Monday, May 25, 2026

မြန်မာနိုင်ငံအတွက် စားနပ်ရိက္ခာနှင့် အာဟာရ အထောက်အပံများ...

မြန်မာနိုင်ငံအတွက် စားနပ်ရိက္ခာနှင့် အာဟာရ အထောက်အပံများ ပေးအပ်နိုင်ရန် ယူရို ၈ သန်း EUနင့် WFP ကူညီမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိ မြန်မာနိုင်ငံ၌...

မုတ်သုံလေစတင်ဝင်ရောက်မှုနှင့်အတူ ကမ်းရိုးတန်းဒေသများတွင် မိုးကြီး၍ လှိုင်းလေပြင်းထန်နိုင်ပြီး...

မြန်မာနိုင်ငံဒေသအချို့သို့ အနောက်တောင်မုတ်သုံလေများ စတင်ဝင်ရောက်နေပြီဖြစ်ကာ လာမည့် မေလ (၂၉) ရက်မှ ဇွန်လ (၆) ရက်အတွင်း ကမ်းရိုးတန်းဒေသများ၌ မိုးကြီးခြင်းနှင့် လှိုင်းလေပြင်းထန်ခြင်းများဖြစ်ပေါ်နိုင်ကြောင်း...

ဘတ်စ်ကားမှတ်တိုင်နှင့် YBS ကားများပေါ်မှ ခါးပိုက်နှိုက်...

ရန်ကုန်မြို့တွင် ဘတ်စ်ကားမှတ်တိုင်နှင့် YBS ကားများပေါ်၌ ခါးပိုက်နှိုက်မှု ကျူးလွန်နေသော ခါးပိုက်နှိုက် ၁၇၀ ကျော်ကို ငါးလအတွင်း ဖမ်းမိခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့၏...

ကသာမြို့ယာယီနေရပ်စွန့်ခွာပြည်သူများ ထောက်ပံ့ငွေများပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့ ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေမှ  ထောက်ပံ့ငွေများကို မေလ (၂၄) ရက် နံနက်ပိုင်းက ကသာမြို့တော်ခန်းမတွင် ပေးအပ်ထောက်ပံ့ခဲ့ကြောင်း...
HomeNewsLocal Newsအခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံနေပြီဖြစ်

အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံနေပြီဖြစ်

ယနေ့ မေ ၂၅ ရက်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် မူလတန်းမှ အထက်တန်းအဆင့်အထိ ကျောင်းအပ်နှံရေးကို စတင်လက်ခံနေပြီဖြစ်သည်။

မေလ ၂၅ ရက်မှ ၃၁ ရက်အထိ ကျောင်းအပ်နှံရေးကာလအဖြစ် လက်ခံဆောင်ရွက်သွားမည်ဖြစ်သည်။

ယနေ့တွင် ကျောင်းအပ်နှံသူများပြားခဲ့ပြီး KG မှ Grade-5 အထိ ကျောင်းသား၊ ကျောင်းသူများအား ဗလာစာအုပ် ၁ ဒါဇင်၊ ပုံနှိပ်စာအုပ် ၁ စုံ၊ ခဲတံ ၄ ချောင်းနှင့် ကျောင်းဝတ်စုံ ၁ စုံကို အခမဲ့ပေးအပ်ခဲ့သည်။

အလားတူ အလယ်တန်းနှင့် အထက်တန်းအဆင့်များအတွက် ဗလာစာအုပ် ၁ ဒါဇင်၊ ပုံနှိပ်စာအုပ် ၁ စုံ၊ ခဲတံ ၂ ချောင်းနှင့် ဘောလ်ပင် ၂ ချောင်းတို့ကို အခမဲ့ပေးသွားမည်ဟု သိရသည်။

ထို့ပြင် ကျောင်းအပ်နှံရေးလုပ်ငန်းများကို စနေ၊ တနင်္ဂနွေ အပါအဝင် ရုံးပိတ်ရက်မရှိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ KG အတန်းသို့ အသက် ၅ နှစ်ပြည့်ပြီးသူများကို အပ်နှံရမည်ဖြစ်ပြီး၊ အသက် ၅ နှစ်ပြည့်ရန် ၂ လလိုအပ်သူများအတွက် သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူး၏ ထောက်ခံစာ၊ ၃ လလိုအပ်သူများအတွက် ခရိုင်ပညာရေးမှူး၏ ထောက်ခံစာ လိုအပ်မည်ဖြစ်ကြောင်း သိရသည်။ အသက် ၆ နှစ်ပြည့်ပြီးသူများကို Grade-1 သို့ အပ်နှံနိုင်မည်ဖြစ်သည်။

ပညာရေးဝန်ကြီးဌာနက ကျောင်းအပ်နှံရာတွင် မိဘများထံမှ မည်သည့်အခကြေးငွေမျှ မကောက်ခံရန် ညွှန်ကြားထားပြီး ကျောင်းအပ်နှံခ၊ မိဘဆရာအသင်းကြေး၊ အားကစားကြေး၊ စာကြည့်တိုက်ကြေးတို့အပါအဝင် မည်သည့်ငွေကြေးကိုမျှ ကောက်ခံခြင်းမပြုရန်နှင့် အလှူငွေ၊ လက်ဆောင်ပစ္စည်းများ လက်ခံခြင်းမပြုရန် တားမြစ်ထားကြောင်း သိရသည်။

