Sunday, May 17, 2026

မန္တလေးတိုင်းရှိ စက်ရုံ၊ အလုပ်ရုံများမှ အာမခံအလုပ်...

နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)အတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းအဖြစ် မန္တလေးတိုင်းရှိ စက်ရုံ၊ အလုပ်ရုံများမှ အာမခံအလုပ်သမား(၈၁၅)ဦးကို မေ ၁၆ ရက်က ရွေ့လျားဆေးကုသယာဉ်ဖြင့် ကျန်းမာရေးစောင့်ရှောက်ပေးခဲ့ကြောင်း သိရသည်။ ပြည်ကြီးတံခွန်မြို့နယ်...

MAI က မေ ၁၈...

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း(MAI)က လာမည့် မေ ၁၈ ရက်မှ မေ ၂၂ ရက်အထိ လေယာဥ်ခရီးစဥ်အချို့၏ ပျံသန်းပြေးဆွဲချိန်များအပြောင်းအလဲဖြစ်ပေါ်ခဲ့သည်ဟု အသိပေးခဲ့သည်။ ရန်ကုန်-ဒွန်မောင်း-ရန်ကုန်၊ ရန်ကုန်-ဒေလီ-ရန်ကုန်၊ ရန်ကုန်-Gusngzhou-ရန်ကုန်၊...

မြန်မာ့ပထမဆုံး အမျိုးသမီးဘောလုံး အကယ်ဒမီအတွက် မန္တလေးဇုန်...

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်(MFF) က ကြီးမှူး၍ မန္တလေးမြို့တွင် ပထမဆုံးအကြိမ်ဖွင့်လှစ်မည့် အမျိုးသမီးဘောလုံး အကယ်ဒမီ (Women's Academy) အတွက် မန္တလေးဇုန်အပြီးသတ်လူရွေးချယ်ပွဲကို ယနေ့...

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် ဖြစ်ပွားနေသော အီဘိုလာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုကို ကမ္ဘာလုံးဆိုင်ရာ...

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DR Congo) တွင် ဖြစ်ပွားနေသော အီဘိုလာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုကို နိုင်ငံတကာက စိုးရိမ်ရသည့် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က...
HomeNewsLocal Newsဘန်ကောက်ယာဉ်တို-က်မှုတွင်ဘတ်စ်ကားနှင့်ရထားယာဉ်မောင်းနှစ်ဦးစလုံးကိုအမှုဖွင့်

ဘန်ကောက်ယာဉ်တို-က်မှုတွင်ဘတ်စ်ကားနှင့်ရထားယာဉ်မောင်းနှစ်ဦးစလုံးကိုအမှုဖွင့်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် စနေနေ့ မွန်းလွဲပိုင်းက ခရီးသည်တင်ဘတ်စ်ကားနှင့် ကုန်တင်ရထားတို-က်မိမှုတွင် သက်ဆိုင်ရာယာဉ်မောင်းနှစ်ဦးစလုံးကို ပေါ့ဆစွာမောင်းနှင့်မှုကြောင့် လူ‌ေ-သဆုံးစေမှုဖြင့် ဘန်ကောက်ရဲတပ်ဖွဲ့က အမှုဖွင့်စွဲဆိုခဲ့သည်။
        
ဖြစ်စဉ်နှင့်ပတ်သက်၍ အသက် ၄၆ နှစ်အရွယ် အမှတ် ၂၀၆ ဘတ်စ် ယာဉ်မောင်းနှင့် ကုန်တင်ရထားအမှတ် ၂၁၂၆ ၏ အသက် ၅၆ နှစ်အရွယ် ယာဉ်မောင်းတို့ကို တရားစွဲဆိုခဲ့သည်။
       
