Wednesday, September 16, 2026

မြန်မာ U-17 အသင်း နီဂါတာလူငယ်ပြိုင်ပွဲတွင်...

ဂျပန်၊ စက်တင်ဘာ ၁၆ ဂျပန်ဘောလုံးအဖွဲ့ချုပ် (JFA) ၏ ဖိတ်ကြားချက်ဖြင့် ဂျပန်နိုင်ငံ နီဂါတာ၌ ကျင်းပမည့် (၂၈) ကြိမ်မြောက် International Youth...

ဒုတိယအကြိမ် Myanmar Auto &...

ရန်ကုန်၊ စက်တင်ဘာ ၁၆ ဒုတိယအကြိမ် မြန်မာ့မော်တော်ယာဉ်နှင့် အပိုပစ္စည်းပြပွဲ Myanmar Auto & Parts Expo 2026 ကို စက်တင်ဘာ...

ချင်းဖိုက်တာ ဂျော့ရှူးဝါးဗန်နှင့် ဘရာဇီးချန်ပီယံဟောင်း ပန်တိုဂျာတို့...

UFC ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်အတွက် လက်ရှိချန်ပီယံ ဂျော့ရှူးဝါးဗန် (Joshua Van) နှင့် ဘရာဇီးနိုင်ငံသား ချန်ပီယံဟောင်း အလက်ဇန်းဒါး ပန်တိုဂျာ (Alexandre...

မွန်ပြည်နယ်တွင် မြန်မာ့စတုတ္ထမြောက်အကြီးဆုံး ဖြစ်လာမည့် “ရာမည...

ရေး၊ စက်တင်ဘာ ၁၆ မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ကျိုက်ဒေ့တမောဗရတ် ကိုရင်လေးဆရာတော် သာသနာပြုနယ်မြေ၊ ပုပ္ဖရမ္မဓမ္မရာဇိကစေတီ ရင်ပြင်တော်တွင် ပြာသာဒ်ဆောင်ဖြင့် ချိတ်ဆွဲပူဇော်ရန် အလေးချိန် ၂၅...
HomeNewsLocal Newsငဝန်မြစ်ရေတို-က်စားမှုကြောင့် ယိုင်လဲခဲ့သည့် Steel...

ငဝန်မြစ်ရေတို-က်စားမှုကြောင့် ယိုင်လဲခဲ့သည့် Steel Sheet Pile များကို လမ်းကြောင်းသစ်ရွေးချယ်၍ ပြန်လည်ကာရံမည်၊ ရေဘေးကာကွယ်ရေးအတွက် မဖြစ်မနေဆောင်ရွက်ရမည့်လုပ်ငန်းဟုဆို

ငဝန်မြစ်ရေတို-က်စားမှုကြောင့် ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍ တာတမံနိမ့်ကျမှု ဖြစ်ပွားခဲ့ရာ လေးမျက်နှာမြို့နှင့် ဆက်စပ်မြို့၊ ကျေးရွာများသို့ ရေကျော်စီးဝင်မှုမှ ကာကွယ်နိုင်ရေး Steel Sheet Pile များ ရို-က်သွင်းကာရံခြင်းသည် မဖြစ်မနေ ဆောင်ရွက်ရမည့်လုပ်ငန်းဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့ (၁၆) မှ ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ဦးကျော်မျိုးက ပြောသည်။

မေး။ ။ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့ ငဝန်မြစ်ရေတိုက်စားမှုကြောင့် ဖြစ်ပေါ်လာတဲ့ အခြေအနေကို ကာကွယ်ဖို့ Steel Sheet Pile တွေ ရို-က်သွင်းကာရံနေတယ်လို့ သိရပါတယ်။ လက်ရှိဆောင်ရွက်နေတဲ့ အခြေအနေကို ရှင်းပြပေးပါ။

ဖြေ။ ။ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့ Steel Sheet Pile တွေ ရို-က်သွင်းကာရံခြင်းလုပ်ငန်းကို ဆောင်ရွက်နေပါတယ်။ လုပ်ငန်းဆောင်ရွက်ရတဲ့နေရာက မူလမြစ်ကျိုးအင်းနေရာဖြစ်ပြီး မြေသားက နုန်းမြေအမျိုးအစား ဖြစ်ပါတယ်။ အောက်ခံမြေမျက်နှာပြင်ကလည်း ငဝန်မြစ်ကြမ်းပြင် Level ထက် ပိုမိုနိမ့်ကျနေပါတယ်။

Steel Sheet Pile တွေ ရို-က်သွင်းရတဲ့နေရာက ရေအနက်ပိုင်းဖြစ်သလို ရေစီးလည်းသန်တဲ့အတွက် ပိုမိုနက်ရှိုင်းအောင် ရိုက်သွင်းရပါတယ်။ ရို-က်သွင်းတဲ့အချိန်မှာလည်း Steel Sheet Pile တွေ ယိုင်လဲမှုမရှိစေဖို့ ထောက်တန်းတွေနဲ့ ထိန်းချုပ်ဆောင်ရွက်ရတာကြောင့် လုပ်ငန်းပိုင်းမှာ အခက်အခဲတွေရှိပါတယ်။

