Saturday, September 19, 2026

၂၀၂၆ တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများ စက်တင်ဘာ...

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအနေဖြင့် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားခြင်းကို လာမည့် စက်တင်ဘာ ၂၈...

စိန့်မေရီ ရေခဲပြင်ကြီး လုံးဝ အရည်ပျော်သွားပြီ

အမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ်မှာရှိတဲ့ စိန့်မေရီရေခဲပြင်ကြီးဟာ ကမ္ဘာ့သမိုင်းမှတ်တမ်း၊မှာ ပထမဆုံးအကြိမ်အဖြစ် လုံးဝကို အရည်ပျော်သွားခဲ့ပါပြီ။ ​ပညာရှင်တွေကတော့ ဒါဟာ အရှိန်အဟုန်နဲ့ ပူနွေးလာနေတဲ့ ကမ္ဘာကြီးရဲ့ သမိုင်းဝင် မှတ်တိုင်တစ်ခုပဲလို့...

နိုင်ငံတော်အတွက် ကောင်းမွန်သည့်အထောက်အပံ့ဖြစ်စေရန် စက်ပစ္စည်းကဏ္ဍလုပ်ငန်းများ ပိုမိုထိရောက်စွာဆောင်ရွက်ရန်လို

နေပြည်တော်၊ စက်တင်ဘာ ၁၉ နိုင်ငံတော်၏ စက်ပစ္စည်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းမွန်သည့်အထောက်အပံ့ဖြစ်စေရန် စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ မူဝါဒနှင့် လုပ်ငန်းတာဝန်များအညီ လုပ်ငန်းများကို ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်ရန်လိုအပ်ကြောင်း စက်ပစ္စည်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊...

လွှတ်တော်ကိုယ်စားလှယ်များ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ကျန်းမာရေးဝန်ကြီးဌာန စီစဉ်ဆောင်ရွက်

နေပြည်တော်၊ စက်တင်ဘာ ၁၉ နေပြည်တော်၌ တတိယအကြိမ် ပြည်ထောင်စုအဆင့်လွှတ်တော်များ၏ တတိယပုံမှန်အစည်းအဝေးများ ကျင်းပချိန်တွင် အစည်းအဝေးတက်ရောက်ရန် ရောက်ရှိလာမည့် လွှတ်တော်ကိုယ်စားလှယ်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနက...
HomeNewsLocal Newsတာချီလိတ်မြို့နယ်တွင် Online လောင်းကစားနှင့်...

တာချီလိတ်မြို့နယ်တွင် Online လောင်းကစားနှင့် ငွေကြေးလိမ်လည်မှုပြုလုပ်သည့် ထိုင်းနိုင်ငံ သားများအပါအဝင် (၂၉)ဦးဖမ်းမိ

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင် Online လောင်းကစားနှင့် ငွေကြေးလိမ်လည်မှုပြုလုပ်သည့် ထိုင်းနိုင်ငံသားများအပါအဝင် (၂၉)ဦးကို လုံခြုံရေးအဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

လုံခြုံရေးအဖွဲ့ဝင်များသည် သတင်းအရ ဖေဖော် ဝါရီ ၁၂ ရက်က တာချီလိတ်မြို့၊ ဆန်ဆိုင်း(က) ရပ်ကွက်ရှိ ထိုင်းနိုင်ငံတွင်နေထိုင်သူ ဝယ်ဆန် ငှားရမ်းထားသည့်နေအိမ်အား ဝင်ရောက်ရှာဖွေစစ်ဆေးရာ Online လောင်းကစားတာဝန်ခံ မင်းကျော်နှင့် စကားပြန်၊စာရင်းကိုင် ရီရီဖြိုးတို့အပါ အဝင် အမျိုးသား(၁၁)ဦးနှင့် အမျိုးသမီး(၅)ဦးကို ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်များအရ ဖေဖော်ဝါရီ ၁၃ ရက်ည နေပိုင်းတွင် ယင်း ရပ်ကွက်၌နေထိုင်သည့် ထိုင်းနိုင်ငံသားအမျိုးသား(၇)ဦးနှင့် မြန်မာနိုင်ငံသားအမျိုးသား(၁)ဦး၊ အမျိုးသမီး(၅)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှ လုံခြုံရေးအဖွဲ့ဝင်များသည် Online လောင်းကစားနှင့်ငွေကြေးလိမ်လည်မှုကျူးလွန်သည့် ထိုင်းနိုင်ငံသားအမျိုးသား(၇)ဦး၊ မြန်မာ နိုင်ငံသားအမျိုးသား(၁၂)ဦး၊ အမျိုးသမီး(၁၀)ဦး (စုစုပေါင်း ၂၉ ဦး)တို့အား ကွန်ပျူတာမျိုးစုံ (၄၄၀)လုံး၊ System (CPU) ၉၀ လုံး၊ ဖုန်းမျိုးစုံ (၃၉၀)လုံး၊ လိုင်စင်မဲ့ကား(၂)စီး၊ ဘိန်းစာရွက် (အစို) ၁ ကီလိုခန့်စီပါ (၄)ထုပ်၊ ဘိန်းစာရွက်ပြုတ်ရည် ၁ လီတာပါ (၁၀)ဗူး၊ ချောင်းဆိုးပျောက်ဆေးရည်(၃၀)ပုလင်း၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်များအရ Online ဂိမ်းပိုင်ရှင်သည် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင်နေထိုင်သော ထိုင်းနိုင်ငံသား ဝယ်ဆန်နှင့် ဇနီးဖြစ်သူ ရန်ကျူးတို့ဖြစ်၍ ၎င်းတို့နှင့်အတူ ဆက်စပ်ပါဝင်သူများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ဆက် လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ဖမ်းဆီးရမိထားသူများအား ဥပဒေအရထိရောက်စွာအရေးယူနိုင်ရန်လည်း လုံခြုံရေးအ ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