အဆိုပါ ကျောင်းအပ်နှံရေးသီတင်းပတ်ပြီးနောက် ဇွန်လ ၁ ရက်နေ့တွင် အခြေခံပညာကျောင်းများကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- ပေါ်ပြူလာနယူးစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာနိုင်ငံအတွက် စားနပ်ရိက္ခာနှင့် အာဟာရ အထောက်အပံများ ပေးအပ်နိုင်ရန် ယူရို ၈ သန်း EUနင့် WFP ကူညီမည်

မြန်မာနိုင်ငံအတွက် စားနပ်ရိက္ခာနှင့် အာဟာရ အထောက်အပံများ ပေးအပ်နိုင်ရန် ယူရို ၈ သန်း EUနင့် WFP ကူညီမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိ မြန်မာနိုင်ငံ၌ လူ ၄ ယောက်တွင် ၁ ယောက်နှုန်းဖြင့် စုစုပေါင်း လူဦးရေ ၁၂ ဒသမ ၄ သန်းသည် လတ်တလော ဆာလောင်မွတ်သိပ်မှုဒ-ဏ်ကို ရင်ဆိုင်နေရပြီး၊ လူဦးရေ ၃ ဒသမ ၇ သန်းသည်လည်း ဆက်လက်ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေကြရကြောင်းလည်း WFP က ထောက်ပြထားသည်။ အဆိုပါ ထောက်ပံမှုအရ...

မုတ်သုံလေစတင်ဝင်ရောက်မှုနှင့်အတူ ကမ်းရိုးတန်းဒေသများတွင် မိုးကြီး၍ လှိုင်းလေပြင်းထန်နိုင်ပြီး မိုးကြိုးအန္တရာယ်ကို အထူးဂရုပြုရန် သတိပေး

မြန်မာနိုင်ငံဒေသအချို့သို့ အနောက်တောင်မုတ်သုံလေများ စတင်ဝင်ရောက်နေပြီဖြစ်ကာ လာမည့် မေလ (၂၉) ရက်မှ ဇွန်လ (၆) ရက်အတွင်း ကမ်းရိုးတန်းဒေသများ၌ မိုးကြီးခြင်းနှင့် လှိုင်းလေပြင်းထန်ခြင်းများဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာစိုင်ခွန်အာကာက သတိပေးပြောကြားထားသည်။ အိန္ဒိယမိုးလေဝသဌာန၏ ထုတ်ပြန်ချက်အရ မြစ်ဝကျွန်းပေါ်ဒေသ၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် ကရင်ပြည်နယ်အထက်ပိုင်းတို့တွင် မုတ်သုံလေစတင်ဝင်ရောက်နေပြီဖြစ်ပြီး တနင်္သာရီ တိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အောက်ပိုင်းတို့တွင် မုတ်သုံလေအပြည့် အဝလွှမ်းခြုံနေပြီဖြစ်သဖြင့် မုတ်သုံမိုးများ ဆက်လက်ရွာသွန်းမည်ဖြစ်ကြောင်း ဆိုသည်။ အဆိုပါကာလအတွင်း ဧရာဝတီ၊ ရန်ကုန်၊ ပဲခူးခရိုင်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ရှိ ကမ်းရိုးတန်းနှင့် ကျွန်းငယ်လေးများတွင်...

ဘတ်စ်ကားမှတ်တိုင်နှင့် YBS ကားများပေါ်မှ ခါးပိုက်နှိုက် ၁၇၀ ကျော်ကို ငါးလအတွင်း ဖမ်းမိ

ရန်ကုန်မြို့တွင် ဘတ်စ်ကားမှတ်တိုင်နှင့် YBS ကားများပေါ်၌ ခါးပိုက်နှိုက်မှု ကျူးလွန်နေသော ခါးပိုက်နှိုက် ၁၇၀ ကျော်ကို ငါးလအတွင်း ဖမ်းမိခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့၏ အဆိုအရ ၂၀၂၆ ဇန်နဝါရီမှ မေ ၂၂ ရက်အထိ YBS ယာဉ်များပေါ်နှင့် ဘတ်စ်ကားမှတ်တိုင်များ၌ အခြေပြုလှုပ်ရှားနေသည့် ခါးပိုက်နှိုက် ၁၇၄ ဦးကို ဖမ်းမိခဲ့ကာ အရေးယူ ဆောင်ရွက်နေသည်ဟု ဆိုသည်။ ယင်းထဲ၌ အမျိုးသမီး ၂၁ ဦး ပါဝင်ကာ ကျန်သူများသည် အမျိုးသားများ ဖြစ်ကြသည်ဟုလည်း သိရသည်။ ၎င်းတို့ထံမှ ကျပ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071