မေး။ ။ လုပ်ငန်းဆောင်ရွက်နေစဉ် ငဝန်မြစ်ရေ စိုးရိမ်ရေမှတ်အထိ မြင့်တက်လာတဲ့အတွက် လုပ်ငန်းတွေ ရာနှုန်းပြည့်မပြီးစီးနိုင်ခဲ့ဘူးလို့ သိရပါတယ်။ အဲဒီအခြေအနေကိုလည်း ရှင်းပြပေးပါ။

ဖြေ။ ။ Steel Sheet Pile တွေ ရိုက်သွင်းပြီးရင် ပိုမိုခိုင်မြဲစေဖို့ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနဲ့ ဆည်မြောင်းဦးစီးဌာနတို့က ကျောက်အိတ်၊ သဲအိတ် (Jumbo Bag) တွေချတာ၊ သဲနုန်းတွေ မှုတ်သွင်းပြီး ကြမ်းခင်း Level မြင့်တက်အောင် ဆောင်ရွက်တာတွေ ဆက်လက်လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် လုပ်ငန်းဆောင်ရွက်နေစဉ် ငဝန်မြစ်ရေဟာ စိုးရိမ်ရေမှတ်အထိ နှစ်ကြိမ် မြင့်တက်လာခဲ့တဲ့အတွက် ဆက်စပ်လုပ်ငန်းအားလုံးကို ရာနှုန်းပြည့်ပြီးစီးအောင် မဆောင်ရွက်နိုင်ခဲ့ပါဘူး။ အဲဒီအခြေအနေကြောင့် မူလရို-က်သွင်းထားတဲ့ Steel Sheet Pile တွေရဲ့ ၂၅ ရာခိုင်နှုန်းခန့်ဟာ ရေစီးဒဏ်ကြောင့် ယိုင်လဲမှု ဖြစ်ပေါ်ခဲ့ပါတယ်။

မေး။ ။ ယိုင်လဲသွားတဲ့ Steel Sheet Pile တွေအပါအဝင် လုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်ဖို့ ဘယ်လိုစီစဉ်ထားပါသလဲ။

ဖြေ။ ။ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေအပေါ် အခြေခံပြီး မူလဆောင်ရွက်ထားတဲ့ Steel Sheet Pile တွေရဲ့ ချုပ်တန်းတွေ ပိုမိုခိုင်ခံ့စေဖို့ သဲအိတ်၊ ကျောက်အိတ်တွေကို Steel Sheet Pile တွေရဲ့ဘေးမှာ ချထားပြီး သဲနုန်းမှုတ်သွင်းတာကို တစ်ပြိုင်တည်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် မြစ်ကြမ်းပြင် ရေတိုက်စားခံထားရတဲ့နေရာတွေမှာ Split Barge တွေအသုံးပြုပြီး အရှည် ရှစ်မီတာရှိတဲ့ သဲအိတ် (Geo Tube) တွေချကာ မြစ်ကြမ်းပြင် မြင့်တက်လာအောင် ဆောင်ရွက်နေပါတယ်။

ယိုင်လဲသွားတဲ့ Steel Sheet Pile တွေရှိတဲ့နေရာမှာတော့ လမ်းကြောင်းသစ်တစ်ခု ရွေးချယ်ပြီး ရေဖိအားနဲ့ ရေစီးအား (Hydrostatic Force နှင့် Hydrodynamic Force) ကို ခံနိုင်ရည်ရှိစေဖို့ အတွေ့အကြုံရှိတဲ့ ဒီဇိုင်နာရဲ့ အကြံဉာဏ်ရယူပြီး ပုံစံထုတ် ဆောင်ရွက်နေပါတယ်။

တံတားဦးစီးဌာနက Steel Sheet Pile ရိုက်သွင်းခြင်းလုပ်ငန်း ဆောင်ရွက်နေသလို လမ်းဦးစီးဌာနကလည်း သဲအိတ်ဖြည့်ခြင်းလုပ်ငန်းကို အားဖြည့်ဆောင်ရွက်နေပါတယ်။ လုပ်ငန်းတွေ အောင်မြင်စွာပြီးမြောက်နိုင်ဖို့ ဆည်မြောင်းဦးစီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့နဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။

မေး။ ။ ပွင့်လင်းရာသီရောက်ပြီး မြစ်ရေကျသွားတဲ့အချိန်မှာလည်း Steel Sheet Pile တွေနဲ့ မြစ်ရေကာရံတားဆီးတဲ့လုပ်ငန်း ဆက်လုပ်ဖို့ လိုအပ်ပါသလား။

ဖြေ။ ။ လိုအပ်ပါတယ်။ အခုလုပ်ငန်းဆောင်ရွက်နေတဲ့နေရာဟာ မူလမြစ်ကျိုးအင်းနေရာဖြစ်ပြီး အောက်ခံမြေက နုန်းမြေအမျိုးအစား ဖြစ်ပါတယ်။ သက်ဆိုင်ရာဌာနတွေရဲ့ တိုင်းတာချက်တွေအရ မြေမျက်နှာပြင်က ငဝန်မြစ်ကြမ်းပြင် Level ထက် နိမ့်ကျနေတာကို တွေ့ရှိထားပါတယ်။

