လက်ရှိတွင် ပဲခူးတောင်ပိုင်းရိုးမပေါ်၌ မိုးထစ်ချုန်းရွာသွန်းနေပြီး မိုးတိမ်များသည် တောင်ဘက်နှင့် အနောက်ဘက်သို့ တဖြည်းဖြည်း ရွေ့လျားနေကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်က အသိပေးထားသည်။
ယနေ့ ညနေ ၆ နာရီကျော်တွင် အဆိုပါမိုးတိမ်များသည် ရန်ကုန်တိုင်းမြောက်ပိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းသို့ ရောက်ရှိလာနိုင်ပြီး လက်ရှိရေကြီးနေသည့် ငသိုင်းချောင်း၊ ကျုံပျော်၊ ဟင်္သာတနှင့် ညောင်တုန်းမြို့နယ်များတွင် ညပိုင်းအချိန် မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားသည်။
မိုး/ဇလ၏ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၆ ရက် မြန်မာစံတော်ချိန် ၁၅:၃၀ နာရီ တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းတွင် စက်တင်ဘာ ၁၉ ရက်၌ လေဖိအားနည်းရပ်ဝန်း (Low Pressure Area)တစ်ခု ဖြစ်ပေါ်နိုင်ကြောင်းလည်း အသိပေးထားသည်။
