Home Movies မီးလောင်ပျက်စီးခဲ့သည့် ကော့ကရိတ်မြို့မှနေအိမ်များအနက် ပထမဆုံးအသစ်ပြန်ဆောက်မည့် နေအိမ်(၈၄) လုံးအတွက် ဘိလပ်မြေနှင့် သွပ်များထောက်ပံ့ပေး

မီးလောင်ပျက်စီးခဲ့သည့် ကော့ကရိတ်မြို့မှနေအိမ်များအနက် ပထမဆုံးအသစ်ပြန်ဆောက်မည့် နေအိမ်(၈၄) လုံးအတွက် ဘိလပ်မြေနှင့် သွပ်များထောက်ပံ့ပေး

0
66

စစ်ရေးပဋိပက္ခကြောင့် ကော့ကရိတ်မြို့ရှိ ရပ်ကွက်(၇) ရပ်ကွက်လုံးမှ မီးလောင်ပျက်စီးခဲ့သည့် နေအိမ် (၁,၅၅၄)လုံးအနက် ပထမဦးစွာ အသစ်ပြန်လည်ဆောက်လုပ်မည့် နေအိမ်(၈၄)လုံးအတွက် ကရင်ပြည် နယ်အစိုးရအဖွဲ့က ဘိလပ်မြေအိတ်များနှင့် သွပ်ချပ်များကိုထောက်ပံ့ပေးအပ်ခဲ့သည်။

အသစ်ပြန်လည်ဆောက်လုပ်မည့်နေအိမ်(၄၉)လုံး၊ ပြန် လည်ပြင်ဆင်နေထိုင်မည့်နေအိမ်(၃၅)လုံး(စုစုပေါင်း ၈၄ လုံး)အတွက် တစ်အိမ်ထောင်လျှင် ဘိလပ်မြေ(၂၀) အိတ်၊ သွပ်(၄၀)ချပ်တို့အား ယနေ့ မေ ၂၅ ရက်မွန်းလွဲ ၂ နာရီက ထုတ်ပေးခဲ့သည်။

ထိုသို့ ထောက်ပံ့ပေးရခြင်းနှင့်ပတ်သက်၍ နေအိမ်(၈၄) လုံး၏ ပိုင်ရှင်များအား ကော့ကရိတ်မြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်နီနီအောင်နှင့် တာဝန်ရှိသူများက ယနေ့ မေ ၂၅ ရက်နံနက်ပိုင်းက ရှင်းလင်းပြောကြားခဲ့ကြသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here