စနေနေ့ ညနေ ၃း၄၁ မိနစ်အချိန်က Huai Khwang ခရိုင် Asok-Din Daeng လမ်းပေါ်ရှိ ရထားနှင့် ကားလမ်းဆုံတွင် ယာဉ်တို-က်မှုဖြစ်ပွားခဲ့သည်။ မီးပွိုင့်တွင် ယာဉ်တန်းတစ်ခု၏ အစိတ်အပိုင်းဖြစ်သော ရထားလမ်းပေါ်တွင် ရပ်တန့်နေသည့် ခရီးသည်တင်ဘတ်စ်ကားကို ကုန်တင်ရထားက ဝင်တို-က်ခဲ့ခြင်းဖြစ်သည်။ ယာဉ်တို-က်မှုကြောင့် ဘတ်စ်ကားသည်မီးလေ-ာင်ကာ လူ ၈ ဦး ‌ေ-သဆုံးပြီး ၃၂ ဦး ဒ-ဏ်ရာရရှိခဲ့သကဲ့သို့ အခြားယာဉ်များစွာလည်း ပျ-က်စီးခဲ့သည်။
        
ယာဉ်များလမ်းကြောင်းပေါ် ရပ်တန့်နေသောကြောင့် အတားအဆီးလက်တံများ ချမရခဲ့ခြင်းသည် ယာဉ်တို-က်မှုကို ဖြစ်ပွားစေခဲ့သည်ဟု ဘန်ကောက်အုပ်ချုပ်ရေးမှူး ချတ်ချာ့တ် ဆစ်တီပွန့်က ပြောကြားခဲ့သည်။ ဥပဒေအရ ယာဉ်များသည် လမ်းဆုံများတွင် ငါးမီတာပတ်လည်အတွင်း ရပ်တန့်ခွင့်မရှိပေ။
       
ဝန်ကြီးချုပ် အနူတင်ချန်ဗီရာကူလ်က စနေနေ့ညပိုင်းတွင် အခင်းဖြစ်ပွားရာနေရာကို စစ်ဆေးကြည့်ရှု့ခဲ့ပြီးနောက် လမ်းဆုံတွင် ယာဉ်ကြောပိ-တ်ဆို့မှုဖြစ်နေကြောင်းကို ရထားလမ်းဝန်ထမ်းတစ်ဦးဦးက ရထားမောင်းသူကိ မည်သည့် အတွက်ကြောင့်သတိမပေးခဲ့သနည်းဟု မေးခွန်းထုတ်ခဲ့သည်။ လမ်းပိုင်းသည် အမြဲတမ်း ယာဉ်ကြောပိတ်ဆို့မှုများရှိနေသည်ဟု ၎င်းက ပြောကြားခဲ့သည်။
      
အပျ-က်အစီးများကို ရှင်းလင်းကာ စနေနေ့ညပိုင်းတွင် ရထား လမ်းဆုံမှ ထွက်ခွာသွားခဲ့ပြီးနောက် ကားလမ်းနှင့် ရထားလမ်းများအတွက် ပြန်ဖွင့်ပေးခဲ့သည်။ ‌ေ-သဆုံးသူများအတွက် ဝမ်းနည်းကြောင်း ပြသသည့်အနေဖြင့် အခင်းဖြစ်ပွားရာနေရာတွင် ပန်းစည်းများချထားခဲ့သည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန္တလေးတိုင်းရှိ စက်ရုံ၊ အလုပ်ရုံများမှ အာမခံအလုပ် သမား(၈၁၅)ဦးကို ရွေ့လျားဆေးကုသယာဉ်ဖြင့် ကျန်းမာရေးစောင့်ရှောက်ပေး

နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)အတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းအဖြစ် မန္တလေးတိုင်းရှိ စက်ရုံ၊ အလုပ်ရုံများမှ အာမခံအလုပ်သမား(၈၁၅)ဦးကို မေ ၁၆ ရက်က ရွေ့လျားဆေးကုသယာဉ်ဖြင့် ကျန်းမာရေးစောင့်ရှောက်ပေးခဲ့ကြောင်း သိရသည်။ ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုန်(၁)ရှိ စီဝိုင်တီချည်မျှင်စက်ရုံမှ အာမခံအလုပ်သမား(၇ဝ၆)ဦးနှင့် ဒုံးပျံဂျုံမှုန့်စက်ရုံမှ အာမခံအလုပ်သမား(၁၀၉)ဦးတို့ကို ကျန်းမာရေးစောင့်ရှောက်ပေးခဲ့ကြောင်း သိရသည်။ ထိုသို့ ကျန်းမာရေးစောင့်ရှောက်ပေးနေခြင်းကို အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်မောင်စိုးက ကြည့်ရှုအားပေးကာ စက်ရုံမှ အလုပ်သမားများ၊ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ(WCC) အဖွဲ့ဝင်များအားတွေ့ဆုံခဲ့သည်။ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)အတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းတို့၌ ရွေ့လျားဆေးကုသယာဉ်များဖြင့် အလုပ်ဌာနများအရောက် အာမခံအလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးလျက်ရှိသည်။

