ဖိလစ်ပိုင်နိုင်ငံတွင် ပြိုကျခဲ့သော ဆောက်လုပ်ဆဲ အဆောက်အအုံ၏ အပျ-က်အစီးများထဲမှ လူနှစ်ဦးကို ကယ်ဆယ်ရေးသမားများက ဆွဲထုတ်နိုင်ခဲ့ပြီးနောက် ေ-သဆုံးသူဦးရေ သုံးဦးရှိလာကြောင်း အရာရှိများက မေလ ၂၅ ရက်နေ့တွင် ပြောကြားခဲ့သည်။ အပျ-က်အစီးပုံအောက်မှ အသက်ရှင်လျက်ရှိသေးသော လက္ခဏာများကို စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ရှာဖွေ ကယ်ဆယ်မှုများကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်။
ဆွဲထုတ်နိုင်ခဲ့သူ နှစ်ဦးအနက် တစ်ဦးသည် ပြန်ထုတ်ယူနိုင်ချိန်တွင် သွေးခုန်နှုန်းကို စမ်း၍ ရနေခဲ့သေးသော်လည်း နောက်ပိုင်းတွင် ေ-သဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ မီးဘေးကာကွယ်ရေးဗျူရိုမှ ပြန်ကြားရေးအရာရှိ မစ္စ မာရီယာ လက်ဆာဂျီလီက ဖုန်းအင်တာဗျူးတွင် ပြောကြားခဲ့ပြီး အခြားတစ်ဦးသည် ပိတ်မိနေခဲ့ချိန်တွင် နှလုံးခုန်ရပ်သွားခဲ့ခြင်းဟု ဆိုခဲ့သည်။
မြို့တော် မနီလာမြောက်ဘက် အိန်ဂျလိစ်မြို့ရှိ အဆိုပါ အထပ်မြင့်အဆောက်အအုံပြိုကျရသည့် အကြောင်းရင်းကို လက်ရှိတွင် စုံစမ်းစစ်ဆေးနေပြီဖြစ်ကြောင်း အရာရှိများက ပြောကြားခဲ့သည်။
ကယ်ဆယ်ရေးသမားများသည် အပျ-က်အစီးများအောက်ရောက်ရှိနေသည့် အခြားရုပ်အလေ-ာင်းတစ်လေ-ာင်းကိုလည်း ပြန်လည်ထုတ်ယူနိုင်ရန် လုပ်ဆောင်နေကြောင်း သို့သော်လည်း အလေ-ာင်းကို ပြန်ရမှသာ တရားဝင်ေ-သဆုံးမှုစာရင်းတွင် ထည့်သွင်းမည်ဖြစ်ကြောင်း မစ္စ ဆာဂျီလီက ပြောကြားခဲ့သည်။
အပူစကင်န်စစ်ဆေးမှုများအရ အပျ-က်အစီးများအောင်တွင် အသက်ရှုခြင်းနှင့် နှလုံးခုန်ခြင်း လက္ခဏာများကို တွေ့ရှိခဲ့သောကြောင့် ပိတ်မိနေသူများစွာရှိနေနိုင်ကြောင်း သူက ပြောဆိုသည်။
ပျေ-ာက်ဆုံးနေသူ ၁၇ ဦးရှိပြီး အများစုသည် လုပ်ငန်းခွင်တွင်တာဝန်ကျနေသော ဆောက်လုပ်ရေးလုပ်သားများဖြစ်ကြောင်းလည်း မစ္စ ဆာဂျီလီက ပြောကြားခဲ့သည်။
ေ-သဆုံးသူများထဲတွင် ပြိုကျမှုဒ-ဏ်ခံခဲ့ရသော အနီးရှိ ဟိုတယ်အဆောက်အအုံတစ်ခုမှ အသက် ၆၅ နှစ်အရွယ် မလေးရှားနိုင်ငံသားတစ်ဦးလည်း ပါဝင်ပြီး သူ၏ အလေ-ာင်းကို မေလ ၂၄ ရက်နေ့တွင် ပြန်ထုတ်ယူနိုင်ခဲ့ကြောင်း သိရသည်။
Ref: သယ်စထရိတ်တိုင်းမ်စ်
