ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် ယနေ့ မေ ၂၅ ရက်ညနေ ၄ နာရီ ၁၀ မိနစ်ကျော်ခန့်က DYNA ကားအရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်ကိုဝင်တိုက်မိခဲ့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရေတာရှည်မြို့နယ်၊ ရန်ကုန်-မန္တလေးသွားကားလမ်းဟောင်းအတိုင်း မောင်းနှင်လာသည့် DYNA ကားသည် မိုင်တိုင်အမှတ် ၁၈၀/၄ အရောက်အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်အားဝင်တိုက်မိခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်ကြောင့် ကားပေါ်တွင်လိုက်ပါလာသည့် အမျိုး သား(၂)ဦးတွင် ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် Myanmar Rescue လူမှုကူညီရေးအသင်းက ဆွာမြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
