Friday, May 1, 2026

ရန်ကုန် – မန္တလေး လမ်းပိုင်းတွင်...

ဖွင့်ပွဲအခမ်းအနား ကျင်းပခြင်း အဆိုပါ DEMU ရထားတွဲဆိုင်းများ စတင်ပြေးဆွဲခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ (မေလ ၁ ရက်) နံနက်ပိုင်းတွင် ရန်ကုန်ဘူတာကြီး၌ ကျင်းပခဲ့သည်။...

အမေရိကန်ဈေးကွက်သို့ မြန်မာ့ပေါ်ဆန်းဆန် တင်ပို့နိုင်ရေး ဆွေးနွေးနေ

မြန်မာ့ပေါ်ဆန်းဆန်အား အမေရိကန်နိုင်ငံသို့ တင်ပို့ရောင်းချနိုင်ရေးနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၉ ရက်တွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပခဲ့ကြောင်း...

အိမ်ထောင်စု ၁.၃ သိန်းကျော်သို့ လျှပ်စစ်ဖြန့်ဖြူးနိုင်မည့်...

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်အတွင်း တည်ဆောက်ထားသည့် ၄၀ မဂ္ဂါဝပ်စီ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၂ ခုကို ဧပြီ ၂၉ ရက်တွင် ဖွင့်လှစ်ခဲ့ကြောင်း...

ညောင်ဦးမြို့နယ်၌ ထန်းပင်များနှင့် ကိုင်းတောမြက် ခြောက်ဧက(၅၀)ခန့်မီးလေ-ာင်ကျွမ်းမှု...

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် ယနေ့ မေ ၁ ရက်နံနက် ၁၁ နာရီကျော်ခန့်က ထန်းပင်များနှင့် ကိုင်းတောမြက်ခြောက်များမီးလေ-ာင်ကျွမ်းခဲ့ကြောင်း ညောင်ဦးမြို့နယ်မီးသတ်တပ်ဖွဲ့စခန်းထံမှ သိရသည်။ ညောင်ဦးမြို့နယ်၊ မြေနဲလေးကျေးရွာအနီး၊...
HomeNewsLocal Newsထရန့်၏ ခြိမ်းခြောက်မှုမူဝါဒသည် အတိုင်းအတာထက်...

ထရန့်၏ ခြိမ်းခြောက်မှုမူဝါဒသည် အတိုင်းအတာထက် ကျော်လွန်သွားပြီဟု ဂျာမနီဆို

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ခြိမ်းခြောက်မှုမူဝါဒသည် ၎င်း၏ အတိုင်းအတာထက် ကျော်လွန်သွားပြီဟု ဂျာမနီအစိုးရက ယုံကြည်နေပြီး အမေရိကန်အနေဖြင့် ၎င်း၏မဟာမိတ်များအပေါ် ပိုမိုတာဝန်ယူမှုရှိလာရန် မျှော်လင့်နေကြောင်း အမည်မဖော်လိုသူ ဂျာမနီအရာရှိတစ်ဦးက Politico သတင်းဌာနသို့ ပြောကြားခဲ့သည်။

ဂျာမနီနိုင်ငံမှ အမေရိကန်တပ်ဖွဲ့ဝင်အချို့ကို ပြန်လည်ရုပ်သိမ်းနိုင်ခြေရှိသည်ဟူ‌သော အမေရိကန်သမ္မတ၏ မှတ်ချက်အပေါ် ထိုအရာရှိက ပြောကြားရာတွင် “ထရန့်၏ ကြမ်းတမ်းသော ခြိမ်းခြောက်မှုမူဝါဒမှာ ၎င်း၏အတိုင်းအတာသို့ ရောက်ရှိသွားပြီဖြစ်သည်” ဟု ဆိုသည်။ “သူ၏ စကားလုံးရိုက်ချက်များမှာ ရိုးအီသွားပြီဖြစ်သည်။ ဂျာမနီမှ အမေရိကန်တပ်များကို ရုပ်သိမ်းခြင်းသည် အမေရိကန်ကိုယ်တိုင်ကို ပြင်းပြင်းထန်ထန် အားနည်းသွားစေလိမ့်မည်ဖြစ်ရာ၊ ဝါရှင်တန်ဒီစီရှိ လူကြီးများအနေဖြင့် မည်သည့်အချိန်တွင် ရှေ့ထွက်လာပြီး ထိန်းကျောင်းပေးမည်ကို ကျွန်ုပ်တို့ သိချင်နေမိသည်” ဟု သူက ထပ်လောင်းပြောကြားခဲ့သည်။

