Tuesday, September 15, 2026

နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ် လုပ်ရေးလုပ်ငန်းများကို တိုင်းနှင့် ပြည်နယ်များအ...

နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ် လုပ်ရေးလုပ်ငန်းများကို တိုင်းနှင့် ပြည်နယ်များအ လိုက်အကောင်အထည်ဖော်ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ စက်တင်ဘာ ၁၅ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အ စည်းအဝေး၌...

မ‌လေးရှားမှ ပြန်လည် ခေါ်ယူမည့် မြန်မာနိုင်ငံသား၆၂...

မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့မှ တာဝန်ယူ၍ မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာန ထိန်းသိမ်းရေးစခန်း Kemenyan Camp နှင့် Beranang Camp တို့မှ မြန်မာနိုင်ငံသား(၆၂)...

တရုတ်နှင့် အိန္ဒိယ ခရီးသွားများအတွက် ဆိုက်ရောက်ဗီဇာ...

မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့် လာရောက်လည်ပတ်မည့် တရုတ်နိုင်ငံသားနှင့် အိန္ဒိယနိုင်ငံသား ကမ္ဘာလှည့်ခရီးသွားများအတွက် ဆိုက်ရောက်ဗီဇာ (Visa on Arrival - Tourist) ခွင့်ပြုချက်ကို...

အင်းစိန် မီးရထားလမ်း ခုံးကျော်တံတား စီမံကိန်းကြောင့်...

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ ရန်ကုန်-ပြည် မီးရထားလမ်းနှင့် ခရေပင်လမ်းဆုံတွင် လေးလမ်းသွား ခုံးကျော်တံတားတစ်စင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။ အဆိုပါ ခုံးကျော်တံတားကို PC Girder...
HomeNewsLocal Newsဗီယက်နမ်ခရီးသွားများ ပိုမိုဆွဲဆောင်နိုင်ရန် FAM...

ဗီယက်နမ်ခရီးသွားများ ပိုမိုဆွဲဆောင်နိုင်ရန် FAM Trip များ စီစဉ်ဖိတ်ခေါ်မည်

နေပြည်တော်၊ စက်တင်ဘာ ၁၅

မြန်မာနိုင်ငံ၏ သာယာလှပမှု၊ လုံခြုံစိတ်ချရမှုနှင့် ပကတိအခြေအနေမှန်များကို မျက်မြင်ကိုယ်တွေ့ သိရှိစေရန် ဗီယက်နမ်နိုင်ငံမှ ခရီးသွားကုမ္ပဏီများနှင့် သတင်းမီဒီယာများကို ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာ ခရီးစဉ် (FAM Trip) များ စီစဉ်ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း သိရသည်။

စက်တင်ဘာ ၁၄ ရက် မွန်းလွဲပိုင်းက ယဉ်ကျေးမှူ၊ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၌ ကျင်းပသည့် မြန်မာ-ဗီယက်နမ် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ထိုသို့ FAM Trip များ စီစဉ်ပေးခြင်းဖြင့် ဗီယက်နမ်ခရီးသွားများ မြန်မာနိုင်ငံသို့ ယုံကြည်စိတ်ချစွာ လာရောက်လည်ပတ်နိုင်မည်ဖြစ်ကြောင်း ၎င်းက အသိပေးခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက နှစ်နိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများနှင့် ဗီယက်နမ်ဧည့်သည်များ ပိုမိုလာရောက်ရေး နည်းလမ်းများကို ဆွေးနွေးခဲ့သည်။

ထို့ပြင် အွန်လိုင်းမှ တက်ရောက်လာသည့် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံရုံး ဂုဏ်ထူးဆောင်ကောင်စစ်ဝန် Ms. LE NGUYEN NGOC TRINH၊ ဗီယက်နမ် ခရီးသွားကုမ္ပဏီများနှင့် လေကြောင်းလိုင်း တာဝန်ရှိသူများ၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ MAI လေကြောင်းလိုင်းနှင့် မြန်မာ-ဗီယက်နမ် ချစ်ကြည်ရေးအသင်းတို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ခရီးသွားကဏ္ဍ မြှင့်တင်ရေး အကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ် လုပ်ရေးလုပ်ငန်းများကို တိုင်းနှင့် ပြည်နယ်များအ လိုက်အကောင်အထည်ဖော်ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ မှာကြား

နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ် လုပ်ရေးလုပ်ငန်းများကို တိုင်းနှင့် ပြည်နယ်များအ လိုက်အကောင်အထည်ဖော်ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ စက်တင်ဘာ ၁၅ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အ စည်းအဝေး၌ မှာကြားသည်။ မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကြီး မားနေဆဲဖြစ်၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည် သူလူထု၏ လူနေမှုအဆင့်အတန်းမြင့်မားစေရေးအ တွက် လျှပ်စစ်ဓာတ်အားလုံလောက်စွာရရှိရေးမှာ အ လွန်အရေးကြီးသည်ဟု ပြောသည်။ " ဒါ့ကြောင့် မြန်မာနိုင်ငံမှာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်း အင်ဖြစ်တဲ့ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းတွေကို တိုင်းနဲ့ပြည်နယ်တွေအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ရပါမယ်"ဟု နိုင်ငံတော်သမ္မတက မှာကြားသည်။ ထို့ပြင် လက်ရှိအချိန်၌ ကမ္ဘာနှင့်အဝန်းတွင် ရာသီဥတုဖောက်ပြန်မှုများဖြစ်ပေါ်လျက်ရှိပြီး အယ်လ်နီညိုနှင့်ပတ်သက်၍လည်း ကြိုတင်သတိပေးထုတ်ပြန်ချက်များထုတ်ပြန်ထားသဖြင့်...

မ‌လေးရှားမှ ပြန်လည် ခေါ်ယူမည့် မြန်မာနိုင်ငံသား၆၂ ဦးစာရင်း သံရုံးအသိပေး

မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့မှ တာဝန်ယူ၍ မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာန ထိန်းသိမ်းရေးစခန်း Kemenyan Camp နှင့် Beranang Camp တို့မှ မြန်မာနိုင်ငံသား(၆၂) ဦးကို စက်တင်ဘာ ၁၇ ရက်(ကြာသပတေးနေ့) တွင် မြန်မာ့လေကြောင်းအမှတ်စဉ်၊ 8M-502 ဖြင့် ပြန်လည်ခေါ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်မည့်စာရင်းအား သက်ဆိုင်သူ မိသားစုဝင်များ သိရှိနိုင်ရန် မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့က ယနေ့တွင် လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် အသိပေးထုတ်ပြန်ထားသည်။ ထိန်းသိမ်းရေးစခန်းများရှိ မြန်မာနိုင်ငံသားများကိစ္စကို သက်ဆိုင်ရာ မိသားစုဝင်များထံသို့ တာဝန်ရှိသူ မဟုတ်သောသူများက ငွေကြေး လိမ်လည်တောင်းခံသည့်...

တရုတ်နှင့် အိန္ဒိယ ခရီးသွားများအတွက် ဆိုက်ရောက်ဗီဇာ (ကမ္ဘာလှည့်) သက်တမ်းကို ၁ နှစ် ထပ်မံတိုးမြှင့်

မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့် လာရောက်လည်ပတ်မည့် တရုတ်နိုင်ငံသားနှင့် အိန္ဒိယနိုင်ငံသား ကမ္ဘာလှည့်ခရီးသွားများအတွက် ဆိုက်ရောက်ဗီဇာ (Visa on Arrival - Tourist) ခွင့်ပြုချက်ကို စမ်းသပ်ကာလ (၁) နှစ် တတိယအကြိမ် ထပ်မံသက်တမ်းတိုးမြှင့်ပေးလိုက်ကြောင်း ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက အသိပေးကြေညာထားသည်။ အဆိုပါ ဆိုက်ရောက်ဗီဇာ သက်တမ်းတိုးမြှင့်ပေးမှုသည် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်နေ့မှ ၂၀၂၇ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်နေ့အထိ (၁) နှစ်တာ အကျုံးဝင်မည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071