Home News Local News MAI က မေ ၁၈ ရက်မှ မေ ၂၂ ရက်အထိ လေယာဥ်ခရီးစဥ်အချို့၏ ပျံသန်းပြေးဆွဲချိန်အပြောင်းအလဲဖြစ်

MAI က မေ ၁၈ ရက်မှ မေ ၂၂ ရက်အထိ လေယာဥ်ခရီးစဥ်အချို့၏ ပျံသန်းပြေးဆွဲချိန်အပြောင်းအလဲဖြစ်

0
61

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း(MAI)က လာမည့် မေ ၁၈ ရက်မှ မေ ၂၂ ရက်အထိ လေယာဥ်ခရီးစဥ်အချို့၏ ပျံသန်းပြေးဆွဲချိန်များအပြောင်းအလဲဖြစ်ပေါ်ခဲ့သည်ဟု အသိပေးခဲ့သည်။

ရန်ကုန်-ဒွန်မောင်း-ရန်ကုန်၊ ရန်ကုန်-ဒေလီ-ရန်ကုန်၊ ရန်ကုန်-Gusngzhou-ရန်ကုန်၊ ဒွန်မောင်း-မန္တလေး-ဒွန်မောင်း၊ ရန်ကုန်-ချင်းမိုင်-ရန်ကုန်၊ ရန်ကုန်-ဟိုချီမင်း- ရန်ကုန်၊ ရန်ကုန်-Phnom Penh-ရန်ကုန်၊ ရန်ကုန်-ကွာလာလမ်ပူ-ရန်ကုန် ခရီးစဥ်များကို MAI ၏ လုပ်ငန်းလည်ပတ်မှုဆိုင်ရာလိုအပ်ချက်အရ ပျံသန်းပြေးဆွဲချိန်ပြောင်းလဲခဲ့ရခြင်းဖြစ်သည်ဟု အသိပေးခဲ့သည်။

ထို့ကြောင့် ခရီးသည်များအနေဖြင့် နောက်ဆုံးရရှိမည့် လေယာဉ်ခရီးစဉ် အချိန်ဇယားများကို သေချာစွာ ပြန် လည်စစ်ဆေး၍ လေဆိပ်သွားရောက်ရန်နှင့် နောက်ဆက်တွဲ ခရီးစဉ်ချိတ်ဆက်မှုများအတွက် လိုအပ်သလို ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ထားကြရန်လည်း MAI ကအကြံပြုထားသည်။

အကူအညီလိုအပ်သူများအနေဖြင့် MAI ၏ ခရီးသည်ဝန်ဆောင်မှုစင်တာဖုန်း 9787 (သို့) +959 880 443 787 ၊ MAI လူမှုကွန်ယက်စာမျက်နှာများ၏ Messenger, Instagram, Viber, LINE, Telegram နှင့် ဝဘ်ဆိုက်များ၊ လက်မှတ်ဝယ်ယူခဲ့သည့် သက်ဆိုင်ရာ ခရီးသွားကိုယ်စားလှယ်ရုံးများသို့ ဆက်သွယ်နိုင်ကာ ပျံသန်းပြေးဆွဲချိန်ပြောင်းလဲမှုကြောင့် လိုကိပါစီးနင်းမည့်သူများ စိတ်အနှောင့်အယှက်ဖြစ်ရခြင်းကို လှိုက် လှိုက်လှဲလှဲတောင်းပန်သည်ဟုလည်း MAI ကအသိပေးဖော်ပြခဲ့သည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here