Thursday, May 14, 2026

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကူးပြောင်းမှုသည် မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းဖြစ်လာဟု...

လက်ရှိကမ္ဘာ့အခြေအနေများအရ စွမ်းအင်လုံခြုံရေးအတွက် တွင်းထွက်စွမ်းအင်မှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ ကူးပြောင်းရေးသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းတစ်ရပ် ဖြစ်လာကြောင်း လန်ဒန်မြို့ရှိ မြန်မာသံရုံး၏ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးဝင်းဇေယျာထွန်းက...

ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏...

ယနေ့ မေလ ၁၃ ရက်တွင် အိန္ဒိယလူမျိုး ကမ္ဘာကျော်ငြိမ်းချမ်းရေးသံတမန်နှင့် လူမှုရေးခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့...

မက်မန်းမြို့နယ်နှင့် မြဝတီမြို့တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၁၁၀)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မက်မန်းမြို့နယ်ရှိ သံလွင်မြစ်အနီးနှင့် ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တ ရုတ်နိုင်ငံသား(၁၁၀)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ မေ ၁၂ ရက်နံနက်ပိုင်းနှင့်...

သာကေတ ဇိနမာရ်အောင်စေတီတော်မြတ်ကြီး ရွှေသင်္ကန်းကပ်လှူရန် အလှူငွေ...

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ရွှေသင်္ကန်းအလှူရှင်များ လှူဒါန်းသည့် အလှူငွေများကို လက်ခံရယူခဲ့ကြသည်။ ဇိနမာရ်အောင်စေတီတော်မြတ်ကြီး...
HomeCelebrities' Newsပန်းရောင်ခြယ် နဲ့ ပန်းသွန်းခြယ်...

ပန်းရောင်ခြယ် နဲ့ ပန်းသွန်းခြယ် သမီးနှစ်ယောက်အကြောင်းကို ပြောပြတဲ့ ဂရေဟမ်

အဆိုတော် ဂရေဟမ်ရဲ့သမီးကြီး ပန်းရောင်ခြယ်က ဖခင်နဲ့အတူWake Up Daddy သီချင်းခွေ ထွက်ရှိပြီး ဂီတ လောကထဲကို စတင်မိတ်ဆက်ကာ ဝင်ရောက်လာခဲ့ပါတယ်။ ဂရေဟမ်ကလည်း ပန်းရောင်ခြယ်ကို ဂီတနဲ့ပတ်သက်ပြီး    အားပေးကူညီမှု အပြည့်အဝပေးခဲ့သလို အခု သမီးငယ် ပန်းသွန်းခြယ်ကလည်း အဆိုတော်လုပ်ဖို့ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ဆိုပါတယ်။ ဂရေဟမ်တို့မိသားစုရဲ့ ဂီတလှုပ် ရှားမှု ခြေလှမ်းသစ်များက….

“သမီးပန်းရောင်ခြယ်နဲ့ကတော့ Wake Up Daddy အခွေ ထွက်ထားတယ်။ ပန်းရောင်ကိုလည်း  ပရိသတ်တွေက တကယ်ကို  အားပေးကြတယ်။ တကယ်လည်းချစ် ကြတယ်။ ပန်းရောင်နဲ့တော့ထပ်ပြီး ပုံစံတူမျိုးထွက်ဖို့မရှိသေးဘူး။ ဒါပေမဲ့ သမီးက အခု Mini Album လေး တစ်ခုလုပ်နေတယ်။ ဒီအခွေလေးကို ဝိုင်းကူပေးနေတယ်။ နောက်ပြီးသမီးငယ်လေးကလည်း ဆိုမယ်လို့တော့ ပြောနေတယ်။ ဒီလိုမျိုးဆိုရင်တော့ သမီးငယ်နဲ့လည်း သီချင်းတွေ ဆိုကောင်းဆိုနိုင်တယ်။ သမီးငယ်လည်း ဆိုဖို့ လိုအပ်တာလေးတွေပြင်နေပါပြီ။ ဒီလိုဆိုရင်တော့ မိသားစုလိုက်သီချင်း ဆိုတယ်။ အဆိုတော် မိသားစုလေးပေါ့” လို့ဂရေဟမ်က ပြောပြ ပါတယ်။

ပန်းရောင်ခြယ်နဲ့ ပန်းသွန်းခြယ်ညီအစ်မနှစ်ယောက်ကို လည်း ဖခင်တစ်ယောက်အနေနဲ့ သွင်သင်ဆုံးမသလို သူငယ်ချင်း ဆက်ဆံရေးမျိုးလည်း တည်ဆောက်ထားတယ်ဆိုတဲ့ ဖခင် ဂရေဟမ်က…

“ကိုယ်တို့မိသားစုက Family Lifeကိုပိုပြီးနှစ်သက်တော့ အမြဲတမ်းမိသားစုနဲ့နေဖြစ်တယ်။ မိသားစုလေးယောက်က အမြဲတမ်းအတူတူပဲ သွားလာကြတယ်။ နောက်ပြီးသမီးတွေကို လည်း သူငယ်ချင်းပေါင်းပေါင်းတာပေါ့နော်။ သူတို့ပြောတာ လေးတွေ တိုင်ပင်တာလေးတွေကိုလည်း အချိန်ပေးပြီးနား ထောင်ပေးတယ်။ မိဘကို မကြောက်နေရအောင်ပေါ့။ ဒါပေမဲ့ ရိုသေတာနဲ့ကြောက်တာနဲ့ကတော့ မတူဘူးပေါ့ နော်။ ကိုယ်ကလည်း ဆုံးမစရာရှိရင်တော့ လက်လှမ်းမှီ သလောက် ပြောပြတယ်” လို့ပြောပြပါတယ်။ အဆိုတော် ဂရေဟမ်ရဲ့ လတ်တလောဂီတလှုပ်ရားမှုကတော့ ၂ဝ၁၇ ခုနှစ်အကယ်ဒမီပေးပွဲမှာ တစ်ခေတ်တစ်ခါက အောင်မြင် ကျော်ကြားခဲ့တဲ့ တစ်ပြည်သူမရွှေထားသီချင်းနဲ့ သီဆို ဖျော်ဖြေသွားဦးမယ်လို့ သိရပါတယ်။

    မြတ်မိုးပွင့်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071