Wednesday, September 16, 2026

ဧရာဝတီတိုင်းဒေသကြီးအတွင်း ညပိုင်းတွင် မိုးသည်းထန်နိုင်ဟု ဆို

လက်ရှိတွင် ပဲခူးတောင်ပိုင်းရိုးမပေါ်၌ မိုးထစ်ချုန်းရွာသွန်းနေပြီး မိုးတိမ်များသည် တောင်ဘက်နှင့် အနောက်ဘက်သို့ တဖြည်းဖြည်း ရွေ့လျားနေကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်က အသိပေးထားသည်။ ယနေ့ ညနေ ၆...

နှစ်နိုင်ငံချစ်ကြည်ရေးကို ရှေးရှု၍ အမေရိကန်နိုင်ငံသား Adam...

နေပြည်တော်၊ စက်တင်ဘာ ၁၆ မြန်မာနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့အကြား နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုဆက်ဆံရေးကို ရှေးရှု၍ အမှုဖွင့်အရေးယူခံထားရသည့် အမေရိကန်နိုင်ငံသား Adam Michael Castillo အား ယနေ့...

အိုဇုန်းလွှာကာကွယ်ရေးကို ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် ပေါင်းစပ်ဆောင်ရွက်ရန်...

ထားဝယ်၊ စက်တင်ဘာ ၁၆အိုဇုန်းလွှာ ကာကွယ်ရေးလုပ်ငန်းများကို ရာသီဥတုပြောင်းလဲမှု လျှော့ချရေး၊ စွမ်းအင် ထိရောက်စွာ အသုံးချရေးနှင့် ကာဗွန် ထုတ်လွှတ်မှု လျှော့ချရေး လုပ်ငန်းများနှင့်...

ငဝန်မြစ်ရေတို-က်စားမှုကြောင့် ယိုင်လဲခဲ့သည့် Steel Sheet...

ငဝန်မြစ်ရေတို-က်စားမှုကြောင့် ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍ တာတမံနိမ့်ကျမှု ဖြစ်ပွားခဲ့ရာ လေးမျက်နှာမြို့နှင့် ဆက်စပ်မြို့၊ ကျေးရွာများသို့ ရေကျော်စီးဝင်မှုမှ ကာကွယ်နိုင်ရေး Steel...
HomeNewsLocal Newsနေပြည်တော်သို့ ရောက်ရှိခဲ့သည့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့...

နေပြည်တော်သို့ ရောက်ရှိခဲ့သည့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့ ပြန်လည်ထွက်ခွာ

ရန်ကုန်၊ စက်တင်ဘာ ၁၆

စက်တင်ဘာ ၁၅ ရက် ညနေပိုင်းက နေပြည်တော်သို့ ရောက်ရှိလာခဲ့သည့် အမေရိကန်ပြည်ထောင်စုမှ ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ စက်တင်ဘာ ၁၆ ရက် ညနေပိုင်းတွင် နေပြည်တော်မှ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

အမေရိကန်ကိုယ်စားလှယ်အဖွဲ့၏ ယခုခရီးစဉ်မှာ တစ်ရက်ခန့်သာ ကြာမြင့်ခဲ့ပြီး ခရီးစဉ်အတွင်း မည်သူများနှင့် တွေ့ဆုံခဲ့သည်၊ မည်သည့်အကြောင်းအရာများ ဆွေးနွေးခဲ့သည်ဆိုသည့် အသေးစိတ်အချက်အလက်များကို လက်ရှိအချိန်အထိ အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ယခုခရီးစဉ်တွင် အမေရိကန်လေတပ် (United States Air Force) ၏ Beech C-12D Huron အမျိုးအစား၊ မှတ်ပုံတင်အမှတ် 83-0498 လေယာဉ်ကို အသုံးပြုခဲ့ကြောင်း လေကြောင်းပျံသန်းမှုဆိုင်ရာ မှတ်တမ်းများတွင် ဖော်ပြထားပြီး အဆိုပါလေယာဉ်သည် SPAR14 Call Sign ဖြင့် ပျံသန်းခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာ ၁၆ ရက် ပြန်လည်ထွက်ခွာသည့် ပျံသန်းမှုမှတ်တမ်းအရ အဆိုပါလေယာဉ်သည် နေပြည်တော် (NYT) မှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဒွန်မောင်းလေဆိပ် (DMK) သို့ ထွက်ခွာသွားခဲ့ကြောင်း တွေ့ရသည်။