အဆိုပါ သတင်းဆောင်းပါးတွင် ဖော်ပြထားချက်အရ ဂျာမနီရှိ အမေရိကန်တပ်ဖွဲ့ဝင်အချို့ကို ရုပ်သိမ်းနိုင်ခြေရှိကြောင်း ထရန့်၏ပြောကြားချက်သည် ပန်တဂွန်ကို တုန်လှုပ်သွားစေခဲ့ပြီး ကာကွယ်ရေးအရာရှိများမှာလည်း ထရန့်၏ကြေညာချက်မှာ မည်မျှအထိ အလေးအနက်ထားသနည်းဆိုသည်ကို သိရှိနိုင်ရန် ကြိုးပမ်းခဲ့ကြရသည်။

အမေရိကန်စစ်ဘက်အရာရှိ သုံးဦးက သတင်းစာသို့ ပြောကြားရာတွင် ယခုကိစ္စသည် “ဂျာမနီမှ အမေရိကန်စစ်သည် ရာဂဏန်း သို့မဟုတ် ထောင်ဂဏန်းအထိ ပြန်လည်ရုပ်သိမ်းရန် ကြိုးပမ်းမှုအသစ်တစ်ခု ဖြစ်လာနိုင်သည်” ဟု ဆိုသည်။

ပန်တဂွန်အနေဖြင့် “ယခုကဲ့သို့ အခြေအနေမျိုးကို မျှော်လင့်မထားသလို မည်သည့်တပ်ရုပ်သိမ်းမှုမျိုးကိုမျှ ကြိုတင်စီစဉ်ထားခြင်း မရှိပါ” ဟု အခြေအနေကို သိရှိသည့် လွှတ်တော်အမတ်တစ်ဦး၏ လက်ထောက်က Politico သို့ ပြောကြားခဲ့သည်။ “ဒါပေမဲ့ သူဟာ ပထမသက်တမ်း (၂၀၁၇-၂၀၂၁) တုန်းကလည်း ဒါကို အတည်လုပ်ခဲ့တာကြောင့် ကျွန်တော်တို့ သူ့ကို အလေးအနက်ထား စဉ်းစားရပါလိမ့်မယ်” ဟု ဆိုသည်။

အဆိုပါ သတင်းမြစ်သည် ၂၀၂၀ ပြည့်နှစ်တွင် ဂျာမနီမှ အမေရိကန်စစ်သည် ၁၁,၉၀၀ ဦးကို ရုပ်သိမ်းခဲ့သည့် ဖြစ်ရပ်ကို ရည်ညွှန်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

တစ်ဖန် ပန်တဂွန် ပြောရေးဆိုခွင့်ရှိသူ ရှောင်ပါနဲလ်ကမူ စစ်ဌာနချုပ်အနေဖြင့် “ဖြစ်လာနိုင်သည့် အခြေအနေတိုင်းအတွက် စီမံချက်များရှိသည်” ဟု ကိုးကားဖော်ပြခြင်း ခံခဲ့ရသည်။

“ပြီးတော့ ကျွန်တော်တို့ဟာ စစ်သေနာပတိချုပ်က ရွေးချယ်တဲ့ အချိန်နဲ့ နေရာမှာ ပေးလာတဲ့ အမိန့်တွေကို အကောင်အထည်ဖော်ဖို့ အပြည့်အဝ အသင့်ရှိနေပါတယ်” ဟု ပါနဲလ်က ထပ်လောင်းပြောကြားခဲ့သည်။

