ရန်ကုန်မြို့တွင် ဘတ်စ်ကားမှတ်တိုင်နှင့် YBS ကားများပေါ်၌ ခါးပိုက်နှိုက်မှု ကျူးလွန်နေသော ခါးပိုက်နှိုက် ၁၇၀ ကျော်ကို ငါးလအတွင်း ဖမ်းမိခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်း ရဲတပ်ဖွဲ့၏ အဆိုအရ ၂၀၂၆ ဇန်နဝါရီမှ မေ ၂၂ ရက်အထိ YBS ယာဉ်များပေါ်နှင့် ဘတ်စ်ကားမှတ်တိုင်များ၌ အခြေပြုလှုပ်ရှားနေသည့် ခါးပိုက်နှိုက် ၁၇၄ ဦးကို ဖမ်းမိခဲ့ကာ အရေးယူ ဆောင်ရွက်နေသည်ဟု ဆိုသည်။
ယင်းထဲ၌ အမျိုးသမီး ၂၁ ဦး ပါဝင်ကာ ကျန်သူများသည် အမျိုးသားများ ဖြစ်ကြသည်ဟုလည်း သိရသည်။
၎င်းတို့ထံမှ ကျပ် သိန်း ၈၀ ကျော်နှင့် လက်ကိုင်ဖုန်း အလုံး ၂၂၀ ကျော် သိမ်းဆည်းရမိခဲ့ပြီး အမှုပေါင်း ၂၀၅ မှုဖြင့် အမှုဖွင့်အရေးယူခဲ့ကြောင်းလည်း သိရသည်။