Home News Local News မန္တလေးတိုင်းရှိ စက်ရုံ၊ အလုပ်ရုံများမှ အာမခံအလုပ် သမား(၈၁၅)ဦးကို ရွေ့လျားဆေးကုသယာဉ်ဖြင့် ကျန်းမာရေးစောင့်ရှောက်ပေး

မန္တလေးတိုင်းရှိ စက်ရုံ၊ အလုပ်ရုံများမှ အာမခံအလုပ် သမား(၈၁၅)ဦးကို ရွေ့လျားဆေးကုသယာဉ်ဖြင့် ကျန်းမာရေးစောင့်ရှောက်ပေး

0
77

နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)အတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းအဖြစ် မန္တလေးတိုင်းရှိ စက်ရုံ၊ အလုပ်ရုံများမှ အာမခံအလုပ်သမား(၈၁၅)ဦးကို မေ ၁၆ ရက်က ရွေ့လျားဆေးကုသယာဉ်ဖြင့် ကျန်းမာရေးစောင့်ရှောက်ပေးခဲ့ကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုန်(၁)ရှိ စီဝိုင်တီချည်မျှင်စက်ရုံမှ အာမခံအလုပ်သမား(၇ဝ၆)ဦးနှင့် ဒုံးပျံဂျုံမှုန့်စက်ရုံမှ အာမခံအလုပ်သမား(၁၀၉)ဦးတို့ကို ကျန်းမာရေးစောင့်ရှောက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကျန်းမာရေးစောင့်ရှောက်ပေးနေခြင်းကို အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်မောင်စိုးက ကြည့်ရှုအားပေးကာ စက်ရုံမှ အလုပ်သမားများ၊ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ(WCC) အဖွဲ့ဝင်များအားတွေ့ဆုံခဲ့သည်။

နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)အတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းတို့၌ ရွေ့လျားဆေးကုသယာဉ်များဖြင့် အလုပ်ဌာနများအရောက် အာမခံအလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးလျက်ရှိသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here