မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့မှ တာဝန်ယူ၍ မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာန ထိန်းသိမ်းရေးစခန်း Kemenyan Camp နှင့် Beranang Camp တို့မှ မြန်မာနိုင်ငံသား(၆၂) ဦးကို စက်တင်ဘာ ၁၇ ရက်(ကြာသပတေးနေ့) တွင် မြန်မာ့လေကြောင်းအမှတ်စဉ်၊ 8M-502 ဖြင့် ပြန်လည်ခေါ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်မည့်စာရင်းအား သက်ဆိုင်သူ မိသားစုဝင်များ သိရှိနိုင်ရန် မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့က ယနေ့တွင် လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် အသိပေးထုတ်ပြန်ထားသည်။
ထိန်းသိမ်းရေးစခန်းများရှိ မြန်မာနိုင်ငံသားများကိစ္စကို သက်ဆိုင်ရာ မိသားစုဝင်များထံသို့ တာဝန်ရှိသူ မဟုတ်သောသူများက ငွေကြေး လိမ်လည်တောင်းခံသည့် ဖြစ်စဉ်များအား ကာယကံရှင်များထံမှ ပြန်လည်သိရှိရပါသဖြင့် သက်ဆိုင်ရာ မိသားစုဝင်များနှင့် နီးစပ်ရာ အသိုက်အဝန်းများအနေဖြင့် သတိထား ဆောင်ရွက်နိုင်ပါရန်လည်း အသိပေးထုတ်ပြန်ထားသည်။