၂၀၂၆ တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများ စက်တင်ဘာ ၂၈ ရက်မှ စတင်လက်ခံမည်

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအနေဖြင့် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားခြင်းကို လာမည့် စက်တင်ဘာ ၂၈ ရက်မှ စတင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနက ထုတ်ပြန်ထားသည်။ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရန်အတွက် စာမေးပွဲဖြေဆိုခဲ့သည့် စာစစ်ဌာနများမှ ကြီးကြပ်ရေးမှူးများဖြစ်သည့် အခြေခံပညာအထက်တန်းကျောင်းအုပ်ကြီးများထံတွင် အမှတ်စာရင်း၊ အရည်အချင်းမှတ်တမ်းချုပ်၊ ရမှတ်အဆင့်၊ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်နှင့် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရမည့် ပုံစံစာအိတ်တို့ကို စက်တင်ဘာ ၂၈ ရက်မှစတင်၍ ကိုယ်တိုင်ထုတ်ယူရမည်ဖြစ်သည်။ ထို့နောက် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာစာအိတ်များကို စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ...

စိန့်မေရီ ရေခဲပြင်ကြီး လုံးဝ အရည်ပျော်သွားပြီ

အမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ်မှာရှိတဲ့ စိန့်မေရီရေခဲပြင်ကြီးဟာ ကမ္ဘာ့သမိုင်းမှတ်တမ်း၊မှာ ပထမဆုံးအကြိမ်အဖြစ် လုံးဝကို အရည်ပျော်သွားခဲ့ပါပြီ။ ​ပညာရှင်တွေကတော့ ဒါဟာ အရှိန်အဟုန်နဲ့ ပူနွေးလာနေတဲ့ ကမ္ဘာကြီးရဲ့ သမိုင်းဝင် မှတ်တိုင်တစ်ခုပဲလို့ ဆိုနေကြပါတယ်။ ​ဒင်ဗာ(Denver) မြို့အနားမှာရှိတဲ့ စိန့်မေရီ ရေခဲပြင်လို့ လူသိများတဲ့ ဒီအမြဲတမ်းရေခဲပြင်ကြီးဟာ နွေရာသီရဲ့ အပူပြင်းဆုံးအချိန်မှာတောင် နှင်းတွေတွေ့နိုင်တဲ့ တစ်နှစ်ပတ်လုံးအတွက် ဆယ်စုနှစ်ပေါင်းများစွာကတည်းက အိုအေစစ်တစ်ခုလို ဖြစ်ခဲ့တာပါ။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ ဆောင်းရာသီမှာ နှင်းကျတာ အားနည်းလာသလို နွေရာသီမှာလည်း စံချိန်တင်ပူပြင်းခဲ့လာတာကြောင့် ပေ ၁၁၀၀၀ အမြင့်ရှိတဲ့ ဒီအထင်ကရနေရာကြီးဟာ ခုဆိုရင် လုံးဝပျောက်ကွယ်သွားခဲ့ပါပြီ။ ​၂၀၂၆...

နိုင်ငံတော်အတွက် ကောင်းမွန်သည့်အထောက်အပံ့ဖြစ်စေရန် စက်ပစ္စည်းကဏ္ဍလုပ်ငန်းများ ပိုမိုထိရောက်စွာဆောင်ရွက်ရန်လို

နေပြည်တော်၊ စက်တင်ဘာ ၁၉ နိုင်ငံတော်၏ စက်ပစ္စည်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းမွန်သည့်အထောက်အပံ့ဖြစ်စေရန် စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ မူဝါဒနှင့် လုပ်ငန်းတာဝန်များအညီ လုပ်ငန်းများကို ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်ရန်လိုအပ်ကြောင်း စက်ပစ္စည်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောကြားသည်။ စက်တင်ဘာ ၁၈ ရက်က ကျင်းပသည့် စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ (၂/၂၀၂၆-၂၀၂၇) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ စက်ပစ္စည်းကြီးကြပ်မှုကော်မတီသည် နိုင်ငံတော်၏ စက်ပစ္စည်းကဏ္ဍနှင့်ပတ်သက်၍ အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေရသည့်အတွက် နိုင်ငံတော်အတွက် ကောင်းမွန်သည့်အထောက်အပံ့ဖြစ်စေရန် ကော်မတီ၏ မူဝါဒနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071