MAI က မေ ၁၈ ရက်မှ မေ ၂၂ ရက်အထိ လေယာဥ်ခရီးစဥ်အချို့၏ ပျံသန်းပြေးဆွဲချိန်အပြောင်းအလဲဖြစ်

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း(MAI)က လာမည့် မေ ၁၈ ရက်မှ မေ ၂၂ ရက်အထိ လေယာဥ်ခရီးစဥ်အချို့၏ ပျံသန်းပြေးဆွဲချိန်များအပြောင်းအလဲဖြစ်ပေါ်ခဲ့သည်ဟု အသိပေးခဲ့သည်။ ရန်ကုန်-ဒွန်မောင်း-ရန်ကုန်၊ ရန်ကုန်-ဒေလီ-ရန်ကုန်၊ ရန်ကုန်-Gusngzhou-ရန်ကုန်၊ ဒွန်မောင်း-မန္တလေး-ဒွန်မောင်း၊ ရန်ကုန်-ချင်းမိုင်-ရန်ကုန်၊ ရန်ကုန်-ဟိုချီမင်း- ရန်ကုန်၊ ရန်ကုန်-Phnom Penh-ရန်ကုန်၊ ရန်ကုန်-ကွာလာလမ်ပူ-ရန်ကုန် ခရီးစဥ်များကို MAI ၏ လုပ်ငန်းလည်ပတ်မှုဆိုင်ရာလိုအပ်ချက်အရ ပျံသန်းပြေးဆွဲချိန်ပြောင်းလဲခဲ့ရခြင်းဖြစ်သည်ဟု အသိပေးခဲ့သည်။ ထို့ကြောင့် ခရီးသည်များအနေဖြင့် နောက်ဆုံးရရှိမည့် လေယာဉ်ခရီးစဉ် အချိန်ဇယားများကို သေချာစွာ ပြန် လည်စစ်ဆေး၍ လေဆိပ်သွားရောက်ရန်နှင့် နောက်ဆက်တွဲ ခရီးစဉ်ချိတ်ဆက်မှုများအတွက် လိုအပ်သလို ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ထားကြရန်လည်း MAI...

မြန်မာ့ပထမဆုံး အမျိုးသမီးဘောလုံး အကယ်ဒမီအတွက် မန္တလေးဇုန် အပြီးသတ်လူရွေးချယ်ပွဲ စတင်ပြုလုပ်

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်(MFF) က ကြီးမှူး၍ မန္တလေးမြို့တွင် ပထမဆုံးအကြိမ်ဖွင့်လှစ်မည့် အမျိုးသမီးဘောလုံး အကယ်ဒမီ (Women's Academy) အတွက် မန္တလေးဇုန်အပြီးသတ်လူရွေးချယ်ပွဲကို ယနေ့ မေလ (၁၇) ရက် နံနက်ပိုင်းမှ စတင်ကာ မန္တလေးမြို့ရှိ အမျိုးသားဘောလုံးအကယ်ဒမီ ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ အမျိုးသမီးအကယ်ဒမီအတွက် လူရွေးချယ်ပွဲများကို ဇုန် (၂) ဇုန်ခွဲ၍ ပြုလုပ်ခြင်းဖြစ်ပြီး ရန်ကုန်ဇုန်အတွက်အပြီးသတ်ရွေးချယ်မှုကို မေလ (၁၁) ရက်က ပြုလုပ်ပြီးစီးခဲ့ပြီဖြစ်ကာ ယခုအခါ မန္တလေး၊ နေပြည်တော်၊ တောင်ကြီးနှင့် ကလောမြို့များမှ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071