၆) အထိမ်းအမှတ် အခမ်းအနားကို ဧပြီလ (၂၈) ရက်က ကျင်းပခဲ့သည်။ "ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးတဲ့လုပ်ငန်းဟာ နှစ်စဉ်အသက်ပေါင်းများစွာကို...
HomeMoviesမန္တလေးကုန်စည်ဒိုင်၌ မြေပဲဆံအဝင်နည်းသော်လည်း ဈေးကွက်လှုပ်ရှားမှုသွက်၊...

မန္တလေးကုန်စည်ဒိုင်၌ မြေပဲဆံအဝင်နည်းသော်လည်း ဈေးကွက်လှုပ်ရှားမှုသွက်၊ ဈေးနှုန်းအပြောင်းအလဲများရှိ

ဧပြီလနောက်ဆုံးပတ်အတွင်း မန္တလေးကုန်စည်ဒိုင်၌ မြေပဲဆံများ အဝင်နည်းပါးနေသော်လည်း အရောင်းအဝယ်သွက်လက်နေကြောင်း ကုန်သည်များထံမှ သိရသည်။

S1 လုံးဆံ တစ်ပိဿာလျှင် ယခုတစ်ပတ်တွင် ကျပ် ၁၁၈၀၀ ရှိပြီး ယခင်တစ်ပတ်က ကျပ် ၁၁၅၀၀ ဖြစ်ခဲ့သဖြင့် ကျပ် ၃၀၀ ခန့် ဈေးမြင့်တက်လာသည်။ သို့သော် ယခင်လက ကျပ် ၁၂၅၀၀ ရှိခဲ့သဖြင့် လစဉ်နှိုင်းယှဉ်ရာတွင် ကျပ် ၇၀၀ ခန့် ဈေးကျဆင်းနေသည်။

S1 ဆီဆံမှာ တစ်ပိဿာ ကျပ် ၁၁၅၀၀ ရှိပြီး ယခင်တစ်ပတ်က ကျပ် ၁၁၃၀၀ မှ ကျပ် ၂၀၀ ခန့် မြင့်တက်လာခဲ့သည်။ ယခင်လနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရသည်။

အနီလုံးဆံမှာ ယခင်တစ်ပတ်နှင့် တူညီသည့် တစ်ပိဿာ ကျပ် ၁၁၃၀၀ ဖြင့် ဈေးငြိမ်နေပြီး ယခင်လက ကျပ် ၁၁၅၀၀ ရှိခဲ့သဖြင့် ကျပ် ၂၀၀ ခန့် ဈေးကျဆင်းလာသည်။

ပြန့်လုံးဆံမှာ ယခုတစ်ပတ် တစ်ပိဿာ ကျပ် ၁၁၅၀၀ ရှိပြီး ယခင်တစ်ပတ်က ကျပ် ၁၂၀၀၀ နှင့် ယခင်လက ကျပ် ၁၂၃၀၀ ရှိခဲ့သဖြင့် တစ်ပတ်အတွင်း ကျပ် ၅၀၀ ခန့်နှင့် တစ်လအတွင်း ကျပ် ၈၀၀ ခန့် ဈေးကျဆင်းလာကြောင်း တွေ့ရသည်။

ပြန့်ဆီဆံမှာ တစ်ပိဿာ ကျပ် ၁၁၀၀၀ ရှိပြီး ယခင်တစ်ပတ်က ကျပ် ၁၁၃၀၀ နှင့် ယခင်လက ကျပ် ၁၁၈၀၀ ရှိခဲ့သဖြင့် တစ်ပတ်အတွင်း ကျပ် ၃၀၀ ခန့်နှင့် တစ်လအတွင်း ကျပ် ၈၀၀ ခန့် ဈေးကျဆင်းလာကြောင်း သိရသည်။

ကုန်သည်များ၏ ပြောကြားချက်အရ မြေပဲဆံအဝင်နည်းပါးနေသော်လည်း ဝယ်လိုအားဆက်လက်ရှိနေသဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ်များ သွက်လက်နေဆဲဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလုပ်သမားဝန်ကြီးဌာန ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်း

