မြန်မာနိုင်ငံတစ်ဝှမ်းတွင် မိုးရွာသွန်းနေသော်လည်း စစ်ကိုင်းတိုင်း၊ မြင်းမူမြို့၌အပူဒ-ဏ်ကာကွယ်ရေးအတွက် အသိပညာပေးနှိုးဆော်ရလျက်ရှိပြီး အပူရှောင်စခန်းကိုလည်းဆက်လက်ဖွင့်လှစ်ထားရဆဲဖြစ်ကြောင်း သိရသည်။
အပူဒ-ဏ်အန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးလိုက်နာဆောင်ရွက်မည့်အချက်များ၊ ရှောင်ကြဉ်ရမည့်အချက်များ၊ အပူဒ-ဏ်အန္တရာယ်အထူးသတိပြုရမည့်အချက်များကို ဇွန် ၃၀ ရက်နံနက်ပိုင်းတွင် မြင်းမူမြို့အတွင်း လှည့်လည်အသိပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။
ထို့ပြင် မြင်းမူမြို့ဒေသခံများ အပူဒ-ဏ်အန္တရာယ်မှကာကွယ်နိုင်ရေးအတွက် အပူရှောင်စခန်းကို ဧပြီ ၁ ရက််မှ ယနေ့အထိ မြင်းမူမြို့၊ အနောက်ပိုင်းရပ်ကွက်၊ မြို့နယ်ပြည်သူ့ဆေးရုံရုံးဝန်းအတွင်းရှိ က္ကုဒ္ဓိဇေယျာသံဃာ့ဆေးရုံဆောင်တွင် နေ့စဉ် နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိဖွင့်လှစ်ပေးထားကြောင်း သိရသည်။
အဆိုပါ အပူရှောင်စခန်း၌ သက်ကြီးဘိုး/ဘွားများ၊ အပူဒ-ဏ်မခံနိုင်သူများ၊ Heat Stroke လူနာများလာရောက်အပူရှောင်နားခိုကာ ၎င်းတို့အတွက် ဓာတ်ဆားထုပ်၊ အချိုရည်၊ ရေသန့်များ၊ ကျန်းမာရေးပြုစုစောင့် ရှောက်မှုများပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
