Saturday, August 15, 2026

ပုဇွန်တောင်မြို့နယ်တွင် မြို့ပြသပ်ရပ်လှပရေးနှင့် အန္တရာယ်ကင်းရှင်းရေးအတွက် ရှုပ်ထွေးကေဘယ်ကြိုးများ...

ရန်ကုန်၊ ဩဂုတ် ၁၅ ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ် အောက်ပုဇွန်တောင်လမ်းတစ်လျှောက်တွင် မြို့ပြအင်္ဂါရပ်နှင့်အညီ သပ်ရပ်လှပစေရေးနှင့် လမ်းသွားလမ်းလာပြည်သူများ အန္တရာယ်ကင်းရှင်းစေရေးအတွက် ရှုပ်ထွေးနေသည့် ကေဘယ်ကြိုးများကို ဆက်လက်ရှင်းလင်းလျက်ရှိကြောင်း သိရသည်။ အဆိုပါ...

ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေး ရန်ကုန်မြို့နယ် ၈...

ရန်ကုန်၊ ဩဂုတ် ၁၅ ရန်ကုန်မြို့အတွင်း ဖြစ်ပွားနေသည့် ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် မိုးရာသီ သောက်သုံးရေသန့်ရှင်းရေးအတွက် မြို့နယ် ၈ ခုရှိ ရေပေးဝေရေးပိုက်လိုင်းကွန်ရက် ၂၁...

မြန်မာ-ဘယ်လာရုစ် ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးနှင့် မင့်စ်-ရန်ကုန်...

နေပြည်တော်၊ ဩဂုတ် ၁၅ မြန်မာနှင့် ဘယ်လာရုစ် နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ နှစ်နိုင်ငံပြည်သူများ အပြန်အလှန်ခရီးသွားလာမှု တိုးမြှင့်ရေးနှင့် မင့်စ်-ရန်ကုန် တို-က်ရို-က်လေကြောင်းခရီးစဉ် စတင်ပျံသန်းနိုင်ရေးတို့ကို...

စစ်ကိုင်းမြို့ပေါ် ရေဘေးသင့်ပြည်သူ ၁၅၀၀ ကျော်အတွက်...

စစ်ကိုင်း၊ ဩဂုတ် ၁၅ စစ်ကိုင်းမြို့ပေါ် ရပ်ကွက် (၉) ခုရှိ ရေဘေးသင့်အိမ်ထောင်စု ၄၁၂ စုမှ လူဦးရေ ၁,၅၆၉ ဦးအတွက် ကျပ်သိန်း...
HomeNewsLocal Newsမန္တလေး-မိုးကုတ် နှင့် မန္တလေး-မုံရွာ...

မန္တလေး-မိုးကုတ် နှင့် မန္တလေး-မုံရွာ ကားလမ်းများ ရေကြီးနစ်မြုပ်မှုကြောင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ အခက်အခဲဖြစ်ပေါ်နေ

မန္တလေး၊ဩဂုတ်-၁၅

မန္တလေး-မိုးကုတ်နှင့် မန္တလေး-မုံရွာ အဝေးပြေးကားလမ်းမကြီးများပေါ်ရှိ အချို့နေရာများတွင် ရေဖုံးလွှမ်းမှုများ ဖြစ်ပေါ်နေခြင်းကြောင့် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများ လည်ပတ်ရန် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံ ယာဉ်မောင်းများ၏ ပြောကြားချက်အရ သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းခဲ့မှုကြောင့် အဆိုပါ အဝေးပြေး လမ်းပိုင်းများပေါ်သို့ ရေကြီးနစ်မြုပ်မှုများ စတင်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး၊ ယာဉ်လိုင်းများအနေဖြင့် သတိပြုမောင်းနှင်နေရကာ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရကြောင်း သိရသည်။

“ကုန်ကားကြီးတွေတောင် ရေစီးအရမ်းကြမ်းတဲ့အချိန်ဆို မသွားရဲတော့ဘူး။ အရင်ရက်တွေကဆို ညအိပ်စောင့်ရတာ။ ခရီးသည်တင်ကားလေးတွေကတော့ ဖြတ်လို့ကိုမရလို့ ဟိုဘက်ဒီဘက် ကားချင်းချိန်းပြီး သွားနေရတာ။ အချိန်ကုန်၊ ငွေကုန်နဲ့ဆိုတော့ အတော်လေး အခက်အခဲဖြစ်တာပေါ့” ဟု မန္တလေးမြို့ခံ ခရီးသည်တင် အဝေးပြေးယာဉ်မောင်းတစ်ဦးက Popular News သို့ ပြောသည်။

လက်ရှိတွင် မန္တလေး-မိုးကုတ်လမ်းပေါ်ရှိ မတ္တရာမြို့နယ်၊ တံငါတောင်ကျေးရွာအနီးနှင့် မန္တလေး-မုံရွာလမ်းပေါ်ရှိ မြင်းမူမြို့နယ်၊ ညောင်ပင်ဝန်းကျေးရွာအနီး လမ်းပိုင်းများ၌ ရေကြီးရေလျှံမှုများ သိသိသာသာ ဖြစ်ပေါ်နေခြင်းဖြစ်သည်။

