Saturday, September 19, 2026

အမြန်လမ်းတွင် “မြတ်မန္တလာထွန်း” အဝေးပြေးခရီးသည်တင်(Express)ကားပေါ် သစ်ပင်လဲကျ

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်ရှိ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ယနေ့ စက်တင်ဘာ ၁၉ ရက်နေ့လယ် ၃ နာရီခွဲကျော်ခန့်က "မြတ်မန္တလာထွန်း" အဝေးပြေးခရီးသည်တင်ကားပေါ်သို့ သစ်ပင်လဲကျခဲ့ကြောင်း သိရသည်။ အမြန်လမ်းမကြီး၏...

ရေပြန်ကျသွား၍ ခမောက်ကြီးမြို့မှ (၁၆)ကုတင်ဆံ့တိုက်နယ်ဆေးရုံအား သန့်ရှင်းရေးပြုလုပ်

တနင်္သာရီတိုင်း၊ ခမောက်ကြီးမြို့တွင် စက်တင်ဘာ ၁၈ ရက်နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး ခမောက်ကြီးချောင်းရေလျှံမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ (၁၆)ကုတင်ဆံ့တိုက်နယ်ဆေးရုံနှင့် နေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သော်လည်း...

ဧရာဝတီတိုင်းမှ ရေဘေးသင့်ဒေသများရှိ Grade-12 ဖြေဆိုမည့်...

ဧရာဝတီတိုင်းမှ ရေဘေးသင့်ဒေသများရှိ Grade-12 ဖြေဆိုမည့် ကျောင်းသား/သူများကို စခန်းသွင်းလေ့ ကျင့်ပေးသွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၁၇ ရက်က ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးအေးကျော် ဦးဆောင်ပြုလုပ်သည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲနှင့်ပက်သက်သည့်...

ပါတီမှရွေးချယ်လိုက်သည့်ခေါင်းဆောင်သစ်များသည် ပါတီကို အရှိန်အဟုန်နဲ့ဆက်လက်ဦးဆောင်သွားရန် ပါတီဉက္ကဌဦးခင်ရီမှ...

လွန်ခဲ့တဲ့ ၅နှစ်တာကာလမှာ ကျွန်တော်ဦးဆောင်တဲ့ ဗဟိုအမှုဆောင်အဖွဲ့ဟာ နိုင်ငံတော်ရဲ့လိုအပ်ချက်နဲ့အညီ ပါတီရေတို/ရေရှည်ရည်မှန်းချက်များရေးဆွဲရာ မြန်မာနိုင်ငံကြီးတည်ရှိနေသ၍ပါတီတည်ရှိရမယ်၊ အင်အားတောင့်တင်းပြီးကြီးကျယ်ခိုင်မာတဲ့ပါတီဖြစ်ရမယ်၊ ပြည်သူလူထုတစ်ရပ်လုံးက ယုံကြည်ကိုးစားမှုရှိပြီး မှတစ်ပါးအခြားမရှိအားကိုးထိုက်တဲ့ပါတီဖြစ်ရမယ်ဆိုပြီး ချမှတ်ဆောင်ရွက်ခဲ့ပါတယ်။ ဒီနေ့မှာ ပါတီပြန်လည်ဖွဲ့စည်းခြင်းနဲ့အတူ...
HomeNewsLocal Newsဗိုလ်လုပွဲတက်ရောက်သွားခဲ့သည့် မြန်မာ့လက်ရွေးစင်တက်ဂ်ဘော အမျိုးသမီးနှစ်ယောက်တွဲအသင်း

ဗိုလ်လုပွဲတက်ရောက်သွားခဲ့သည့် မြန်မာ့လက်ရွေးစင်တက်ဂ်ဘော အမျိုးသမီးနှစ်ယောက်တွဲအသင်း

မြန်မာ့လက်ရွေးစင်တက်ဂ်ဘော အမျိုးသမီးအသင်းသည် ယနေ့ စက်တင်ဘာ ၁၉ ရက်နံနက်ပိုင်းကယှဥ်ပြိုင်ခဲ့သည့် အမျိုးသမီးနှစ်ယောက်တွဲ ဆီမီးဖိုင်နယ်ပွဲစဥ်၌နိုင်ပွဲရရှိခဲ့သဖြင့် ဗိုလ်လုပွဲသို့တက်ရောက်သွားခဲ့ပြီဖြစ်ကြောင်း သိရသည်။

