Tuesday, September 15, 2026

တရုတ်နှင့် အိန္ဒိယ ခရီးသွားများအတွက် ဆိုက်ရောက်ဗီဇာ...

မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့် လာရောက်လည်ပတ်မည့် တရုတ်နိုင်ငံသားနှင့် အိန္ဒိယနိုင်ငံသား ကမ္ဘာလှည့်ခရီးသွားများအတွက် ဆိုက်ရောက်ဗီဇာ (Visa on Arrival - Tourist) ခွင့်ပြုချက်ကို...

MIIT ၌ ပထမနှစ် ဘွဲ့ကြိုသင်တန်းများအတွက်...

Grade-12 အောင်မြင်ထားသူများ တက်ရောက်နိုင်သည့် မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ် (MIIT) ၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ပထမနှစ် ဘွဲ့ကြိုသင်တန်းများအတွက် ဝင်ခွင့်လျှောက်လွှာများကို စတင်ခေါ်ယူနေပြီဖြစ်ကြောင်း...

ပင်လောင်း၌ ဘိန်းအစားထိုး ပဲပုပ်သီးနှံ ဧက...

ပင်လောင်း ၊ စက်တင်ဘာ ၁၅ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း ဘိန်းအစားထိုး သီးနှံအဖြစ် ပဲပုပ်သီးနှံ ဧက ၂,၉၀၀...

ဗီယက်နမ်ခရီးသွားများ ပိုမိုဆွဲဆောင်နိုင်ရန် FAM Trip...

နေပြည်တော်၊ စက်တင်ဘာ ၁၅ မြန်မာနိုင်ငံ၏ သာယာလှပမှု၊ လုံခြုံစိတ်ချရမှုနှင့် ပကတိအခြေအနေမှန်များကို မျက်မြင်ကိုယ်တွေ့ သိရှိစေရန် ဗီယက်နမ်နိုင်ငံမှ ခရီးသွားကုမ္ပဏီများနှင့် သတင်းမီဒီယာများကို ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာ ခရီးစဉ်...
HomeNewsLocal Newsအင်းစိန် မီးရထားလမ်း ခုံးကျော်တံတား...

အင်းစိန် မီးရထားလမ်း ခုံးကျော်တံတား စီမံကိန်းကြောင့် ယာဉ်ကြောပိတ်ဆို့မှု သက်သာစေမည်

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ ရန်ကုန်-ပြည် မီးရထားလမ်းနှင့် ခရေပင်လမ်းဆုံတွင် လေးလမ်းသွား ခုံးကျော်တံတားတစ်စင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ ခုံးကျော်တံတားကို PC Girder နှင့် Steel Box Girder အမျိုးအစား လေးလမ်းသွားအဖြစ် တည်ဆောက်သွားမည်ဖြစ်ပြီး ပြီးစီးပါက အဆိုပါဧရိယာအတွင်း ယာဉ်ကြောပိတ်ဆို့မှုများကို ထိရောက်စွာ ဖြေရှင်းပေးနိုင်မည်ဖြစ်သည်။

ယင်းလမ်းဆုံတွင် AADT စာရင်းစစ်ဆေးချက်များအရ ၆ ဘီးအထက် ယာဉ်ကြီးများနှင့် အိမ်စီးကား ပေါင်း ၃,၀၀၀ ကျော် နေ့စဉ်ဖြတ်သန်းနေပြီး ရန်ကုန်-ပြည် မီးရထားလမ်းပေါ်တွင်လည်း မြို့ပတ်ရထား အပါအဝင် အစုံ/အဆန် ရထား ၂၃ စင်းအထိ ပြေးဆွဲနေသောကြောင့် ယာဉ်ကြောကျပ်တည်းမှုကို လျှော့ချရန် ယခုစီမံကိန်းကို အကောင်အထည်ဖော်ခြင်း ဖြစ်သည်။

