Tuesday, June 16, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်က...

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်က ဇွန် ၁၆ ရက် နေ့လယ်ပိုင်းတွင်...

ထူးကဲဒီရေတက်ချိန် မိုးထစ်ချုန်းရွာနိုင်၍ ရန်ကုန်မြစ်အတွင်း ရေယာဉ်များ...

ရန်ကုန်မြို့တွင် ထူးကဲဒီရေတက်မည့် ဇွန် ၁၆ ရက်နှင့် ၁၇ ရက်တို့၌ မိုးထစ်ချုန်းရွာသွန်းနိုင်သဖြင့် ရန်ကုန်မြစ်အတွင်း သွားလာနေသည့် ရေယာဉ်များအနေဖြင့် အထူးသတိပြု သွားလာကြရန်...

မသန်စွမ်းကျောင်းသား၊ ကျောင်းသူများအတွက် “5B PWDs”...

မသန်စွမ်းသူများ၏ ပညာသင်ကြားခွင့် တန်းတူရရှိရေးနှင့် ဘဝဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) က “Building Bridges by Breaking...

မိန့်ခွန်းစာအုပ်များမှမြင်ရ​သော သမ္မတ ရှီပုံစံ

သမ္မတ ရှီကျင့်ဖျင်ရဲ့ မိန့်ခွန်းပေါင်းချုပ်စာအုပ်တွဲ​တွေဖြစ်တဲ့ "The Governance of China" (တရုတ်နိုင်ငံကို စီမံခန့်ခွဲခြင်း)ဟာ နိုင်ငံတကာ သံတမန်ရေးရာ၊ နိုင်ငံရေးနဲ့ စီးပွားရေးလောကမှာ...
HomeNewsLocal Newsဌာနဆိုင်ရာအမည်ကို အသုံးပြု၍အွန်လိုင်းမှတဆင့်ငွေကြေးလိ-မ်လ-ည်မှုများ ဖြစ်နေ

ဌာနဆိုင်ရာအမည်ကို အသုံးပြု၍အွန်လိုင်းမှတဆင့်ငွေကြေးလိ-မ်လ-ည်မှုများ ဖြစ်နေ

ပြည်တွင်းအခွန်များဦးစီးဌာန၏ အမည်နှင့် တံဆိပ်များ အသုံးပြုပြီး အွန်လိုင်းမှတဆင့် ငွေကြေးလိ-မ်လ-ည်မှုများဖြစ် ပွားနေကြောင်း သိရသည်။

အခွန်ရုံးဝန်ထမ်းအယောင်ဆောင်ပြီး Viber မှတဆင့် လိ-မ်လ-ည်မှုများ လုပ်ဆောင်နေပြီး အရပ်သားပြည်သူများနှင့် လုပ်ငန်းရှင်များကို ပစ်မှတ်ထားလိ-မ်လ-ည်နေခြင်းဖြစ်ကြောင်း ရန်ကုန်ဒေသခံများထံ မှ သိရသည်။

“Viber ကနေ အခွန်ရုံးဆိုပြီး ဆက်သွယ်လာတာ အချက်အလက်တွေစစ်မယ် ဘာညာနဲ့ ပြောပြီး လုပ်ငန်းအကြောင်းမေးတာတွေ ဖြေခိုင်းတယ်။ ပြီးတော့ link ပို့ပြီး ဝင်ခိုင်းတာ link ထဲဝင်ပြီး စစ်ဆေးပြီးတော့ စာရွက်စာတမ်းကြေး K Pay ကနေ တစ်ထောင်တောင်းရင် လွှဲပေးလိုက်တော့ သိတ်မကြာဘူးအကောင့်ထဲက ငွေတွေအကုန်ထုတ်သွားတယ်” ဟု ရန်ကုန်မြို့က လိ-မ်လ-ည်ခံရသူ နှင့် သိရှိသူတစ်ဦးကပြောသည်။

လိ-မ်လ-ည်သူများသည် အွန်လိုင်းကအပြင် ဖုန်းဖြင့်ဆက်သွယ်ပြီး အခွန်ဝန်ထမ်းအယောင်ဆောင်ပြီး လိ-မ်လ-ည်မှုများလုပ်ဆောင်နေကြောင်းလည်း လူမှုကွန်ရက်စာမျက်နှာတွင် လိ-မ်လ-ည်ခံရသူများက တဆင့်ပြန်လည်မျှဝေမှုများလည်း ရှိသည်။

