Monday, May 25, 2026

မိုးရာသီ Rice Export Zone...

ယခု မိုးရာသီကာလအတွင်း Rice Export Zone ဖော်ဆောင်ရာတွင် အနည်းဆုံး စိုက်ဧက သုံးသိန်းခွဲ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ထံမှ...

အေးချမ်းလာမှုနှင့်အတူ ကလေးငယ်များ၏ စာအံသံများပြန်ကြားလာတော့မည့် ဖလမ်းမြို့မှစာသင်...

အကြမ်းဖက်အဖွဲ့များ ယာယီထိန်းချုပ်ထားချိန်က ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ကျောင်းဖွင့်ချိန်များတွင်ပင် စာသင်ကျောင်းများ၌ကလေးငယ်များ၏ သာယာနာပျော်ဖွယ်ဖြစ်သည့် စာအံသံများပျောက်ဆုံးခဲ့ရသည်။ ထို့ကြောင့် တပ်မတော်က ဖလမ်းမြို့အား အပြည့်အဝပြန်လည်ထိန်းချုပ်သိမ်းပိုက်ပြီးချိန်မှစ၍ မြို့အားပြန် လည်ထူတောင်ရေးလုပ်ငန်းများကို...

DYNA ကားအရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်ဝင်တိုက်မိပြီး (၂)ဦးဒဏ်ရာရခဲ့မှု...

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် ယနေ့ မေ ၂၅ ရက်ညနေ ၄ နာရီ ၁၀ မိနစ်ကျော်ခန့်က DYNA ကားအရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်ကိုဝင်တိုက်မိခဲ့မှုဖြစ်ပွားခဲ့ကြောင်း...

မီးလောင်ပျက်စီးခဲ့သည့် ကော့ကရိတ်မြို့မှနေအိမ်များအနက် ပထမဆုံးအသစ်ပြန်ဆောက်မည့် နေအိမ်(၈၄)...

စစ်ရေးပဋိပက္ခကြောင့် ကော့ကရိတ်မြို့ရှိ ရပ်ကွက်(၇) ရပ်ကွက်လုံးမှ မီးလောင်ပျက်စီးခဲ့သည့် နေအိမ် (၁,၅၅၄)လုံးအနက် ပထမဦးစွာ အသစ်ပြန်လည်ဆောက်လုပ်မည့် နေအိမ်(၈၄)လုံးအတွက် ကရင်ပြည် နယ်အစိုးရအဖွဲ့က ဘိလပ်မြေအိတ်များနှင့်...
HomeMoviesရခိုင်ပြည်နယ်မှ ဧရာဝတီတိုင်းဒေသကြီးသို့ ယာယီတွဲဖက်တာဝန်ထမ်းဆောင်နေသော...

ရခိုင်ပြည်နယ်မှ ဧရာဝတီတိုင်းဒေသကြီးသို့ ယာယီတွဲဖက်တာဝန်ထမ်းဆောင်နေသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား ဆန်၊ ဆီ ထောက်ပံ့၊

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးအေးကျော်က ရခိုင်ပြည်နယ်မှ ဧရာဝတီတိုင်းဒေသကြီးသို့ ယာယီတွဲဖက်တာဝန်ထမ်းဆောင်နေသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အရာထမ်း၊ အမှုထမ်းများအား ဆန်၊ ဆီ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့(မေ ၂၅ ရက်)က ပုသိမ်မြို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်မှ ဧရာဝတီတိုင်းဒေသကြီးသို့ ယာယီတွဲဖက် တာဝန်ထမ်းဆောင်နေသော အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အရာထမ်း၊ အမှုထမ်း (၉၁)ဦးအတွက် ဆန်၊ ဆီများ တတ်နိုင်သမျှထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများအား မိမိတို့ ဒေသများတွင် တာဝန်ပြန်လည်ထမ်းဆောင်နိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အရာထမ်းများအနေဖြင့်လည်း မိမိဝန်ထမ်းများအား အမြဲမပြတ်ထိတွေ့၍ ထိန်းကြောင်းကြတ်မတ်ရန်လိုကြောင်း အခက်အခဲများ ရှိပါကလည်း တင်ပြသွားရန်နှင့် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးအေးကျော်က ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်မှ ဧရာဝတီတိုင်းဒေသကြီးသို့ ယာယီတွဲဖက်တာဝန်ထမ်းဆောင် နေသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အရာထမ်း၊ အမှုထမ်း (၉၁)ဦးအတွက် ဆန်၊ ဆီများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မိုးရာသီ Rice Export Zone ဖော်ရာတွင် ဧက ၃.၅ သိန်း စိုက်ပျိုးမည်

