စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့ ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများကို မေလ (၂၄) ရက် နံနက်ပိုင်းက ကသာမြို့တော်ခန်းမတွင် ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သိရသည်။
ယာယီနေရပ်စွန့်ခွာ ပြည်သူတစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၂၀,၀၀၀) နှုန်းဖြင့် (၃) လစာ လူဦးရေ (၃၄၆) ဦး အတွက်ထောက်ပံ့ငွေ ကျပ်် (၂၀,၇၆၀,၀၀၀) ကို ကသာခရိုင်၊ ကသာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် တာဝန်ရှိသူများကထောက်ပံ့ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
ကသာမြို့တွင် ယာယီနေရပ်စွန့်ခွာ ပြည်သူစုစုပေါင်း (၂၆၇၀) ဦးကျော်ရှိပြီး ယနေ့ထိ (၈၀၀) ဦးအတွက် ထောက်ပံ့ငွေပေးအပ်ခဲ့ပြီးဖြစ်ကာ ကျန်ရှိနေသော ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ငွေထောက်ပံ့ပေးအပ်နိုင်ရေး စိစစ်ဆောင်ရွက်လျှက်ရှိကြောင်း ကသာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။