အမေရိကန်ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်သူများနှင့် ယခုနေပြည်တော်ခရီးစဉ်၏ ရည်ရွယ်ချက်ကိုမူ လက်ရှိရရှိထားသည့် အချက်အလက်များအရ မသိရှိရသေးပေ။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဧရာဝတီတိုင်းဒေသကြီးအတွင်း ညပိုင်းတွင် မိုးသည်းထန်နိုင်ဟု ဆို

လက်ရှိတွင် ပဲခူးတောင်ပိုင်းရိုးမပေါ်၌ မိုးထစ်ချုန်းရွာသွန်းနေပြီး မိုးတိမ်များသည် တောင်ဘက်နှင့် အနောက်ဘက်သို့ တဖြည်းဖြည်း ရွေ့လျားနေကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်က အသိပေးထားသည်။ ယနေ့ ညနေ ၆ နာရီကျော်တွင် အဆိုပါမိုးတိမ်များသည် ရန်ကုန်တိုင်းမြောက်ပိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းသို့ ရောက်ရှိလာနိုင်ပြီး လက်ရှိရေကြီးနေသည့် ငသိုင်းချောင်း၊ ကျုံပျော်၊ ဟင်္သာတနှင့် ညောင်တုန်းမြို့နယ်များတွင် ညပိုင်းအချိန် မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားသည်။ မိုး/ဇလ၏ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၆ ရက် မြန်မာစံတော်ချိန် ၁၅:၃၀ နာရီ တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းတွင် စက်တင်ဘာ...

နှစ်နိုင်ငံချစ်ကြည်ရေးကို ရှေးရှု၍ အမေရိကန်နိုင်ငံသား Adam Michael Castillo အား ပြည်နှင်စေလွှတ်

နေပြည်တော်၊ စက်တင်ဘာ ၁၆ မြန်မာနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့အကြား နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုဆက်ဆံရေးကို ရှေးရှု၍ အမှုဖွင့်အရေးယူခံထားရသည့် အမေရိကန်နိုင်ငံသား Adam Michael Castillo အား ယနေ့ စက်တင်ဘာ ၁၆ ရက် ညနေပိုင်းတွင် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်နှင်စေလွှတ်ခဲ့ကြောင်း သိရသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအနေဖြင့် ကမ္ဘာ့နိုင်ငံအားလုံးနှင့် သံတမန်ဆက်ဆံရေးနှင့် မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှုကာ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံဆောင်ရွက်လျက်ရှိသည့် အားလျော်စွာ အမေရိကန်နိုင်ငံသား Adam Michael Castillo အား ပြည်နှင်စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ Adam Michael Castillo သည် The...

အိုဇုန်းလွှာကာကွယ်ရေးကို ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် ပေါင်းစပ်ဆောင်ရွက်ရန် လိုအပ်ကြောင်း တနင်္သာရီတိုင်း ဝန်ကြီးချုပ် ပြောကြား

ထားဝယ်၊ စက်တင်ဘာ ၁၆အိုဇုန်းလွှာ ကာကွယ်ရေးလုပ်ငန်းများကို ရာသီဥတုပြောင်းလဲမှု လျှော့ချရေး၊ စွမ်းအင် ထိရောက်စွာ အသုံးချရေးနှင့် ကာဗွန် ထုတ်လွှတ်မှု လျှော့ချရေး လုပ်ငန်းများနှင့် ပေါင်းစပ် ဆောင်ရွက်ရန် လိုအပ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက ပြောကြားသည်။ ယနေ့တွင် ထားဝယ်မြို့ ပုလဲဧကရီခန်းမ၌ ကျင်းပသည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် တက်ရောက်စဉ် ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ အိုဇုန်းလွှာ ထိန်းသိမ်းရေးလုပ်ငန်းများတွင် သက်ဆိုင်ရာ ဌာနများ၊ ပညာရေးအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းများ၊ နည်းပညာရှင်များ၊ လူမှုရေးအဖွဲ့အစည်းများနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071