ယခု မိုးရာသီကာလအတွင်း Rice Export Zone ဖော်ဆောင်ရာတွင် အနည်းဆုံး စိုက်ဧက သုံးသိန်းခွဲ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ထံမှ သိရသည်။ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် စီမံခန့်ခွဲရေးကော်မတီဝင်များနှင့် ဆန်၊ ဆန်ကွဲ တင်ပို့သည့် ထိပ်သီးကုမ္ပဏီ ၃၀ တို့ တွေ့ဆုံသည့် အစည်းအဝေးတွင် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ဇွန်လ ၁၅ ရက်မတိုင်မီ တောင်သူများ၏ လက်ဝယ်သို့ စိုက်ပျိုးစရိတ်များ ပေးအပ်နိုင်ရေး၊ စိုက်ပျိုးရေးသွင်းအားစုများနှင့် စက်သုံးဆီများကို သင့်တင့်သည့် ဈေးနှုန်းဖြင့် တောင်သူများထံ ရောင်းချပေးနိုင်ရေးတို့ကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။ စပါးမျိုးလိုအပ်ချက်များနှင့်...

အေးချမ်းလာမှုနှင့်အတူ ကလေးငယ်များ၏ စာအံသံများပြန်ကြားလာတော့မည့် ဖလမ်းမြို့မှစာသင် ကျောင်းများ ယနေ့ မေ ၂၅ ရက်တွင် ကျောင်းအပ်စ တင်လက်ခံပြီ

အကြမ်းဖက်အဖွဲ့များ ယာယီထိန်းချုပ်ထားချိန်က ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ကျောင်းဖွင့်ချိန်များတွင်ပင် စာသင်ကျောင်းများ၌ကလေးငယ်များ၏ သာယာနာပျော်ဖွယ်ဖြစ်သည့် စာအံသံများပျောက်ဆုံးခဲ့ရသည်။ ထို့ကြောင့် တပ်မတော်က ဖလမ်းမြို့အား အပြည့်အဝပြန်လည်ထိန်းချုပ်သိမ်းပိုက်ပြီးချိန်မှစ၍ မြို့အားပြန် လည်ထူတောင်ရေးလုပ်ငန်းများကို အားသွန်ခွန်စိုက်ဆောက်ရွက်ခဲ့သည့်နည်းတူ အခြေခံပညာစာသင် ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရန်လည်း ဦးစားပေးအစီအစဥ်အဖြစ်ဆောင်ရွက်ခဲ့ကြသည်။ ထိုသို့ ဆောင်ရွက်ခဲ့သဖြင့် ယနေ့ မေ ၂၅ ရက်တွင်စ တင်သည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်း ပထမနေ့၌ ဖလမ်းမြို့ပေါ်ရှိ အခြေခံပညာစာသင်ကျောင်း(၄)ကျောင်းနှင့် မြို့နယ်အတွင်းရှိ ကျေးရွာများမှ အခြေခံပညာစာသင်ကျောင်းများတွင် ကျောင်းလာရောက်အပ်နှံသော ကလေးငယ်များအလွန်များပြားခဲ့သည်။ အဆိုပါ ကလေးငယ်များအား နိုင်ငံတော်ကအခမဲ့ထောက်ပံ့သည့် ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ခံတံ၊...

DYNA ကားအရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်ဝင်တိုက်မိပြီး (၂)ဦးဒဏ်ရာရခဲ့မှု ရေတာရှည်တွင်ဖြစ်ပွား

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် ယနေ့ မေ ၂၅ ရက်ညနေ ၄ နာရီ ၁၀ မိနစ်ကျော်ခန့်က DYNA ကားအရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်ကိုဝင်တိုက်မိခဲ့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ရေတာရှည်မြို့နယ်၊ ရန်ကုန်-မန္တလေးသွားကားလမ်းဟောင်းအတိုင်း မောင်းနှင်လာသည့် DYNA ကားသည် မိုင်တိုင်အမှတ် ၁၈၀/၄ အရောက်အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်အားဝင်တိုက်မိခဲ့ကြောင်း သိရသည်။ ဖြစ်စဥ်ကြောင့် ကားပေါ်တွင်လိုက်ပါလာသည့် အမျိုး သား(၂)ဦးတွင် ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် Myanmar Rescue လူမှုကူညီရေးအသင်းက ဆွာမြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071