Friday, May 1, 2026

ရန်ကုန်မှ မန္တလေးသို့ DEMU ရထားဖြင့်...

ရန်ကုန်မှ မန္တလေးသို့ DEMU ရထားဖြင့် တိုက်ရိုက်ပြေးဆွဲခြင်းကို ယနေ့ (မေ ၁) တွင် စတင်ပြေးဆွဲပြီ ဖြစ်သည်။ ရန်ကုန်-မန္တလေး တိုက်ရိုက် အမှတ်(၅)အဆန်/...

အမေရိကန်ဈေးကွက်သို့ မြန်မာ့ပေါ်ဆန်းဆန် တင်ပို့နိုင်ရေး ဆွေးနွေးနေ

မြန်မာ့ပေါ်ဆန်းဆန်အား အမေရိကန်နိုင်ငံသို့ တင်ပို့ရောင်းချနိုင်ရေးနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၉ ရက်တွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပခဲ့ကြောင်း...

အိမ်ထောင်စု ၁.၃ သိန်းကျော်သို့ လျှပ်စစ်ဖြန့်ဖြူးနိုင်မည့်...

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်အတွင်း တည်ဆောက်ထားသည့် ၄၀ မဂ္ဂါဝပ်စီ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၂ ခုကို ဧပြီ ၂၉ ရက်တွင် ဖွင့်လှစ်ခဲ့ကြောင်း...

ညောင်ဦးမြို့နယ်၌ ထန်းပင်များနှင့် ကိုင်းတောမြက် ခြောက်ဧက(၅၀)ခန့်မီးလေ-ာင်ကျွမ်းမှု...

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် ယနေ့ မေ ၁ ရက်နံနက် ၁၁ နာရီကျော်ခန့်က ထန်းပင်များနှင့် ကိုင်းတောမြက်ခြောက်များမီးလေ-ာင်ကျွမ်းခဲ့ကြောင်း ညောင်ဦးမြို့နယ်မီးသတ်တပ်ဖွဲ့စခန်းထံမှ သိရသည်။ ညောင်ဦးမြို့နယ်၊ မြေနဲလေးကျေးရွာအနီး၊...
HomeInternationalတောင်ကိုရီးယားသည် ဗီယက်နမ်စစ်ပွဲအတွင်း အစုလိုက်အပြုံလိုက်...

တောင်ကိုရီးယားသည် ဗီယက်နမ်စစ်ပွဲအတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအတွက် လျော်ကြေးပေးရန် ဆိုးလ်တရားရုံး အမိန့်ချမှတ်

တောင်ကိုရီးယား မရိန်းတပ်သားများသည် ဗီယက်နက်စစ်ပွဲအတွင်း လက်နက်မဲ့ရွာသားများအား အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့မှုတွင် အပြစ်ရှိကြောင်း တွေ့ရှိခဲ့သည့်အတွက် တရားစွဲဆိုထားသည့် စစ်ဘေးဒဏ်ခံရသူအား လျော်ကြေးပေးရန် တောင်ကိုရီးယားအစိုးရကို ဆိုးလ်မြို့ရှိ တရားရုံးက ဖေဖော်ဝါရီလ ၇ ရက် အင်္ဂါနေ့တွင် အမိန့်ချမှတ်ခဲ့သည်။

အသက် ၆၂ နှစ်အရွယ် ငုယင် သီတန်သည် ဗီယက်နမ်စစ်ပွဲအတွင်း သူ၏ နစ်နာမှုများအတွက် တောင်ကိုရီးယားအစိုးရအား ၂၀၂၀ ပြည့်နှစ်တွင် စတင်တရားစွဲဆိုခဲ့သည်။

မစ္စစ် ငုယင်၏ စွဲဆိုချက်တွင် ၁၉၆၈ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့က ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းရှိ ဖုန်ညီနှင့် ဖုန်နက်ခ် ရွာများကို တောင်ကိုးရီးယား မရိန်းတပ်သားများ ဖြတ်ကျော်ဝင်ရောက်စဉ် သူ၏ မိခင်အပါအဝင် မိသားစုဝင်ငါးဦး အသက်ဆုံးရှုံးခဲ့ရပြီး သူနှင့် သူ့အစ်ကိုဖြစ်သူမှာလည်း ဒဏ်ရာအကြီးအကျယ်ရရှိခဲ့ကြောင်းပြောကြားခဲ့သည်။ ရွာသား ၇၀ ကျော် သေဆုံးခဲ့ရသည်ဟုလည်း ဖော်ပြထားသည်။

သေဆုံးသူအများစုမှာ အမျိုးသမီးများနှင့် ကလေးငယ်များဖြစ်ပြီး အသက်ချမ်းသာပေးရန် တောင်းဆိုစဉ် သေနတ်များ သို့မဟုတ် လှံစွပ်များဖြင့် ထိုးသတ်ခံခဲ့ရကြောင်း အဆိုပါဖြစ်ရပ်ဖြစ်ပွားပြီး မကြာခင် စုံစမ်းခဲ့သည့် အမေရိကန် စစ်တပ်အရာရှိတစ်ဦးက ပြောသည်။