“ညီမအစ်မလည်း သိန်း(၅၀)ပါသွားတယ်။ အခွန်ရုံးကလူလိုပြောပြီးကို လိမ်တာ။ အချက်လက်ကျကျနဲ့ ပြောနေတော့ ပေးတဲ့ link ကို နှိပ်လိုက်တာနဲ့ပါသွားတာ”လို့ လိ-မ်လ-ည်ခံခဲ့ရသူတစ်ဦး၏ မိသားစုဝင်တစ်ဦးက လူမှုကွန်ရက်စာမျက်နှာမှတဆင့် အသိပေးထားသည်။

ပြည်တွင်းအခွန်များဦးစီးဌာန ၏ နာမည်အသုံးချပြီး အွန်လိုင်းလိ-မ်လ-ည်မှုများ ဖြစ်ပွားနေသိသည့်အတွက် ပြည်သူများအနေဖြင့် ကိုယ်ရေးအချက်အလက်များကို ဆက်သွယ်တောင်းခံသူများကို လုံးဝပေးဆောင်ခြင်းမပြုလုပ်ဘဲ အခွန်ဦးစီးဌာနမှူးရုံးများကို ဆက်သွယ်စုံစမ်းကြရန် ပြည်တွင်းအ ခွန်များဦးစီးဌာနက အသိပေးထားသည်။

မိမိ၏ ကိုယ်ရေးအချက်အလက်များကို အွန်လိုင်းမှ မျှဝေမှုမျိုးမလုပ်ဆောင်ကြရန် ဆက်သွယ်ရေးအော်ပရေတာများမှလည်း အသိပေးမှုများလုပ်ဆောင်လျက် ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်က ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံ

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်က ဇွန် ၁၆ ရက် နေ့လယ်ပိုင်းတွင် ဂုဏ်ပြုနေ့လယ်စာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ အဆိုပါ ဂုဏ်ပြုနေ့လယ်စာစားပွဲကို ပေကျင်းမြို့၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံခေါင်းဆောင်များ၏ တွေ့ဆုံဆွေးနွေးမှုများအပြီး ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်တို့သည် မြန်မာ-တရုတ် နှစ်နိုင်ငံဆက်ဆံရေး၊ ချစ်ကြည်ရင်းနှီးမှုနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေးအတွက် သဘောတူညီချက်များနှင့် စာချွန်လွှာများ လက်မှတ်ရေးထိုးပွဲများကိုလည်း တက်ရောက်ကြည့်ရှုခဲ့ကြသည်။ ဂုဏ်ပြုနေ့လယ်စာစားပွဲသည် မြန်မာ-တရုတ်...

ထူးကဲဒီရေတက်ချိန် မိုးထစ်ချုန်းရွာနိုင်၍ ရန်ကုန်မြစ်အတွင်း ရေယာဉ်များ သတိပြုသွားလာရန် မိုးဇလသတိပေး

ရန်ကုန်မြို့တွင် ထူးကဲဒီရေတက်မည့် ဇွန် ၁၆ ရက်နှင့် ၁၇ ရက်တို့၌ မိုးထစ်ချုန်းရွာသွန်းနိုင်သဖြင့် ရန်ကုန်မြစ်အတွင်း သွားလာနေသည့် ရေယာဉ်များအနေဖြင့် အထူးသတိပြု သွားလာကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထုတ်ပြန်ထားသည်။ မိုးဇလ၏ ခန့်မှန်းချက်အရ ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်ဒေသများတွင် ဇွန် ၁၆ ရက် ညနေပိုင်းအထိ မိုးတစ်ကြိမ်မှ နှစ်ကြိမ်အထိ ထစ်ချုန်းရွာသွန်းနိုင်ကြောင်း သိရသည်။ ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးဇလက...

မသန်စွမ်းကျောင်းသား၊ ကျောင်းသူများအတွက် “5B PWDs” ပညာသင်ဆုအစီအစဉ် ရွှေမင်းသားဖောင်ဒေးရှင်း ဖွင့်လှစ်

မသန်စွမ်းသူများ၏ ပညာသင်ကြားခွင့် တန်းတူရရှိရေးနှင့် ဘဝဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) က “Building Bridges by Breaking Barriers - 5B PWDs Scholarship Program” ပညာသင်ဆုအစီအစဉ်ကို ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇွန် ၁၆ ရက်တွင် ထုတ်ပြန်ကြေညာသည်။ အဆိုပါ ပညာသင်ဆုအစီအစဉ်ကို မသန်စွမ်းအဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ပညာသင်ကြားရန် ငွေကြေးအထောက်အပံ့ လိုအပ်နေသည့် Grade 8 မှ Grade...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071