စက်မှုဝန်ကြီးဌာန စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ဓာတုပစ္စည်းစီမံခန့်ခွဲရေး ဗဟိုဌာနကို ယမန်နေ့က ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ် ဆေးဝါးသုတေသနဝင်း၌ ရန်ကုန်တိုင်းဝန်ကြီးကြီးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ဓာတုပစ္စည်း စီမံခန့်ခွဲရေးဌာနသည် ဓာတုနှင့် ဆက်စပ်ပစ္စည်းများကို ထိန်းချုပ်စီမံခန့်ခွဲခြင်းဖြင့် သက်ရှိများကို ကာကွယ်ရန်နှင့် ပတ်ဝန်းကျင် ရာသီဥတုနှင့် ဂေဟစနစ်အပေါ် ဆိုးရွားသောထိခိုက်မှုများကို လျော့နည်းစေပြီး နိုင်ငံတစ်ဝန်းတွင် ဦးဆောင်ဓာတုပစ္စည်းစီမံခန့်ခွဲရေး ဗဟိုဌာနဖြစ်လာစေရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များနှင့် ပြည်တွင်းလိုအပ်ချက်များအရ ဓာတုပစ္စည်းများ၏ အန္တာရာယ်အ ဆင့်ပေါ် မူတည်၍ တားမြစ်ဓါတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာလုပ်ငန်းများမှ ထွက်ရှိသည့် စွန့်ပစ်ပစ္စ ည်းများ စွန့်ပစ်ခြင်းဆိုင်ရာ အမိန့်အရလုပ်ငန်းများကို ကြီးကြပ်ခြင်းအပြင် ပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိစေရေးအတွ က် စွန့်ပစ်ပစ္စည်းများကို စနစ်တကျ စွန့်ပစ်စေရေန် ဓာတုပညာရပ်ကို မှားယွင်းအသုံးမပြုစေရန် အတွက်ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်းလည်း သိရသည်။