ထို့ကြောင့် ဆိုးလ်ဗဟိုခရိုင်တရားရုံးက မစ္စစ်ငုယင်၏ မိသားစုအပေါ် ပြုမူခဲ့သည့် တောင်ကိုရီးယား ဒုတိယ မရိန်းတပ်မဟာ အဖွဲ့ဝင်များ၏ လုပ်ရပ်မှာ တရားမဝင်လုပ်ရပ်ဖြစ်ကြောင်း ထင်ရှားသည်ဟုဆိုကာ လျော်ကြေးငွေ ဒေါ်လာ ၂၃၉၀၀ ပေးဆောင်ရန် အမိန့်ချမှတ်ခဲ့သည်ဟု သိရသည်။

တောင်ကိုရီးယားသည် ၁၉၉၅ ခုနှစ်တွင် ကွန်မြူနစ်ဝါဒပြန့်ပွားမှုကို ဟန့်တားရန်အတွက် ဗီယက်နမ်စစ်ပွဲအတွင်းသို့ ဝင်ရောက်ခဲ့သည့် အမေရိကအားထောက်ပံ့ရန် ၎င်း၏ တပ်ဖွဲ့များကို စေလွှတ်ခဲ့ခြင်းဖြစ်သည်။ တပ်သား ၃ သိန်း ၂ သောင်း စေလွှတ်ခဲ့သည်ဟု နူးယော့ခ်တိုင်းမ် သတင်းဌာနက ဖော်ပြထားသည်။

Source: NY Times

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမေရိကန်ဈေးကွက်သို့ မြန်မာ့ပေါ်ဆန်းဆန် တင်ပို့နိုင်ရေး ဆွေးနွေးနေ

မြန်မာ့ပေါ်ဆန်းဆန်အား အမေရိကန်နိုင်ငံသို့ တင်ပို့ရောင်းချနိုင်ရေးနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၉ ရက်တွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။ အစည်းအဝေးသို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျယ်လိစ်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ်နှင့် တာဝန်ရှိသူများ၊ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာစီးပွားရေးသံမှူး၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် အမေရိကန်နိုင်ငံရှိ Well Luck Co., Ltd. မှ ကိုယ်စားလှယ်များ စုစုပေါင်း ၂၂ ဦး တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင်...

အိမ်ထောင်စု ၁.၃ သိန်းကျော်သို့ လျှပ်စစ်ဖြန့်ဖြူးနိုင်မည့် နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံ ၂ ခု ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်အတွင်း တည်ဆောက်ထားသည့် ၄၀ မဂ္ဂါဝပ်စီ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၂ ခုကို ဧပြီ ၂၉ ရက်တွင် ဖွင့်လှစ်ခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ အဆိုပါ စက်ရုံများမှာ သာစည်မြို့နယ်ရှိ Leader Power Co., Ltd. က တည်ဆောက်သည့် သာစည် ၄၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်စက်ရုံနှင့် မိတ္ထီလာမြို့နယ်ရှိ Hanzar Solar Energy Co., Ltd. က တည်ဆောက်သည့် သပြေဝ ၄၀ မဂ္ဂါဝပ်...

ညောင်ဦးမြို့နယ်၌ ထန်းပင်များနှင့် ကိုင်းတောမြက် ခြောက်ဧက(၅၀)ခန့်မီးလေ-ာင်ကျွမ်းမှု ယနေ့ မေ ၁ ရက်ကဖြစ်ပွား

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် ယနေ့ မေ ၁ ရက်နံနက် ၁၁ နာရီကျော်ခန့်က ထန်းပင်များနှင့် ကိုင်းတောမြက်ခြောက်များမီးလေ-ာင်ကျွမ်းခဲ့ကြောင်း ညောင်ဦးမြို့နယ်မီးသတ်တပ်ဖွဲ့စခန်းထံမှ သိရသည်။ ညောင်ဦးမြို့နယ်၊ မြေနဲလေးကျေးရွာအနီး၊ ညောင်ဦး -မြင်းခြံသွားကားလမ်းမဘေးတွင် ကိုင်းတောမီးလေ-ာင်နေသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များကငြှိမ်းသတ်ခဲ့ကြရာ နံနက် ၁၁ နာရီ ၃၂ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။ မီးလေ-ာင်မှုကြောင့် ထန်းပင်များနှင့် ကိုင်းတောမြက် ခြောက်ဧက(၅၀)ခန့်ပျ-က်စီးဆုံးရှုံးခဲ့ကာ အဆောက်အအုံနှင့် လူထိခိုက်ဒ-ဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071