တံတားတည်ဆောက်နေစဉ် ကာလအတွင်း ယာဉ်သွားလာမှု အဆင်ပြေစေရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် စီမံကိန်းနယ်မြေအတွင်းရှိ လျှပ်စစ်နှင့် ဆက်သွယ်ရေးတိုင်များ ရွှေ့ပြောင်းခြင်း၊ တညင်းကုန်းဈေးအဝင် လမ်းလွှဲဖန်တီးခြင်းတို့ကိုလည်း သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်နှင့် အိန္ဒိယ ခရီးသွားများအတွက် ဆိုက်ရောက်ဗီဇာ (ကမ္ဘာလှည့်) သက်တမ်းကို ၁ နှစ် ထပ်မံတိုးမြှင့်

မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့် လာရောက်လည်ပတ်မည့် တရုတ်နိုင်ငံသားနှင့် အိန္ဒိယနိုင်ငံသား ကမ္ဘာလှည့်ခရီးသွားများအတွက် ဆိုက်ရောက်ဗီဇာ (Visa on Arrival - Tourist) ခွင့်ပြုချက်ကို စမ်းသပ်ကာလ (၁) နှစ် တတိယအကြိမ် ထပ်မံသက်တမ်းတိုးမြှင့်ပေးလိုက်ကြောင်း ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက အသိပေးကြေညာထားသည်။ အဆိုပါ ဆိုက်ရောက်ဗီဇာ သက်တမ်းတိုးမြှင့်ပေးမှုသည် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်နေ့မှ ၂၀၂၇ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်နေ့အထိ (၁) နှစ်တာ အကျုံးဝင်မည်ဖြစ်သည်။

MIIT ၌ ပထမနှစ် ဘွဲ့ကြိုသင်တန်းများအတွက် ဝင်ခွင့်လျှောက်လွှာ စတင်ခေါ်ယူ

Grade-12 အောင်မြင်ထားသူများ တက်ရောက်နိုင်သည့် မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ် (MIIT) ၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ပထမနှစ် ဘွဲ့ကြိုသင်တန်းများအတွက် ဝင်ခွင့်လျှောက်လွှာများကို စတင်ခေါ်ယူနေပြီဖြစ်ကြောင်း သိရသည်။ လျှောက်လွှာများကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့မှစ၍ MIIT ကျောင်းသားရေးရာဌာနတွင်လည်းကောင်း၊ တက္ကသိုလ် ဝဘ်ဆိုက်ဖြစ်သည့် www.miitmdy.edu.mm မှလည်းကောင်း ဒေါင်းလုဒ်ရယူ၍ အောက်တိုဘာလ ၁၂ ရက်နေ့ နောက်ဆုံးထားကာ ကျောင်းသို့ တိုက်ရိုက် လျှောက်ထားရမည်ဖြစ်သည်။ သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် လျှောက်လွှာရှင်များသည် နိုဝင်ဘာလ ၃ ရက်နှင့် ၄...

ပင်လောင်း၌ ဘိန်းအစားထိုး ပဲပုပ်သီးနှံ ဧက ၂,၉၀၀ ကျော် စိုက်ပျိုးနိုင်ခဲ့

ပင်လောင်း ၊ စက်တင်ဘာ ၁၅ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း ဘိန်းအစားထိုး သီးနှံအဖြစ် ပဲပုပ်သီးနှံ ဧက ၂,၉၀၀ ကျော် ပန်းတိုင်ကျော်လွန် စိုက်ပျိုးနိုင်ခဲ့ကြောင်းပင်လောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ အဆိုပါ ပဲပုပ်သီးနှံကို မိုးနှင့် ဆောင်း ၂ ရာသီ ပေါင်းစပ်၍ စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် တောင်သူများ မျိုးကောင်းမျိုးသန့် ရရှိရေး၊ စိုက်နည်းစနစ် မှန်ကန်ရေးနှင့် ပိုးမွှားအန္တရာယ် ကင်းရှင်းရေးတို့အတွက် သင်တန်းများနှင့် ကွင်းသရုပ်ပြပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ "ပဲပုပ်ကတော့ တကယ်ကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071