မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် ယနေ့ မေ ၁ ရက်နံနက် ၁၁ နာရီကျော်ခန့်က ထန်းပင်များနှင့် ကိုင်းတောမြက်ခြောက်များမီးလေ-ာင်ကျွမ်းခဲ့ကြောင်း ညောင်ဦးမြို့နယ်မီးသတ်တပ်ဖွဲ့စခန်းထံမှ သိရသည်။
ညောင်ဦးမြို့နယ်၊ မြေနဲလေးကျေးရွာအနီး၊ ညောင်ဦး -မြင်းခြံသွားကားလမ်းမဘေးတွင် ကိုင်းတောမီးလေ-ာင်နေသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များကငြှိမ်းသတ်ခဲ့ကြရာ နံနက် ၁၁ နာရီ ၃၂ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
မီးလေ-ာင်မှုကြောင့် ထန်းပင်များနှင့် ကိုင်းတောမြက် ခြောက်ဧက(၅၀)ခန့်ပျ-က်စီးဆုံးရှုံးခဲ့ကာ အဆောက်အအုံနှင့် လူထိခိုက်ဒ-ဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။
