Friday, May 22, 2026

ဘေဂျင်းတွင် ၂၀၂၆ CIPCC နိုင်ငံတကာ...

တရုတ်နိုင်ငံ ဘေဂျင်းမြို့ရှိ တရုတ်ပြည်သူ့တက္ကသိုလ် (Renmin University of China) တွင် ၂၀၂၆ ခုနှစ် China International Press...

မြစ်ကြီးနား-မိုးကောင်း-မိုးညှင်း မီးရထားခရီးစဉ်တိုးချဲ့ပြေးဆွဲနိုင်ရန်စီစဥ်နေ

ကချင်ပြည်နယ်အတွင်း မြစ်ကြီးနား-မိုးကောင်း-မိုးညှင်း မီးရထားခရီးစဉ်တိုးချဲ့ပြေးဆွဲနိုင်ရေးအတွက် မေ ၂၀ ရက်နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်ဦးဆောင်၍လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့သည်။ ပြည်နယ်အစိုးရအဖွဲ့၏ ရက်(၁၀၀)စီမံချက်အတွင်း မိုးကောင်း-မိုးညှင်းလမ်းပိုင်းပြုပြင်မှုလုပ်ငန်းများပြီးစီးအောင်ဆောင်ရွက်သွားမည်ဖြစ်ကာ လမ်းပိုင်းပြုပြင်ပြီးပါက မြစ်ကြီးနား-မိုးကောင်း-မိုးညှင်းအထိမီးရထား ပြေးဆွဲနိုင်မည်ဖြစ်ပြီး လက်ရှိအချိန်၌...

နိုင်ငံ့ဝန်ထမ်းပင်စင်စားများကို စားသုံးဆီများရောင်းချပေး

မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းအတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စားများ ပင်စင်လစာထုတ်ယူချိန်တွင် စားသုံးဆီများကို သက်ဆိုင်ရာ မြို့နယ်ဘဏ်ခွဲအသီးသီးတွင်ရောင်းချပေးခဲ့သည်။ ယနေ့ မေ ၂၁ ရက်တွင်လည်း မြို့နယ်ဘဏ်ခွဲအသီး...

နှစ်ပေါင်း (၈) သန်းသက်တမ်းရှိ စတီဂိုလိုဖိုဒွန်...

နှစ်ပေါင်း (၈) သန်းခန့် သက်တမ်းရှိသည်ဟု ခန့်မှန်းထားသော စတီဂိုလိုဖိုဒွန် ရှေးဦးဆင်၏ သွားပါအောက်မေးရိုးနှင့် အံသွားအစုံများ အပါအဝင် ကျောက်ဖြစ်ရုပ်ကြွင်း (၁၉) ခုကို...
HomeNewsLocal Newsထိုင်းက ကရားကျွန်းဆွယ်ကို ဖြတ်သန်းဖောက်လုပ်မည့်...

ထိုင်းက ကရားကျွန်းဆွယ်ကို ဖြတ်သန်းဖောက်လုပ်မည့် ဒေါ်လာ (၂၈) ဘီလီယံတန် ကုန်းလမ်းချိတ်ဆက်မှုစီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံသူများကို ရှာဖွေနေ

စင်ကာပူရေပိုင်နက် မလက္ကာရေလက်ကြားကို ဖြတ်သန်းရန် မလိုဘဲ အာရှနှင့် ဥရောပအကြား ဆက်သွယ်ပေးမည့် ထိုင်းနိုင်ငံ၏ ကရားကျွန်းဆွယ်ဒေသ KraIsthmus ၌ ကုန်းလမ်းချိတ်ဆက်မှု စီမံကိန်း (Land Bridge) ပြန်လည်စတင်ရန် ထိုင်းအစိုးရက ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဆန်ဖရန်စစ္စကို၌ ကျင်းပခဲ့သည့် အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) ထိပ်သီးအစည်းအဝေး (APEC) အတွင်း ထိုင်းဝန်ကြီးချုပ် ဆရီထာသာဗီဆင်က ကီလိုမီတာ ၉၀ သာ ရှည်လျားမည့် ကုန်းလမ်းချိတ်ဆက်မှုစီမံကိန်း ကုန်းမြေတံတားကို တည်ဆောက်ရန် မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်ဟု Port News ၏ သတင်းတစ်ရပ်က ဖော်ပြသည်။

ကုန်းမြေတံတားစီမံကိန်းက ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်ပြီး ထိုင်းနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို နောက်ထပ်အဆင့်တစ်ခုသို့ မြှင့်တင်နိုင်မည်ဟု ယုံကြည့်ထားကြောင်း ဝန်ကြီးချုပ် ဆရီထာသာဗီဆင်က ဆိုသည်။

ထိုင်းအစိုးရ၏ Land Bridge စီမံကိန်းသည် အက်ဒမန်ကမ်းရိုးတန်းရှိ ရနောင်းမြို့နှင့် ထိုင်းနိုင်ငံ ပင်လယ်ကွေ့ရှိ ချွန်ဖွန်တို့တွင် ရေနက်ဆိပ်ကမ်းတစ်ခုစီ ထားရှိပြီး ၎င်းဆိပ်ကမ်းနှစ်ခုကို ရထားလမ်း၊ ကားလမ်းတို့ဖြင့် ချိတ်ဆက်ရန် ဒီဇိုင်းထုတ်ထားသည်။

အဆိုပါ ကုန်းမြေတံတားစီမံကိန်းသည် မလက္ကာရေလက်ကြားနှင့် စင်ကာပူနှင့် မလေးရှားရှိ အဓိကဆိပ်ကမ်းများကို ဖြတ်ကျော်ကာ ကွန်တိန်နာ စုစုပေါင်းအလုံးရေ သန်း ၂၀ ခန့် သယ်ယူနိုင်စွမ်းရှိမည်ဖြစ်သည်။