ဒါကြောင့် မြစ်ရေကျပြီး ပွင့်လင်းရာသီရောက်တဲ့အချိန်မှာလည်း မြစ်ရေ ဆက်လက်ဝင်ရောက်နိုင်တဲ့အခြေအနေ ရှိပါတယ်။ အဲဒီအတွက် Steel Sheet Pile တွေ ရို-က်သွင်းပြီး မြစ်ရေကို ကာရံတားဆီးတဲ့လုပ်ငန်းဟာ မဖြစ်မနေ ဆောင်ရွက်ရမယ့် လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။

ဒေသအတွင်း ရေဘေးသင့်ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ စိုက်ပျိုးမြေတွေ ရေလွှမ်းမိုးမှုကနေ ကာကွယ်နိုင်ဖို့အတွက် ဒီလုပ်ငန်းက အဓိကကျပါတယ်။

မေး။ ။ ဟုတ်ကဲ့၊ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဆရာ။

ဖြေ။ ။ ဟုတ်ကဲ့ပါ။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ U-17 အသင်း နီဂါတာလူငယ်ပြိုင်ပွဲတွင် ကမ္ဘာ့ဖလားဝင် ဂျပန်၊ နယူးဇီလန်အသင်းတို့နှင့် ယှဉ်ပြိုင်မည်

ဂျပန်၊ စက်တင်ဘာ ၁၆ ဂျပန်ဘောလုံးအဖွဲ့ချုပ် (JFA) ၏ ဖိတ်ကြားချက်ဖြင့် ဂျပန်နိုင်ငံ နီဂါတာ၌ ကျင်းပမည့် (၂၈) ကြိမ်မြောက် International Youth Soccer in Niigata ပြိုင်ပွဲသို့ မြန်မာ U-17 အမျိုးသားလက်ရွေးစင်အသင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဂျပန်နှင့် နယူးဇီလန် U-17 အသင်းတို့နှင့်ပါ ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲကို စက်တင်ဘာ ၁၇ ရက်မှ ၂၁ ရက်အထိ ပတ်လည်စနစ်ဖြင့် ကျင်းပမည်ဖြစ်ပြီး မြန်မာ U-17၊ အိမ်ရှင် ဂျပန်...

ဒုတိယအကြိမ် Myanmar Auto & Parts Expo 2026 ရန်ကုန်တွင် သုံးရက်ကြာ ကျင်းပမည်

ရန်ကုန်၊ စက်တင်ဘာ ၁၆ ဒုတိယအကြိမ် မြန်မာ့မော်တော်ယာဉ်နှင့် အပိုပစ္စည်းပြပွဲ Myanmar Auto & Parts Expo 2026 ကို စက်တင်ဘာ ၂၅ ရက်မှ ၂၇ ရက်အထိ ရန်ကုန်မြို့ရှိ Yangon Convention Centre (YCC) ၌ သုံးရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။ အဆိုပါပြပွဲတွင် မော်တော်ယာဉ်နှင့် အပိုပစ္စည်းကဏ္ဍမှ လုပ်ငန်းရှင်များ၊ ထုတ်လုပ်သူများ၊ ဖြန့်ချိသူများနှင့် လုပ်ငန်းမိတ်ဖက်များ ပါဝင်မည်ဖြစ်ပြီး မော်တော်ယာဉ်နှင့် အပိုပစ္စည်းဆိုင်ရာ ထုတ်ကုန်များ၊ နည်းပညာများနှင့်...

ချင်းဖိုက်တာ ဂျော့ရှူးဝါးဗန်နှင့် ဘရာဇီးချန်ပီယံဟောင်း ပန်တိုဂျာတို့ စက်တင်ဘာ ၁၉ ရက် မကျေပွဲထိုးသ-တ်မည်

UFC ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်အတွက် လက်ရှိချန်ပီယံ ဂျော့ရှူးဝါးဗန် (Joshua Van) နှင့် ဘရာဇီးနိုင်ငံသား ချန်ပီယံဟောင်း အလက်ဇန်းဒါး ပန်တိုဂျာ (Alexandre Pantoja) တို့၏ မကျေပွဲ (Rematch) ကို စက်တင်ဘာ ၁၉ ရက်တွင် အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိစ်မြို့၌ ကျင်းပမည်ဖြစ်သည်။ အဆိုပါပွဲကို လော့စ်အိန်ဂျလိစ်မြို့ရှိ Crypto.com Arena ၌ ကျင်းပမည့် UFC 331 ပြိုင်ပွဲ၏ ခေါင်းတွဲဆိုင်း (Main Event) အဖြစ် ထည့်သွင်းကျင်းပမည်ဖြစ်ပြီး ကစားသမားနှစ်ဦးစလုံး လော့စ်အိန်ဂျလိစ်သို့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071