ယခုရက်ပိုင်းအတွင်း မီးလေ-ာင်မှုဖြစ်စဥ်များ နေ့စဥ်နီးပါးဖြစ်ပွားလျက်ရှိရာ ယနေ့ ဧပြီ ၂၉ ရက်နံနက်အစောပိုင်း ၁၂ နာရီ ၃၂ မိနစ်ခန့်ကလည်း ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ နေအိမ်တစ်လုံးမှစတင်ကာ မီးလေ-ာင်မှုဖြစ်ပွားခဲ့သည်။
အဆိုပါ မီးလေ-ာင်မှုသည် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့ နယ်၊ (၅၇) ရပ်ကွက်၊ မြလမ်းရှိ နေအိမ်တစ်လုံးမှစတင်ကာလေ-ာင်ကျွမ်းခဲ့ခြင်းဖြစ်၍ မီးသ-တ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ငြှိမ်းသ-တ်ခဲ့ကြသည်။
ထို့ကြောင့် နံနက် ၁၂ နာရီ ၄၈ မိနစ်တွင် အလုံးစုံမီးငြိမ်းသွားခဲ့သော်လည်း ပူပြင်းသည့်နွေရာသီဖြစ်၍ မီးလေ-ာင်အားများခြင်းကြောင့် စတင်လေ-ာင်ကျွမ်းသည့်နေအိမ်နှင့် အခြားနေအိမ်တစ်လုံးတို့ မီးလေ-ာင်ပျက်စီးခဲ့ရသည်။
လက်ရှိအချိန်သည် ပူပြင်းသည့်နွေရာသီဖြစ်သည်နှင့်အညီ မီးလေ-ာင်မှုများဖြစ်ပွားခြင်းများလာ၍ အသုံးပြုပြီးသောမီးများကိုသေချာစွာစနစ်တကျပိတ်ထားကြရန်၊ မီးသုံးစွဲမှုအား ဂရုစိုက်ကြရန်လိုအပ်ကာ မီးလေ-ာင်မှုနှင့် သဘာဝဘေးအန္တရာယ်များ၊ အခြားရုတ်တရက်ဖြစ်ပွားသောဘေးအန္တရာယ်များကြုံတွေ့ပါက မီးသ-တ်ဦးစီးဌာန၏အရေးပေါ်ဖုန်းနံပါတ်များသို့ဆက်သွယ်သတင်းပေးပို့အကူအညီတောင်းခံနိုင်သည်။
Photo-MFSD / YRO