လာမည့် မေလ ၁ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလုပ်သမားဝန်ကြီးဌာနမှ ဝန်ထမ်းများသည် လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်မည့် စုပေါင်းသွေးလှူဒါန်းပွဲကို နေပြည်တော်၌ ခမ်းနားစွာ ကျင်းပခဲ့ကြသည်။ ဧပြီလ ၂၈ ရက် နံနက်ပိုင်းက နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) တွင် ပြုလုပ်သည့် ဤလှုပ်ရှားမှုတွင် ဝန်ထမ်းပေါင်း ၇၂ ဦးက စေတနာအပြည့်ဖြင့် ပါဝင်လှူဒါန်းခဲ့ကြခြင်း ဖြစ်သည်။ အဆိုပါ စုပေါင်းသွေးလှူဒါန်းပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြပြီး သွေးလှူရှင်ဝန်ထမ်းများကို...

“ဝိဇ္ဇာအောင်” လေးဖက်နာဆေးသည် မှတ်ပုံတင်မရှိသော ဆေးဝါးဖြစ်ကြောင်း ထုတ်ပြန်

ကျန်းမာရေးဝန်ကြီးဌာနက ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော “ဝိဇ္ဇာအောင်” အမှတ်တံဆိပ် လေးဖက်နာနှင့် အကိုက်အခဲပျောက်ဆေး (ဆေးမှုန့်/ဆေးထုပ်) သည် တိုင်းရင်းဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးဖြစ်ကြောင်း အသိပေးနှိုးဆော်ချက် ထုတ်ပြန်ခဲ့သည်။ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အရည်အသွေး စစ်မှန်ကောင်းမွန်ပြီး ဘေးဥပါဒ်အန္တရာယ်ကင်းရှင်းကာ အကျိုးအာနိသင်ရှိသည့် တိုင်းရင်းဆေးဝါးများကို အများပြည်သူတို့ စိတ်ချယုံကြည်စွာ သုံးစွဲနိုင်ရန် စဉ်ဆက်မပြတ် စနစ်တကျ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ယင်းသို့ စစ်ဆေးရာတွင် “ဝိဇ္ဇာအောင်” အမှတ်တံဆိပ် လေးဖက်နာနှင့် အကိုက်အခဲပျောက်ဆေးသည် အခြားဆေးဝါး၏ တိုင်းရင်းဆေးဝါးမှတ်ပုံတင်အမှတ် TMR-011461 (0615) ကို ထည့်သွင်းအသုံးပြုထားကြောင်း စိစစ်တွေ့ရှိခဲ့သည်ဟု ဆိုသည်။ ထို့ပြင်...

အနောက်တိုင်းဆေးပါဝင်သည့် တိုင်းရင်းဆေး ၆ မျိုးကို မသုံးစွဲရန် ကျန်းမာရေးဝန်ကြီးဌာန နှိုးဆော်

ကျန်းမာရေးဝန်ကြီးဌာနက ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော တိုင်းရင်းဆေးဝါးအချို့တွင် အနောက်တိုင်းဆေးများ ရောနှောပါဝင်နေပြီး စံမညီတိုင်းရင်းဆေးဝါး ၆ မျိုးကို မသုံးစွဲရန် ကျန်းမာရေးဝန်ကြီးဌာနက အသိပေးနှိုးဆော်ချက် ထုတ်ပြန်ခဲ့သည်။ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးဥပါဒ်အန္တရာယ်ကင်းရှင်းကာ အကျိုးအာနိသင်ရှိသော တိုင်းရင်းဆေးဝါးများကို အများပြည်သူတို့ စိတ်ချယုံကြည်စွာ သုံးစွဲနိုင်ရန် စဉ်ဆက်မပြတ် စနစ်တကျ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ယင်းသို့ စစ်ဆေးရာတွင် “ကာယသုခဆရာကြီးဖိုးဘစံ” အမှတ်တံဆိပ် အဆစ်အမျက်နာကျင်ကိုက်ခဲ၊ ဒူးနာ၊ ခါးနာရောဂါပျောက်ဆေး၊ “ငွေနတ်သား” အမှတ်တံဆိပ် လေးဖက်နာနှင့် ထိပ်ကပ်နာကုဆေး၊ “သစ္စာရှင်” အမှတ်တံဆိပ် အဆစ်အမျက်နာနှင့် အကိုက်အခဲပျောက်ဆေး၊ “မေတ္တာရှင်”...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071