ဧပြီလ ၂၉ ရက်နေ့တွင် ထရန့်က သူ၏အစိုးရသည် ဂျာမနီရှိ အမေရိကန်တပ်ဖွဲ့ဝင်များအား လျှော့ချရန် စဉ်းစားနေပြီး မကြာမီ ဆုံးဖြတ်ချက်ချတော့မည်ဖြစ်ကြောင်း အရိပ်အမြွက် ပြောကြားခဲ့သည်။ နောက်တစ်နေ့တွင် သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားရာ၌ အမေရိကန်အနေဖြင့် အီတလီနှင့် စပိန်နိုင်ငံတို့တွင် အခြေစိုက်ထားသည့် တပ်ဖွဲ့ဝင်အရေအတွက်ကိုလည်း လျှော့ချပြင်ဆင်နိုင်ကြောင်း ထပ်မံပြောဆိုခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန် – မန္တလေး လမ်းပိုင်းတွင် ခေတ်မီ DEMU ရထားတွဲဆိုင်းသစ်များ စတင်ပြေးဆွဲ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်ရန်ကုန် – မန္တလေး ရထားလမ်းပိုင်း ခရီးစဉ်များတွင် ခရီးသွားပြည်သူများ ပိုမိုအဆင်ပြေချောမွေ့စွာ သွားလာနိုင်ရန်အတွက် အမှတ် (၅) အဆန်နှင့် အမှတ် (၆) အစုန်ရထားများကို...

ဖွင့်ပွဲအခမ်းအနား ကျင်းပခြင်း အဆိုပါ DEMU ရထားတွဲဆိုင်းများ စတင်ပြေးဆွဲခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ (မေလ ၁ ရက်) နံနက်ပိုင်းတွင် ရန်ကုန်ဘူတာကြီး၌ ကျင်းပခဲ့သည်။ အခမ်းအနားသို့ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ၊ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။ DEMU ရထား၏ အားသာချက်များ ယခုပြေးဆွဲသည့် DEMU ရထားတွဲဆိုင်းများသည် ခေတ်မီနည်းပညာသုံး ရထားများဖြစ်သည့်အတွက် ခရီးသည်များအတွက် သက်သောင့်သက်သာရှိစေခြင်း၊ ခရီးစဉ်ကြာမြင့်ချိန်ကို လျှော့ချပေးနိုင်ခြင်းနှင့် သန့်ရှင်းသပ်ရပ်မှုရှိခြင်း စသည့် အားသာချက်များကြောင့် ရထားခရီးသွားပြည်သူများအကြား ရေပန်းစားလာမည်ဟု မျှော်လင့်ရသည်။

အမေရိကန်ဈေးကွက်သို့ မြန်မာ့ပေါ်ဆန်းဆန် တင်ပို့နိုင်ရေး ဆွေးနွေးနေ

မြန်မာ့ပေါ်ဆန်းဆန်အား အမေရိကန်နိုင်ငံသို့ တင်ပို့ရောင်းချနိုင်ရေးနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၉ ရက်တွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။ အစည်းအဝေးသို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျယ်လိစ်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ်နှင့် တာဝန်ရှိသူများ၊ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာစီးပွားရေးသံမှူး၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် အမေရိကန်နိုင်ငံရှိ Well Luck Co., Ltd. မှ ကိုယ်စားလှယ်များ စုစုပေါင်း ၂၂ ဦး တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင်...

အိမ်ထောင်စု ၁.၃ သိန်းကျော်သို့ လျှပ်စစ်ဖြန့်ဖြူးနိုင်မည့် နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံ ၂ ခု ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်အတွင်း တည်ဆောက်ထားသည့် ၄၀ မဂ္ဂါဝပ်စီ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၂ ခုကို ဧပြီ ၂၉ ရက်တွင် ဖွင့်လှစ်ခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ အဆိုပါ စက်ရုံများမှာ သာစည်မြို့နယ်ရှိ Leader Power Co., Ltd. က တည်ဆောက်သည့် သာစည် ၄၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်စက်ရုံနှင့် မိတ္ထီလာမြို့နယ်ရှိ Hanzar Solar Energy Co., Ltd. က တည်ဆောက်သည့် သပြေဝ ၄၀ မဂ္ဂါဝပ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071