ဆီမီးဖိုင်နယ်တွင် မြန်မာ့လက်ရွေးစင်တက်ဂ်ဘော အမျိုးသမီးနှစ်ယောက်တွဲအသင်းသည် လက်ဘနွန် အမျိုးသမီးအသင်းနှင့်ယှဥ်ပြိုင်ကစားပြီးနောက် (၂)ပွဲ ပြတ်ဖြင့်နိုင်ပွဲရရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် မြန်မာ့လက်ရွေးစင်တက်ဂ်ဘော အမျိုးသမီးနှစ်ယောက်တွဲအသင်းသည် ဗိုလ်လုပွဲစဥ်အား မနက်ဖြန် စက်တင်ဘာ ၂၀ ရက်၌ ထိုင်းအမျိုးသမီးအသင်းနှင့်ယှဥ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမြန်လမ်းတွင် “မြတ်မန္တလာထွန်း” အဝေးပြေးခရီးသည်တင်(Express)ကားပေါ် သစ်ပင်လဲကျ

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်ရှိ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ယနေ့ စက်တင်ဘာ ၁၉ ရက်နေ့လယ် ၃ နာရီခွဲကျော်ခန့်က "မြတ်မန္တလာထွန်း" အဝေးပြေးခရီးသည်တင်ကားပေါ်သို့ သစ်ပင်လဲကျခဲ့ကြောင်း သိရသည်။ အမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၃၇၃/၄ တွင် "မြတ်မန္တလာထွန်း"အဝေးပြေးခရီးသည်တင်(Expressကားပေါ်သို့သစ်ပင်လဲကျပြီးလမ်းပိတ်နေသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ဖယ်ရှားရှင်းလင်းမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ဖြစ်စဥ်ကြောင့် အဝေးပြေးခရီးသည်တင်(Express) ကား၏ ရှေ့လေကာမှန်မှာပျ-က်စီးသွားခဲ့ပြီး လိုက်ပါလာသူများတွင် ထိခိုက်ဒ-ဏ်ရာရသူမရှိခဲ့ကြောင်း သိရသည်။

ရေပြန်ကျသွား၍ ခမောက်ကြီးမြို့မှ (၁၆)ကုတင်ဆံ့တိုက်နယ်ဆေးရုံအား သန့်ရှင်းရေးပြုလုပ်

တနင်္သာရီတိုင်း၊ ခမောက်ကြီးမြို့တွင် စက်တင်ဘာ ၁၈ ရက်နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး ခမောက်ကြီးချောင်းရေလျှံမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ (၁၆)ကုတင်ဆံ့တိုက်နယ်ဆေးရုံနှင့် နေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သော်လည်း ယနေ့ စက်တင်ဘာ ၁၉ ရက်တွင် ရေများပြန်လည်ကျဆင်းသွားသဖြင့် မွန်းတည့် ၁၂ နာရီခန့်မှစတင်ကာ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံများ၊ လူမှုကူညီရေးအသင်းဝင်များက (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံအား သန့်ရှင်းရေးပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ရေကြီးရေလျှံစဥ်ကတင်ကျန်ခဲ့သော အမှိုက်သရိုက်များ၊ နုန်းများ၊ ရွံ့နွံများကို ဖယ်ရှားရှင်းလင်းသန့်ရှင်းရေးပြုလုပ်ပေးခဲ့ကြကာ ရေတွင်းများကိုလည်း ရေစုပ်ထုတ်ပေးခဲ့ကြကြောင်း သိရသည်။

ဧရာဝတီတိုင်းမှ ရေဘေးသင့်ဒေသများရှိ Grade-12 ဖြေဆိုမည့် ကျောင်းသား/သူများကို စခန်းသွင်းလေ့ ကျင့်ပေးသွားမည်

ဧရာဝတီတိုင်းမှ ရေဘေးသင့်ဒေသများရှိ Grade-12 ဖြေဆိုမည့် ကျောင်းသား/သူများကို စခန်းသွင်းလေ့ ကျင့်ပေးသွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၁၇ ရက်က ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးအေးကျော် ဦးဆောင်ပြုလုပ်သည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲနှင့်ပက်သက်သည့် အစည်းအဝေးမှ သိရသည်။ ၂၀၂၇ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ အောင်ချက်မြင့်မားရေးအတွက် တိုင်းဝန်ကြီးချုပ်ဦးအေးကျော်ဦးဆောင်၍ ပုသိမ်တက္ကသိုလ်၌ ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ်၊ စာစစ်မှူးချုပ်များနှင့် အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။ အစည်းအဝေးတွင် တိုင်းဝန်ကြီးချုပ်က တိုင်းအစိုးရအဖွဲ့အနေဖြင့် အဆင့်မြင့်ပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ တက္ကသိုလ်ဝင်တန်းအောင် ချက်မြင့်မားရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အောင်ချက်အားနည်းသည့် ဘာသာရပ်များတွင် အောင်မှတ်ရရှိစေရေးအတွက် သက်ဆိုင်ရာ ဆရာ၊ ဆရာမများ၊ ကျောင်းအုပ်ကြီးများ၊ မြို့နယ်၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071