မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့် လာရောက်လည်ပတ်မည့် တရုတ်နိုင်ငံသားနှင့် အိန္ဒိယနိုင်ငံသား ကမ္ဘာလှည့်ခရီးသွားများအတွက် ဆိုက်ရောက်ဗီဇာ (Visa on Arrival – Tourist) ခွင့်ပြုချက်ကို စမ်းသပ်ကာလ (၁) နှစ် တတိယအကြိမ် ထပ်မံသက်တမ်းတိုးမြှင့်ပေးလိုက်ကြောင်း ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက အသိပေးကြေညာထားသည်။
အဆိုပါ ဆိုက်ရောက်ဗီဇာ သက်တမ်းတိုးမြှင့်ပေးမှုသည် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်နေ့မှ ၂၀၂၇ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်နေ့အထိ (၁) နှစ်တာ အကျုံးဝင်မည်ဖြစ်သည်။