အဆိုပါ လမ်းမကြီးများပေါ်တွင် ရေဖုံးလွှမ်းကာ လမ်းပိတ်ဆို့မှုများ ဖြစ်ပွားနေသည်မှာ ရက်သတ္တပတ်တစ်ပတ်နီးပါး ကြာမြင့်လာပြီဖြစ်သဖြင့် ကုန်စည်စီးဆင်းမှုများ ကြန့်ကြာနှောင့်နှေးမှုရှိလာသည့်အပြင် ကုန်စည်ပျက်စီးဆုံးရှုံးမှုများပါ ကြုံတွေ့နေရကြောင်း သိရသည်။

photo:MFSD

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပုဇွန်တောင်မြို့နယ်တွင် မြို့ပြသပ်ရပ်လှပရေးနှင့် အန္တရာယ်ကင်းရှင်းရေးအတွက် ရှုပ်ထွေးကေဘယ်ကြိုးများ ဆက်လက်ရှင်းလင်း

ရန်ကုန်၊ ဩဂုတ် ၁၅ ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ် အောက်ပုဇွန်တောင်လမ်းတစ်လျှောက်တွင် မြို့ပြအင်္ဂါရပ်နှင့်အညီ သပ်ရပ်လှပစေရေးနှင့် လမ်းသွားလမ်းလာပြည်သူများ အန္တရာယ်ကင်းရှင်းစေရေးအတွက် ရှုပ်ထွေးနေသည့် ကေဘယ်ကြိုးများကို ဆက်လက်ရှင်းလင်းလျက်ရှိကြောင်း သိရသည်။ အဆိုပါ ကေဘယ်ကြိုးရှင်းလင်းရေးလုပ်ငန်း ဆောင်ရွက်နေမှုကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်နှင့် တာဝန်ရှိသူများက ဩဂုတ် ၁၄ ရက်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ကွင်းဆင်းစစ်ဆေးစဉ် ရှုပ်ထွေးနေသည့် ကေဘယ်ကြိုးများကို စနစ်တကျ ရှင်းလင်းနိုင်ရေးနှင့် လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေး ရန်ကုန်မြို့နယ် ၈ ခုရှိ ရေပေးဝေရေးကွန်ရက် ၂၁ နေရာတွင် ကလိုရင်းဆေး ထပ်မံခတ်

ရန်ကုန်၊ ဩဂုတ် ၁၅ ရန်ကုန်မြို့အတွင်း ဖြစ်ပွားနေသည့် ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် မိုးရာသီ သောက်သုံးရေသန့်ရှင်းရေးအတွက် မြို့နယ် ၈ ခုရှိ ရေပေးဝေရေးပိုက်လိုင်းကွန်ရက် ၂၁ နေရာတွင် ကလိုရင်းဆေးထပ်မံခတ်ခြင်း (Chlorine Booster Dosing) လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) ထံမှ သိရသည်။ ရန်ကုန်မြို့သို့ သောက်သုံးရေဖြန့်ဖြူးပေးနေသည့် ရေသန့်စင်စက်ရုံများတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ စံချိန်စံညွှန်းများနှင့်အညီ ကလိုရင်းခတ်ပေးလျက်ရှိပြီး လက်ရှိရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် ရေပေးဝေရေးကွန်ရက်အတွင်း ပိုးသတ်နိုင်စွမ်းရှိသည့် ကလိုရင်းကျန်ရှိမှုပမာဏ (Residual Chlorine)...

မြန်မာ-ဘယ်လာရုစ် ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးနှင့် မင့်စ်-ရန်ကုန် တို-က်ရို-က်လေကြောင်းခရီးစဉ် စတင်နိုင်ရေး ဆွေးနွေး

နေပြည်တော်၊ ဩဂုတ် ၁၅ မြန်မာနှင့် ဘယ်လာရုစ် နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ နှစ်နိုင်ငံပြည်သူများ အပြန်အလှန်ခရီးသွားလာမှု တိုးမြှင့်ရေးနှင့် မင့်စ်-ရန်ကုန် တို-က်ရို-က်လေကြောင်းခရီးစဉ် စတင်ပျံသန်းနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်နှင့် ဘယ်လာရုစ်နိုင်ငံ Belaya Rus ပါတီဥက္ကဋ္ဌ Ms. Olga Chemodanova ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ ဩဂုတ် ၁၄ ရက်က တွေ့ဆုံစဉ် ယင်းကိစ္စရပ်များကို ဆွေးနွေးခဲ့ခြင်းဖြစ်သည်။ တွေ့ဆုံစဉ် ဘယ်လာရုစ်ကိုယ်စားလှယ်အဖွဲ့က မြန်မာနိုင်ငံ၏ သဘာဝအလှအပများနှင့် ကမ်းခြေဒေသများကို ဘယ်လာရုစ်ပြည်သူများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071