Mahanakorn Partners Group (MPG) ၏ အဆိုအရ အဆိုပါ ကုန်မြေတံတားစီမံကိန်းအတွက် ယခုနှစ် အောက်တိုဘာလ (၁၆)ရက်တွင် ထိုင်းအစိုးရအဖွဲ့၏ ခွင့်ပြုချက် ရရှိခဲ့သည်။

ထိုင်းဝန်ကြီးချုပ်က စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမှုများကို ရှာဖွေနေပြီး စီမံကိန်းအတွင်း တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ ပါဝင်လာနိုင်ရေးကို ကြိုဆိုလျက်ရှိကြောင်း သိရှိရသည်။

စီမံကိန်း၏ အကြီးမားဆုံးသော ရင်းနှီးမြှုပ်နှံမှုအပိုင်းက အမေရိကန်ဒေါ်လာ (၁၈) ဘီလီယံခန့် အသုံးပြုမည့် ရနောင်းမြို့နှင့် ချွန်ဖွန်တို့တွင် တည်ဆောက်မည့် ရေနက်ဆိပ်ကမ်းစီမံကိန်း နှစ်ခုဖြစ်ကြောင်း သိရသည်။

ထိုင်းဝန်ကြီးချုပ်က မလက္ကာရေလက်ကြားကို ဖြတ်သန်းမည့်ကြာချိန်ထက် (၆) ရက်မှ (၉) ရက်အထိ အချိန်ကုန်သက်သာစေနိုင်ကြောင်း ခန့်မှန်းပြောကြားထားသည်။

မလက္ကာရေလက်ကြားက နှစ်စဉ် သင်္ဘောအစင်းရေ ၇၀၀၀၀ မှ ၈၀၀၀၀ အကြား ဖြတ်သန်းသွားလာလျက်ရှိသည်။

Ref : Port News

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဘေဂျင်းတွင် ၂၀၂၆ CIPCC နိုင်ငံတကာ သတင်းမီဒီယာသင်တန်း ဖွင့်လှစ်

တရုတ်နိုင်ငံ ဘေဂျင်းမြို့ရှိ တရုတ်ပြည်သူ့တက္ကသိုလ် (Renmin University of China) တွင် ၂၀၂၆ ခုနှစ် China International Press Communication Center (CIPCC) သတင်းမီဒီယာသင်တန်းဖွင့်ပွဲအခမ်းအနားကို မေ ၂၁ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ သင်တန်းအစီအစဉ်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် တရုတ်ပြည်သူ့သံတမန်ဆက်ဆံရေးအသင်း (China Public Diplomacy Association) က စီစဉ်ကျင်းပခြင်းဖြစ်ပြီး အာရှ-ပစိဖိတ်၊ အာဖရိက၊ ဥရောပ၊ လက်တင်အမေရိကနှင့် အရှေ့အလယ်ပိုင်းဒေသများမှ နိုင်ငံပေါင်း ၉၀...

မြစ်ကြီးနား-မိုးကောင်း-မိုးညှင်း မီးရထားခရီးစဉ်တိုးချဲ့ပြေးဆွဲနိုင်ရန်စီစဥ်နေ

ကချင်ပြည်နယ်အတွင်း မြစ်ကြီးနား-မိုးကောင်း-မိုးညှင်း မီးရထားခရီးစဉ်တိုးချဲ့ပြေးဆွဲနိုင်ရေးအတွက် မေ ၂၀ ရက်နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်ဦးဆောင်၍လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့သည်။ ပြည်နယ်အစိုးရအဖွဲ့၏ ရက်(၁၀၀)စီမံချက်အတွင်း မိုးကောင်း-မိုးညှင်းလမ်းပိုင်းပြုပြင်မှုလုပ်ငန်းများပြီးစီးအောင်ဆောင်ရွက်သွားမည်ဖြစ်ကာ လမ်းပိုင်းပြုပြင်ပြီးပါက မြစ်ကြီးနား-မိုးကောင်း-မိုးညှင်းအထိမီးရထား ပြေးဆွဲနိုင်မည်ဖြစ်ပြီး လက်ရှိအချိန်၌ မိုးကောင်း-မိုးညှင်းမီးရထားလမ်းပိုင်း၏ ခရီးမိုင်(၅၂ ဒသမ ၂၅)မိုင်အနက် (၃၀ ဒသမ ၉၁)မိုင်အထိ ပြုပြင်ပြီးဖြစ်သည်ဟု ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။ အဆိုပါ မိုးကောင်း-မိုးညှင်း မီးရထားလမ်းပိုင်းကို ခရီးသွားများ သွားလာရေးအဆင်ပြေစေရန်အတွက် ပြည်နယ်အစိုးရအဖွဲ့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများပူးပေါင်း၍ ပြုပြင်မှုများပြုလုပ်လျက်ရှိသည်။ Photo-ကချင်ပြည်နယ်အစိုးရ

နိုင်ငံ့ဝန်ထမ်းပင်စင်စားများကို စားသုံးဆီများရောင်းချပေး

မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းအတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စားများ ပင်စင်လစာထုတ်ယူချိန်တွင် စားသုံးဆီများကို သက်ဆိုင်ရာ မြို့နယ်ဘဏ်ခွဲအသီးသီးတွင်ရောင်းချပေးခဲ့သည်။ ယနေ့ မေ ၂၁ ရက်တွင်လည်း မြို့နယ်ဘဏ်ခွဲအသီး သီး၌ ပင်စင်လစာထုတ်ယူသည့် နိုင်ငံ့ဝန်ထမ်းပင်စင်စားများကို ရောင်းချပေးခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071